ရွှေပြည်တော်မျှော်တိုင်းဝေး (ပထမတွဲ)
16000 (ကျပ်)
ဆွတ်ပျံ့ ကြည်နူးဖွယ်ရာ အချစ်ဝတ္ထုလည်း ဖြစ်သော၊စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားခန်း ဝတ္ထုလည်း ဖြစ်သော၊ဆန်းဆန်းပြားပြား လျှို့ဝှက်သည်းဖို ဝတ္ထုလည်း ဖြစ်သော၊တိုက်ပွဲခန်းများနှင့် စစ်ဝတ္ထုလည်း ဖြစ်သောရွှေပြည်တော်မျှော်တိုင်းဝေး ဝတ္ထုကြီးသည် သမိုင်း နောက်ခံ ဝတ္ထုကြီး တပုဒ်လည်း ဖြစ်သည်။အိန္ဒိယပြည်ကို နောက်ခံထား၍ ရေးသားထားသောဤဝတ္ထုတွင် ဇာတ်ဆောင်များမှာအဂ်လိပ် စစ်ဗိုလ်ကလေး အက်ရှ်နှင့်အိန္ဒိယ မဟာရာဇာ တဦး၏ ကပြားသွေးစပ်သောသမီးတော် တဦး ဖြစ်သည့် ဇူလီတို့ ဖြစ်သည်။အက်ရှ်သည် အိန္ဒိယပြည် ဟိမဝန္တာ တောင်စောင်း တနေရာတောကြီးမျက်မည်းထဲတွင် မွေးဖွားသူ ဖြစ်ပြီးသူ မွေးပြီး မကြာမီတွင် အဖေရော အမေပါဆုံးသွားသဖြင့် အာယားမ သီတာက မွေးစားခဲ့ရသည်။ထို့ကြောင့် အက်ရှ်သည် သွေးက အင်္ဂလိပ်သွေး ဖြစ်သော်လည်းစိတ်က အိန္ဒိယစိတ် ဖြစ်နေသည်။အိန္ဒိယ တပ်တွင်း ပုန်ကန်မှုကြီး ဖြစ်ပွားသည့် အခါသီတာက သူ့ကို အိန္ဒိယ တိုင်းရင်းသားကလေး အဖြစ်အယောင်ဆောင်ခိုင်းပြီး ကြီးပြင်းအောင် မွေးခဲ့ရသည်။သူ၏ ငယ်ဘဝတွင် အက်ရှ်သည် ဇူလီနှင့် တွေ့ကာကစားဖော် ကစားဖက်များ ဖြစ်လာခဲ့ကြသည်။နောက်ပိုင်းတွင် အက်ရှ်သည်ဘိလပ်သို့ သွားရောက် ပညာ သင်ကြားပြီးအိန္ဒိယသို့ ပြန်ရောက်ချိန်တွင်နယ်ခြားစောင့် တပ်တွင် အမှုထမ်းနေသည်။နောက်ပိုင်းတွင် ဇူလီနှင့် ဆန်းကြယ်စွာ ပြန်ဆုံစည်းခဲ့သည်။ဇူလီသည် ဘိသော မဟာရာဇာ၏ ကြင်ရာတော် ဖြစ်နေသည့် အတွက် လင်ယောကျ်ား ကွယ်လွန်၍ဟိန္ဒူ ထုံးစံ အရ မီးပုံထဲ ခုန်ဆင်းရမည့် အချိန် ဖြစ်နေသည်။အက်ရှ်သည် ဇူလီ့ကို ကယ်တင်နိုင်မည်လား၊ချစ်သူ နှစ်ဦး ပြန်လည် ပေါင်းဖက်နိုင်မည်လား၊ဒေါသ မရှိ၊ လောဘ မရှိ၊ မောဟ မရှိ၊စစ်မက် မရှိ၊ သတ်ဖြတ်မှုတွေ မရှိသည့်ရွှေပြည်တော်ဆီသို့ အရောက် လှမ်းနိုင်ကြမည်လား။
| စာမျက်နှာ | 452 |
|---|---|
| စာအုပ်အရွယ်အစား | 7.2 x 0.8 x 10.2 inches |
| ပုံနှိပ်မှတ်တမ်း | ဘဝတက္ကသိုလ်စာပေ၊ 2022 ဒီဇင်ဘာလ (ပဉ္စမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 1.12.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 16000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
Out of stock





Hein Min Ko –
အရမ်းကောင်းတယ်
Rpym Rpym –
သမိုင်း ယဉ်ကျေးမှုနောက်ခံ ရေးထားတဲ့ ဝတ္ထုပါ အရေးအသားရော ဇာတ်လမ်းဇာတ်ကွက်ရော တကယ့်ကို ကောင်းလွန်းတဲ့လက်ရာလေးပါ.. ခုနောက်ပိုင်းစာရေးဆရာကြီးတွေ သူတို့လို ရေးနိုင်တဲ့သူမရှိတော့ဘူးထင်ပါတယ်.. အရင်ကဆရာကြီးတွေ တအားတော်လွန်းကြတယ်.. မြန်မာစာအရေးအသားရော ဘာသာပြန်တာတွေရော အဲ့လိုစွဲဆောင်မှုရှိအောင် ရေးနိုင်မယ့်သူတွေ ထွက်ပေါ်လာပါစေလို့ ဆုတောင်းရမယ်..