ကံ့ကော်နီ

( 0 မှတ်ချက်)

2800 (ကျပ်)

ကံ့ကော်ပင်ကြီးက မြေမှာပေါက်နေခြင်း မဟုတ်။
ရေတွင်းပျက်ကြီးထဲက ထိုးထွက်နေခြင်းဖြစ်၏။ ကံ့ကော်ပွင့်က တစ်ပွင့်တည်းသာ ကျန်တော့သည်။ အနားကပ်သွားပြီး ခူးမယ်လုပ်တော့ ကတ်ပြားလေးတစ်ခု ချိတ်ဆွဲထားတာ တွေ့ရသည်။
‘ပိုင်ရှင်ရှိသည် .. မခူးရ’
သူစိတ်ပျက်ပြီး ပြန်အလှည့်တွင် သူ့ရှေ့မှာ တစ်စုံတစ်ယောက်က ရပ်စောင့်နေသည်။ ထိုသူ၏ မျက်နှာရှေ့မှာ ရေခိုးရေငွေ့တွေလို အရာများက ကာရံထားသဖြင့် ရှင်းရှင်းလင်းလင်းမမြင်ရ။ ထိုသူက –
“နင့်ဆန္ဒအတိုင်း ငါ့မျက်နှာကို ဘယ်တော့မှ မမြင်မတွေ့စေရဘူးလို့ ကတိပေးခဲ့တာကို ယုံပြီ မဟုတ်လားဟင်” ဟု ပြောသည်။ မျက်နှာကို မမြင်ရပေမယ့် အသံကိုတော့ ကြားရတာပဲ။ သည်အသံကို မှတ်မိသည်။ ထိုသူက –
“နင့်ကို ငါ ပန်းပေးပါတယ်” ဆိုပြီး ကံ့ကော်တစ်ပွင့် လှမ်းပေးသည်။ သူ့လက်ထဲက ကံ့ကော်ပွင့်သည် အဖြူရောင်မဟုတ်။ အနီရောင်။
ရဲရဲနီနေသော ပန်းတစ်ပွင့်။
ကံ့ကော်နီ 🌺 …

စိုးချစ်၊ ခင်မေတင့်၊ မေရီအောင်တို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းရိုးရိုးလေးကို ဆရာမင်းလူရဲ့ ကလောင်စွမ်းနဲ့ ကာလဒေသနောက်ခံ ကံ့ကော်ပင်ကြီးနဲ့ ရေတွင်းပျက်ကြီးရှိရာ ရန်ကုန်မြို့ရဲ့ ရပ်ကွက်တစ်ခုမှာ ကျောင်းတက်ဖော် ငယ်သူငယ်ချင်းတွေရဲ့ ဇာတ်လမ်းတွေ ခြံရံလိုက်တော့ အလွန်ပင် ချစ်စဖွယ်ကောင်းတဲ့ ‘ကံ့ကော်နီ’ 🌺 ဖြစ်လာရပါတယ်။

စာမျက်နှာ

157

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.4 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2020 အောက်တိုဘာလ (စတုတ္ထ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကံ့ကော်နီ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မင်းလူ စာအုပ်များ