ရယ်မောခြင်းလက်ကျန်

( 2 မှတ်ချက်)

2500 (ကျပ်)

စာမျက်နှာ

188

စာအုပ်အရွယ်အစား

5.6 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2018 မေလ (တ-ကြိမ်)

8 in stock

ရယ်မောခြင်းလက်ကျန် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Wuthmone Phyu

    သဘောကျစရာ ဝတ္ထုတိုလေး တွေစုစည်းရေးသားထားခြင်းဖြစ်ပြီး နေပူမိုးရွာ၊ ကူညီပါရစေ ၊ ဘုန်းကြီးပါးစပ် ၊ ဒုံရင်း ဒုံရင်း ဆိုပြီး ၄ပုဒ် ပါဝင်ပါတယ်။

    ရယ်မောစရာ ဝတ္ထုလေးတွေ ဆိုတာထက် ချစ်စရာ ခင်စရာ သဘောကျစရာ ပြီးတော့ ဘုန်းကြီးပါးစပ် ဝတ္ထုမှာဆိုရင် ကထိန်နဲ့ ပတ်သက်ပြီး ဗဟုသုတရစရာ ..အဲ့ဒီလို အချက်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ဝတ္ထုလေးတွေပါ..။

    အိမ်ကစာအုပ်စင်မှာ ထားဖို့ကောင်းတဲ့ သဘောကျနှစ်သက်ဖွယ်ရာ စာအုပ်လေးတစ်အုပ်ပါ..။

  2. Aye Myint Moe

    ဆရာက ဒီစာအုပ်လေးမှာ ၀တ္ထုလေးပုဒ်ကိုစုစည်းထားတာပါ။
    တစ်ပုဒ်ချင်းဆီကတော့ ရယ်မောခြင်းလက်ကျန်ဆိုတဲ့အတိုင်း ရယ်မောပျော်ရွှင်ရတဲ့အဖြစ်အပျက်လေးတွေကိုဖတ်ရှုရမှာပါ။

    ပထဆုံးဇာတ်လမ်းဖြစ်တဲ့ ” နေပူမိုးရွာ ” ဆိုရင် ထောင်ထဲကလူတစ်စုခိုးမှုတွေကိုယ်စီနဲ့ထောင်ကျပြီး သူတို့ရဲ့ကိုယ်တွေ့ဖြစ်ရပ်လေးတွေကိုဟာသအဖြစ်နဲ့ရေးထားတာပါ…တစ်ခါတစ်လေကျရင် မကောင်းမှုတွေလုပ်မိပြီးတော့ လူတွေကကျဥ်းထဲကြပ်ထဲရောက်တဲ့အခါ အလွယ်ကူဆုံးအရာတောင်မှခက်ခဲတက်တာတွေကိုရေးဖွဲ့ထားတယ်။

    ဒုတိယ ” ကူညီပါရစေ ” ဆိုတာလေး အောင်ဘာလေတစ်ယောက်မွေးလာထဲက ကူညီခြင်းသန္ဓေနဲ့မွေးဖွားလာခဲ့ပြီး အရာရာမှာအလွဲအမှားလေးတွေရှိပေမယ့်လည်း ဒုက္ခရောက်တဲ့အချိန်မှာတောင် သူ့ကိုယ်ပြန်ကူညီမယ့်သူတွေရှိတယ်ဆိုတာကိုရေးဖွဲ့ထားတာပါ။ ဒါလေးရဲ့ဇာတ်လမ်းအပြည့်အစုံကိုတော့ အောင်ဘာလေ ဆိုတဲ့ စာအုပ်လေးကိုဖတ်ရင်အပြည့်အ၀ခံစားရမှာပါ။
    ဒါဆိုရင်တော့ ကျန်တဲ့ဇာတ်လမ်းနှစ်ပုဒ်ကိုပါစိတ်၀င်စားတယ်ဆိုရင် ဆရာမင်းလူရဲ့ ” ရယ်မောခြင်းလက်ကျန် ” ကိုဖတ်ရှု့နိုင်ပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မင်းလူ စာအုပ်များ