ငှက်ကလေး

( 3 မှတ်ချက်)

3000 (ကျပ်)

စာမျက်နှာ

218

စာအုပ်အရွယ်အစား

5.5 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2017 ဇူလိုင်လ (ပဉ္စမ-ကြိမ်)

Out of stock

ငှက်ကလေး အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. ကလေးစိတ်ပညာ နှင့် ပညာရေး

    #ကလေးစိတ်ပညာဆိုင်ရာ စာအုပ် Revew
    ———————————————-
    မိဘ ဆရာတိုင်း ဖတ်သင့်တဲ့ စာအုပ်လေးပါ။
    ———————————————-
    ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုရင် ကလေးတွေရဲ့ အတွေးတွေကို သိနားလည်ထားဖို့လိုအပ်ပါတယ်။
    ဒါကြောင့် ယခုအပတ်ထဲမှာ ဖတ်ဖြစ်ထားတဲ့ ကလေးစိတ်ပညာဆိုင်ရာ စာအုပ်လေးတစ်အုပ်ကို Revew ပြန်ရေးလိုက်ပါတယ်။
    စာအုပ်အမည် = ငှက်ကလေး
    စာရေးဆရာ = ဆရာမင်းလူ
    စာပေအမျိုးအစား = ဝတ္ထုဇာတ်လမ်းရှည်
    ဒီစာအုပ်မှာ မှတ်သားရမှာတွေက–
    ညီညီဆိုတဲ့ ခြောက်တန်းကျောင်းသားလေးတစ်ယောက်။
    (၁) သူ့အပေါ်ကောင်းတဲ့ ဆရာတွေနဲ့ သူ့ဆိုအမြဲအပြစ်ပဲပြောတဲ့ ဆရာတွေအပေါ် မြင်တဲ့ သူရဲ့အမြင်နဲ့ သူရဲ့အတွေးတွေ တုန့်ပြန်ပုံတွေကို ယှဉ်ပြီး မှတ်သားရမယ်။
    (၂) မိခင်နဲ့ ဖခင်ကြားက အဆင်မပြေမှုကြောင့် သားတစ်ယောက်ရဲ့ ခံစားချက်နဲ့ အတွေးတွေ။ သူများမိသားစုတွေ မြင်တိုင်း ကိုယ့်မိသားစုရဲ့ အဆင်မပြေပုံတွေ ပြန်သတိရပြီး အာငယ်တဲ့စိတ်နဲ့ ဖြစ်ပေါ်လက်တတ်တဲ့ အတွေးတွေကို လေ့လာခွင့်ရမယ်။
    (၃) ကလေးငယ် အားငယ်နေတာ သတိထားမိပြီး ကလေးကိုအထူး စောင့်ရှောက်ပေးရှာတဲ့ ဦးမောင်ဆိုသည် လူကြီးတစ်ယောက်ရဲ့ ကလေးစိတ်ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်ပေးပုံတွေ။
    (၄) ငွေရှာဖို့သာသိပြီး ဇနီးနဲ့သားရဲ့ ခံစားချက်တွေကို နားလည်မပေးနိုင်ဘဲ မိသားစုချစ်ခြင်းမေတ္တာကို မဖန်တီးနိုင်တဲ့ ဖခင်တစ်ယောက်ရဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေ။
    (၅) မိမိရဲ့ စိတ်ဆင်းမှုကိုသာ ပယ်ဖျောက်ဖို့ တရားပွဲပဲသွားနေပြီး သားတစ်ယောက်ရဲ့ ခံစားချက်ကို နာမလည်တဲ့ မိခင်တစ်ယောက်ရဲ့ လိုအပ်ချက်တွေ။
    (၆) ထူးထူးခြားခြားပြဿနာ မရှိဘဲ သဘောထားလေး မတိုက်ဆိုင်တာနဲ့ ညှိမရဘဲ မိသားစု ပျက်စီးလောက်အောင်ထိ ဦးတည်သွားတဲ့ မိမိဘနှစ်ဦးရဲ့ အားနည်းချက်တွေ။
    (၇) ဒီစာအုပ်ရဲ့ အားသာချက်ကတော့ ဇာတ်လမ်း တစ်ခုလုံး ခြောက်တန်းအရွယ် ကလေးတစ်ယောက်ရဲ့ အတွေးတွေနဲ့ ခံစားချက်တွေကို ဦးစားပေးဖော်ပြပြီး ရေးသွားတာပါပဲ။
    (၈) ဒီဇာတ်လမ်းရဲ့ အဓိကအစိတ်အပိုင်း ကတော့ ဇနီးနဲ့ သားသမီးကို ချစ်သော်လည်း မိမိရဲ့ ချစ်မြတ်နိုးမှုကို မဖော်ပြတတ်တဲ့ ဖခင်တစ်ယောက်ရဲ့ အားနည်းချက်တွေကို ဖော်ပြထားပါတယ်။

