အမည်မဖော်လိုသူအချစ်
10000 (ကျပ်)
ယခုစာအုပ်တွင် အဓိက ဇာတ်ကောင်အတွဲနှစ်တွဲ၏ အိမ်တွင်းရေး ပြဿနာများဖြင့် အစပြုထားသည်။ တစ်တွဲမှာ စာရေးဆရာဖြစ်ရန် စိတ်ကူးယဉ်နေပြီး အလုပ်မလုပ်ချင်သူ ကိုအောင်ထူးနှင့် သူ၏ဇနီး မုန့်ဟင်းခါးရောင်း၍ အိမ်ကိုထောက်ပံ့နေရသူ မမွှေးတို့ စုံတွဲဖြစ်သည်။ နောက်တစ်တွဲမှာ အိမ်မှုကိစ္စ ဘာမှမလုပ်ဘဲ အတင်းပြောခြင်းကိုသာ ဝါသနာပါသော ဇနီးငယ် ချွဲချွဲနှင့် သူ့အတွက် အစစအရာရာ လုပ်ကိုင်ပေးနေရသော ခင်ပွန်း ကိုစံပတို့ ဖြစ်သည်။
သည်းမခံနိုင်တော့သည့်အဆုံး ကိုအောင်ထူးမှာ မမွှေး၏ ထွေးခံနှင့် အပေါက်ခံရပြီးနောက် အိမ်မှထွက်လာခဲ့ရပြီး၊ ကိုစံပမှာလည်း “ဇနီးရောင်းရန်” ဟု ဆိုင်းဘုတ်တင်ကာ အရှက်ခွဲလိုက်သဖြင့် ချွဲချွဲက အိမ်ပေါ်မှ ဆင်းသွားခဲ့သည်။ ချွဲချွဲသည် မမွှေး၏အိမ်သို့ သွားရောက်ခိုလှုံခဲ့ပြီး၊ ခင်ပွန်းများဖြစ်သော ကိုအောင်ထူးနှင့် ကိုစံပတို့မှာ အတူတူပေါင်းမိကြသည်။
လက်ထဲတွင် ငွေကြေးပြတ်လပ်လာသောအခါ ကိုအောင်ထူး၏ အကြံဉာဏ်အတိုင်း “အသည်းကွဲ အကျိုးဆောင်လုပ်ငန်း” ကို တည်ထောင်ခဲ့ကြသည်။ သူတို့ထံသို့ အကူအညီတောင်းရန် ရောက်ရှိလာသူများ ရှိသော်လည်း အကြံဉာဏ်ပေးမှုများမှာ မအောင်မြင်သည့်အပြင် အလွဲလွဲအချော်ချော် ဖြစ်ခဲ့ကြသည်။ သို့သော်လည်း ဇာတ်လမ်းများမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်နွယ်နေပြီး နောက်ဆုံးတွင် အဖြေထွက်သွားခဲ့သည်။
“အမည်မဖော်လိုသူ အချစ်” သည် ဆရာမင်းလူ၏ ဟန်အတိုင်း အချစ်နှင့်ဟာသ ရောစပ်ထားသော ဝတ္ထု ဖြစ်သည်။ အိမ်ထောင်ရေး ပြဿနာများမှ မထင်မှတ်ဘဲ အချစ်ရေး အကျိုးဆောင်လုပ်ငန်းတစ်ခု ဖြစ်ပေါ်လာပုံနှင့် ထိုလုပ်ငန်းမှတစ်ဆင့် တွေ့ကြုံရသည့် ချစ်ခြင်းမေတ္တာဆိုင်ရာ အရှုပ်အထွေးများကို ရယ်စရာကောင်းအောင် ရေးဖွဲ့ထားသည်။
| စာမျက်နှာ | 192 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.4 × 0.3 × 8.3 inches |
| ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2025 စက်တင်ဘာလ၊ (ဒုတိယအကြိမ်) |
3 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