သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့

( 0 မှတ်ချက်)

6500 (ကျပ်)

ဒီစာအုပ်ဟာ ထောင်ထွက် ကျောင်းသားတစ်ယောက်ရဲ့ အိမ်ပြန်ခရီး အကြောင်း ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အပြင်ရောက်လာတဲ့အခါ အချိန်တစ်ခု ကင်းကွာနေခဲ့တဲ့ ပတ်ဝန်းကျင်၊ မိသားစု၊ ဘဝနေထိုင်မှုတို့ကြား ကြုံဆုံရတဲ့ ဖြတ်သန်းမှုတစ်ခုအကြောင်း ဖတ်ရမှာပါ။ စာအုပ်အကြောင်းအရာနှင့် ပတ်သက်ပြီး စာအုပ်အမှာစာထဲမှ စာသားအချို့ကို ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။

“လေရှူရတာက အစမတူ၊ မတူတာကိုပင် အနေကြာခဲ့သည့်အထဲက အောက်သိုးသိုးအနံ့ကိုပဲ သတိရ စွဲလမ်းနေသလို၊ လွတ်လပ်သန့်စင်မှုကို၊ မျက်နှာစိမ်းနေ၍ မနေတတ် မထိုင်တတ် ဖြစ်နေပုံမှာ ကြုံဖူးသူက ပိုနားလည်သည်ဟု ပြောရမလိုဖြစ်နေသည်။

မွေ့ရာနှင့် မအိပ်တတ်၊ ခြင်ထောင်ကြီး ကြည့်ပြီး ငူငိုင်နေသောအဖြစ်၊ ကြမ်းပိုးမကိုက်၊ ခြင်သံ တဝီဝီ မကြားဘဲ အိပ်လို့ရပါ့မလား ဟူသည့် သာမန်လူတွေ နားမလည်နိုင်သည့် လွဲချော်မှု။ (လူကို ခြင်ထောင်ကြီး အုပ်ထားသဖြင့် မလွတ်လပ်ဟု ထင်နေသည်။ ခြင်ထောင်တဲ့။ ထောင်ဆိုသော စကားလုံးနှင့် လွတ်ပဲ မလွတ်နိုင်)ဟု သူရေးသောအခါ တိုက်ဆိုင်လိုက်လေဟု ခံစားရပြန်သည်။ “

” ခုမှ သတိထားကြည့်ရတော့သည် မမြင်ရတာ ကြာပြီဖြစ်သော မိန်းမ၊ ကလေးနှင့် ခွေး၊ မိန်းမကြီး-ငယ် တို့ အားလုံးတို့သည် ကျွန်တော့်မျက်စိထဲ လှပနေကြသည်။ ဖုန်အလိမ်းလိမ်း နှပ်ချေးတွဲလောင်းနနှင့် ကလေး နှစ်ယောက်စ၊ သုံးယောက်စကို တွေ့ရ၏။ စိတ်ထဲတွင် ချစ်စရာကလေးတွေဟု ထင်သည်”

စာမျက်နှာ

164

စာအုပ်အရွယ်အစား

5x 0.3 x 7.5 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2018 ဖေဖော်ဝါရီလ (တ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

17.5.2024 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 6500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မင်းလူ စာအုပ်များ