    မိဘ ဆရာတိုင်း ဖတ်သင့်တဲ့ စာအုပ်လေးပါ။
    #ကလေးစိတ်ပညာနှင့် ပညာရေး

  2. Wuthmone Phyu

    မိုးလေးအုံ့နေတဲ့အချိန် ဖတ်လိုက်ရတာရော ၊ ကိုယ့်ဇာတိ ပဲခူးကိုနောက်ခံထားပြီး ရေးထားတဲ့ ဇာတ်လမ်းလေးဖြစ်လို့ရော ဇာတ်လမ်းအနေအထားအရရော ဖတ်ရတာ ဆွေးဆွေးမြည့်မြည့်လေးဖြစ်မိပါတယ်။

    မိဘနှစ်ယောက် အဆင်မပြေတဲ့ ဇာတ်လမ်းတွေ အများကြီးထဲကမှ အကြောင်းအရာ ကွဲထွက်နေတဲ့ ဇာတ်လမ်းပုံစံ မျိုးလေး ။ ပြီးတော့ အခြေခံပညာ ကျောင်းတက်တုန်းက လှပတဲ့ အမှတ်တရလေးတွေနဲ့ အတူ ကိုယ့်ကိုကိုယ် “ကိုယ်” လို့ပြောတတ်တဲ့ သိတတ်တဲ့ကလေးတယောက်ရဲ့ ခံစားချက်တွေကို ရေးဖွဲ့ထားတဲ့ စာအုပ်လေးပါ ။

    အရမ်းကြိုက်ပါတယ်။

  3. Thandar Htun (verified owner)

    #BookReview

    ကျွန်မဒီနေ့မှာ ညွှန်းပေးချင်တဲ့ စာအုပ်လေးက ဆရာမင်းလူရဲ့ “ငှက်ကလေး”ဆိုတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်ကို ကိုဒေါင်းနဲ့မယုယတို့ ဆွေးနွေးသွားတာလေးကိုကြည့်ပြီး အရမ်းဖတ်ချင်လာတာနဲ့ ဝယ်ဖတ်ဖြစ်ခဲ့တာပါ။ မိဘနဲ့သာသမီးကြားက ခံစားချက်တွေနဲ့ ပတ်သက်ပြီး ရေးထားတဲ့စာအုပ်တွေဆို အရမ်းကြိုက်တဲ့ ကျွန်မအတွက်တော့ အရမ်းအဆင်ပြေတယ်။

    တစ်ခါတစ်ရံ မိဘနဲ့သားသမီးကြားမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ညှိနှိုင်းတိုင်ပင်တာက အကောင်းဆုံးပါ။ ဒီလိုမဟုတ်ရင်တော့ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ အသိုက်မြုံတစ်ခုထဲမှာ နေနေရသလိုဖြစ်နေမှာပါ။ ဒီလိုအသိုက်ထဲမှာ နေနေရတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူကတော့ ၆တန်းသာရှိသေးတဲ့ ကောင်လေး”ညီညီ”ပါပဲ။

    အသွင်မတူပဲ အကြင်လင်မယားဖြစ်လာတဲ့ မိဘနှစ်ဦးရဲ့ကြားထဲမှာ “ညီညီ”ဆိုတဲ့ကောင်လေးဟာ မြေစာပင်ဖြစ်ခဲ့ရတယ်။ မိဘတွေရဲ့ဆက်ဆံရေးကို နားမလည်ခြင်းပေါင်းများစွာနဲ့ အဖြေတွေရှာနေရတယ်။ အသက်ရွယ်လေးနဲ့မလိုက်ခံစားရတာတွေက ပြင်းထန်လွန်းတယ်။

    “ကိုယ်နဲ့ မေမေစကားပြောသည်။
    ကိုယ်နဲ့ဖေဖေစကားပြောသည်။
    ဖေဖေနဲ့မေမေ စကားမပြောကြပါ။
    ကိုယ်ရယ်၊မေမေရယ်၊ဖေဖေရယ် သုံးယောက်ဆုံပြီးတော့လည်း စကားမပြောကြပါ။”

    ကဲ ဒီလိုအခြေနေရှိနေတဲ့မိသားစုကြားမှာ ရှင်သန်နေရတဲ့ ကောင်လေးတစ်ယောက်ရဲ့ ခံစားမှုဟာ ဘယ်လောက်တောင် အထီးကျန်နေလိုက်မလဲ။ ကျွန်မကိုယ်တိုင် စာဖတ်ရင် “ညီညီ” နေရာကို ဝင်ခံစားမိတယ်။ ဒီလိုအဆင်မပြေတဲ့ မိသားစုလေးကြောင်းကို ရသမြောက်အောင် ရေးထားတဲ့ ဆရာမင်းလူရဲ့ အရေးသားကလဲ အရမ်းကောင်းလွန်းပါတယ်။

    ခံစားမှုအပြည့်ရစေတဲ့ စာအုပ်လေးပါ။ “ညီညီ”လို ငှက်ကလေးများ နောက်ထပ်မရှိပါစေနဲ့လို့လဲ မိုဟာဆုတောင်းမိတယ်။ အားလုံးလဲ မဖတ်ရသေးရင် ဖတ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။

    #ငှက်ကလေး
    #မင်းလူ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

မင်းလူ စာအုပ်များ