ရယ်မောခြင်းပေါင်းချုပ်

( 1 မှတ်ချက်)

9500 (ကျပ်)

စာမျက်နှာ

577

စာအုပ်အရွယ်အစား

7.5 x 0.5 x 10.2 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2016 နိုဝင်ဘာလ (ဒု-ကြိမ်)

Out of stock

ရယ်မောခြင်းပေါင်းချုပ် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Wuthmone Phyu

    ဆရာမင်းလူရဲ့ ထင်ရှားတဲ့ စာအုပ်တစ်အုပ်ပါ။ “ဍ” ရပ်ကွက်သားတွေရဲ့ နေ့စဉ်အဖြစ်အပျက်တွေကို ရယ်စရာ မောစရာ ၊ ချစ်ခင် ဖွယ်ရာကောင်းစွာ ဖတ်ရှုလိုက်ရပါတယ်။ အတော်သဘောကျမိတဲ့စာအုပ်လေးပါ။

    ကိုကြီးငွေ ၊ ကိုစာကလေး ၊မောင်ဝ ၊ ဦးသာဗြော့ ၊ ပတေး ၊ကျော်ကွန့် ၊ မသီး ၊ လှထုံ ၊ ဦးကုလား၊ ဓာတ်ခဲ ၊မပွေး စတဲ့ ဇာတ်လိုက်ကျော်ကြီးတွေနဲ့အတူ သူတို့ရဲ့ ရိုးရှင်းတဲ့ ဘဝနေထိုင်မှုပုံစံကိုဖတ်ရတာ ဟန်ဆောင်မှု အငွေ့အသက်တွေမပါ ၊ ကိန်းကြီးခန်းကြီးမနိုင်ပဲ ပေါ့ပါးတဲ့ ခံစားချက်ကိုရစေပါတယ်။ကိုယ်တိုင်က အဲဒီလိုနေရာကနေ ကြီးပြင်းခဲ့ရတာမို့ ငယ်ဘဝကိုတောင်အမှတ်ရမိပါတယ်။ဒေါ က်တာတုတ်ခိုင်ရဲ့ စေတနာကောင်းပုံကိုသဘောကျမိသလို ဦးကျော်မိုး ရဲ့ လူငယ်တွေနဲ့ ချစ်ချစ်ခင်ခင်နေပုံကိုလည်း နှစ်သက်မိပါတယ်။မောင်ဝ ကတော့ အားလုံးထဲမှာ ကျွန်မအကြိုက်ဆုံး ဇာတ်လိုက်ကျော်ကြီးပါ။ အပုဒ်တိုင်း..အပုဒ်တိုင်း..ကို အတော်သဘောကျမိပြီး.သဘောကျမိတဲ့အချက်တွေပြောရင်လည်း ကုန်နိုင်မယ်မထင်ပါဘူး။

    နောက်တချက် အတော်သဘောကျမိတာကတော့ သရုပ်ဖော်ပုံလေးတွေပါ ။ ဆရာစောမင်းဝေရဲ့ လက်ရာ ကာတွန်းပုံလေးတွေကို သုံးထားတာ အရမ်းမိုက်ပါတယ်။ ကျွန်မဆို စာတစ်ပုဒ်ဖတ်လိုက် ၊ စာဆုံးပြီ ဆိုရင် အစမှာ ဆွဲထားတဲ့ပုံလေးတွေကိုပြန်ကြည့်ပြီး အဓိပ္ပါယ်ဖော်လိုက်နဲ့ တပုဒ်ပြီးတပုဒ် ဘယ်လိုပြီးသွားမှန်းတောင်မသိပါဘူး။

    အဲ့ဒီခေတ် အဲ့ဒီအခါမှာ ရပ်တန့်မနေပဲ ဒီနေ့အချိန်အထိသာ “ဍ” ရပ်ကွက်သားတွေရှိမယ်ဆိုရင် ဒီ covid 19 ရောဂါကြီး အကြောင်းကို ဘယ်လိုဆွေးနွေးနေကြမလဲ ပုံဖော်နေမိတယ်..ကိုကြီးငွေကတော့ ထုံးစံအတိုင်း ဒါက ဒီလို ရှိတယ် .ဆိုပြီးဆရာလုပ်နေမှာပေါ့ .ဟိုဖက်ရပ်ကွက်က သူ့ရန်သူတော် ကို စာကလေးကရော ဘာတွေလုပ်နေလောက်လဲ ….ပဲပြုတ်သည်ဒေါ်စိန်ကတော့ ကြားဖူးနားဝကို တအိမ်တက်ဆင်းလျှောက်ပြောလိမ့်မယ်….ဦးကုလားကတော့ ထုံးစံအတိုင်း အလှူငွေဒိုင်ခံထည့်မှာပေါ့။ မောင်ဝကတော့ ငဗစ်မက လို့ ဘာဖြစ်ဖြစ် လက်သီးနဲ့ သုံးချက် ထိုးမယ်လို့ ကြွေးကြော်နေမှာပဲ…..လှထုံကတော့ “ပေါ့စတစ်” ကို “ပလတ်စတစ်” ဆိုပြီးပြောရင်ပြောနေမှာ.:D.(covid 19 လည်းမြန်မြန်ပြီးပါစေတော့)

    .ဘာပဲဖြစ်ဖြစ်..တကယ် ကောင်းတဲ့ ..သဘာဝကျကျ ဟာသရသမြောက်တဲ့..အကြိုက်ဆုံးစာအုပ်..ဆရာမင်းလူရဲ့လက်ရာတွေထဲက အကောင်းဆုံးတစ်ခုပါ..အရမ်းကောင်းတဲ့ ငှက်ကလေးထက်တောင် ဖတ်ရတာ ပိုမက်မောမိပါတယ်…

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မင်းလူ စာအုပ်များ