အော်ဆွေး
9500 (ကျပ်)
“အချစ်ရယ်၊ အရက်ရယ်၊ လောင်းကစားရယ်အတော်လေး တူညီကြသည်။ စွဲလမ်းတတ်တဲ့ အရာတွေချည်းပဲ။ အစပိုင်းမှာတော့ ဟုတ်မလိုလိုနဲ့ နောက်တော့မှ လှိမ့်ခံရတဲ့နေရာမှာလည်း ဘာထူးလဲ။ အစမလုပ်ဘဲ နေခဲ့မိရင် အကောင်းသားလို့ နောင်တရမိတဲ့နေရာမှာလည်း တစ်ထပ်တည်းပဲ။ ဖြတ်မယ် ဖြတ်မယ်နဲ့ ကြွေးကျော်ရင်း လစ်မစ်တိုးလာတဲ့နေရာမှာရော။” အဲ့ဒီလို ခပ်ပြင်းပြင်းစာသားတွေနဲ့ ရေးဖွဲ့ထားတဲ့ ဆရာမင်းလူရဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
| စာမျက်နှာ | 191 (woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.3 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | ငါတို့စာပေ၊ 2025 ဩဂုတ်လ (စတုတ္ထအကြိမ်) |
4 in stock





Hla Myat Mon –
အော်ဆွေး
အချစ်ရယ် အရက်ရယ် လောင်းကစားရယ်က တော်တော်ကလေး တူညီကြတယ် ။ စွဲစေတတ်တဲ့ အရာတွေ ချည်းပဲ ဆိုတဲ့ စာလေးနဲ့ စထားတဲ့ ဆရာမင်းလူရဲ့ အော်ဆွေး ဝတ္ထုကို အစကလေး ဖတ်လိုက်တာနဲ့ ကျွန်မ သဘောကျသွားခဲ့ပါတယ်။
ကျွန်မတို့နဲ့ အရမ်းကြီး မဝေးကွာလွန်းတဲ့ တစ်ခေတ်တခါက ရန်ကုန်တက္ကသိုလ်မှာ အစပြုခဲ့တဲ့ အချစ်ဇာတ်လမ်းလေးပေါ့။ အချစ်ဇာတ်လမ်းဆိုပေမယ့် ပေါပေါလောလော ဇာတ်လမ်းမဟုတ်သလို မာန်မာနတွေနဲ့ အားပြိုင်နေတဲ့ ဇာတ်လမ်းမျိုး မဟုတ်ပါဘူး။ ယောကျာ်းတစ်ယောက်ရဲ့ ဘာမှန်းမသိတဲ့အဖြေ တစ်ခုအတွက်နဲ့ ဇွဲမလျော့ခဲ့တဲ့ အချစ်ကို လေးစားစရာကောင်းအောင် ဟာသလေးတွေ နှောပြီး ရေးထားတဲ့ ဆရာ့ရဲ့ အချစ်ဝတ္ထုကောင်းလေးတစ်ပုဒ်ပါ။
ရန်ကုန်တက္ကသိုလ်ရဲ့ ပန်းကလေးတွေထဲမှ တစ်ပွင့်ဖြစ်တဲ့ မြမြဖူး။ မြမြဖူးရဲ့ အလှက အခြားကျောင်းတွေ အထိပါ သတင်းမွှေးတယ်။ မြမြဖူးအတွက် စာတွေကို သိပ္ပံဆောင်ရဲ့ ကြော်ငြာဆိုင်းဘုတ်မှာ စာပုံးတစ်ခုချိတ်ပြီး စာထည့်ကြတယ် ။ အာ့အထဲမှာမှ မြမြဖူးကို စိတ်ဝင်စားမိတဲ့ ကောင်လေး ချစ်နိုး။ သူလဲ မြမြဖူးအတွက် ရည်ရွယ်ထားတဲ့စာကို ထည့်မိရာကနေ စာလုံးပေါင်းမှားတဲ့အတွက် မြမြဖူးရဲ့ ခေါ်အပြောခံရာကနေ ဇာတ်လမ်းလေး စတယ်။
ထိုခေတ်က ကိုယ်ချစ်တဲ့ မိန်းကလေးရဲ့ အပြုံးလေး မြင်ရဖို့တောင် ခက်ခဲခဲ့တဲ့ အဖြစ်ကလေးတွေက ချစ်စရာကောင်းနေပါတယ်။ ဒီကောင်မလေးအတွက် အရာရာကို ကူညီပေး မငြိုမငြင် လုပ်ပေးပြီး ပင်ပန်းနေရင်တောင် သူ့မျက်နှာမြင်ရင် ဆယ်ခါပြန်တောင် ကူညီမယ်ဆိုပြီး မမောနိုင်မပန်းနိုင် ဖြစ်နေပုံလေးတွေကို ဟာသနှောပြီး ရေးထားတဲ့အတွက် ပရိသတ်ကို မပျင်းရိစေပဲ ဆွဲဆောင်သွားနိုင်တယ်။
တက္ကသိုလ်က စခဲ့တဲ့ အချစ်ဇာတ်လမ်းက အချိန်တွေ ကုန်မှန်းမသိ ကုန်ရင်း ချစ်နိုးကလဲ ဒီပန်းလေးကိုပဲ အမြတ်တနိုး မျှော်လင့်ပြီး သုံးဆယ်ကျော်ခဲ့တဲ့ လူပျိုကြီး အဖြစ် တွေ့ရပါတယ်။
လူပျိုကြီး အပျိုကြီးတွေ အကြောင်းကိုလဲ လူ့သဘာဝ အတိုင်း အပြောင်အပျက်လေးတွေ ထည့်ရင်း ပရိသတ်ကို ဘဝအမောတွေပြေစေတဲ့ ဆရာ့ရဲ့ စေတနာလေးတွေကိုလဲ တွေ့ရပါတယ်။
အချစ်ဆိုတာ ဘာမှန်း တခါမှ မခံစားဖူးတဲ့ မြမြဖူးရဲ့ အချစ်ကို ဇွဲကြီးလှတဲ့ ကိုချစ်နိုး တစ်ယောက် ရပါ့မလားဆိုတာကို ဇာတ်လမ်း အစကနေ အဆုံးထိ မျှော်တလင့်လင့်နဲ့ ဆွဲခေါ်သွားနိုင်တယ်။ ဇာတ်သိမ်းခါနီး မြမြဖူး တစ်ယောက် ဆေးရုံတတ်ရပြီး ချစ်နိုးအတွက် ကံကြမ္မာက မျက်နှာသာပေးမလားမပေးဘူးလားဆိုတာကို သိချင်စိတ် ပြင်းပြအောင် ရေးသားထားတဲ့ ဆရာ့စာအုပ်လေးကို အချိန်ရရင် ဖတ်စေချင်ပါတယ်။