
လွမ်းမောခဲ့ရသော တက္ကသိုလ် နွေညများ
9000 (ကျပ်)
ယခု၀တ္ထုသည် အမေရိကန်စာရေးဆရာ အီးရစ်ဆီဂယ်၏ ၀တ္ထုကို မြန်မာပြန်ထားခြင်းဖြစ်သည်။ ၀တ္ထု၏နောက်ခံသည် ၁၉၅၄ – ၅၈ ခုနှစ် ဟားဗတ်တက္ကသိုလ်နောက်ခံဖြစ်သည်။ သူနှင့်တစ်တန်းတည်းစာသင်ခဲ့ရသော သူငယ်ချင်းလေးဦးတို့ ဘွဲ့နှင်းသဘင်ယူပြီး ၂၅ နှစ်အကြာ ငွေရတုသဘင်တွင် ပြန်၍ဆုံရပုံ၊ ထို ၂၅ နှစ်အတွင်း ဖြတ်သန်းခဲ့ရသော သူတို့ဘ၀ခရီးတို့ကို ရေးသားထားသည့် ၀တ္ထုဖြစ်သည်။
ယခု၀တ္ထုတွင်ပါဝင်သည့် ဇာတ်ဆောင်တစ်ဦးဖြစ်သူ အင်ဒရူး၊ အဲလီယော့သည် ၁၉၅၄ ခုနှစ်တွင် ဟားဗတ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ (လေးနှစ်သင်တန်းပြီး ဘွဲ့ယူသည့်နှစ်ကို တွက်သဖြင့် သူတို့အသုတ်ကို ကျွန်တော်တို့ခေါ်သလို ၁၉၅၄ ခုနှစ် အတန်းဟုမခေါ်ဘဲ Class of ’58 ၁၉၅၈ ခုနှစ်အတန်းဟု ခေါ်သည်။)
ယခု၀တ္ထုတွင် ဟားဗတ်တက္ကသိုလ်တွင် ကျောင်းတက်ခဲ့ကြပုံ၊ ထိုကျောင်းမှဆင်းပြီး ကွဲကွာသွားကြပုံ၊ ၁၉၅၈ အတန်း၏ ငွေရတုသဘင်တွင် ပြန်တွေ့ကြပုံတို့ကို ရေးသားသည်။
ကံ့ကော်တောနောက်ခံ ကျွန်တော်တို့၀တ္ထုများနှင့် သူတို့တက္ကသိုလ်များ၏ အိုင်ဗီပန်းနွယ်တော နောက်ခံ၀တ္ထုများကို နှိုင်းယှဉ်ဖတ်စေလိုသဖြင့် ယခု၀တ္ထုကို မြန်မာပြန်ရခြင်းဖြစ်ပါသည်။
စာမျက်နှာ | 626 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.9 x 8 inches |
ပုံနှိပ်မှတ်တမ်း | ဘဝတက္ကသိုလ်စာပေ၊ 2017 ဒီဇင်ဘာလ (တ-ကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 1.11.2021 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် ၇၀၀၀ စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
Out of stock
မြသန်းတင့် စာအုပ်များ
-
မြသန်းတင့်
ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်
7000 (ကျပ်)Rated 5.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
မြသန်းတင့်
သုခမြို့တော်
8500 (ကျပ်)Rated 4.50 out of 5 based on 6 customer ratings( 6 မှတ်ချက်) -
မြသန်းတင့်
လေလွင့်သူ
6000 (ကျပ်)Rated 4.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
မြသန်းတင့်
မမ
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ကံကောင်း
6500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လေရူးသုန်သုန် (ပထမတွဲ)
12500 (ကျပ်)Rated 4.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
ချစ်သောယွန်းခင်ခင်
9500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
ကျွန်တော်ဆက်၍ရေးချင်သောဝတ္ထုများ
6000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
လေရူးသုန်သုန် (ဒုတိယတွဲ)
12500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ပီကာဆို၏ ပဉ္စလက်မီးအိမ်
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
စစ်နှင့်ငြိမ်းချမ်းရေး (ပ+ဒု)
40000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
တဂိုး ဝတ္ထုတိုများ
6500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မိန်းမတို့အကြောင်း
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ဝတ္ထုတိုပေါင်းချုပ်-၁ (၁၉၄၉-၁၉၆၁)
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
အလကားလူ
7000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မာယာဘုံ
7500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ကြာညိုနံ့သင်းသော ရေဝတီမ
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရွှေပြည်တော်မျှော်တိုင်းဝေး (ပထမတွဲ)
16000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
မြသန်းတင့်
မီးလောင်မြေ
8000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ဧကရီဖွားစော
5000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
ရွှေပြည်တော်မျှော်တိုင်းဝေး (ဒုတိယတွဲ)
16000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
အမှောင်ရိပ်ဝယ်
6500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
ခန်းဆောင်နီထဲတွင်အိပ်မက် မက်ကြည့်ခြင်း
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
အချစ်မိုးကောင်းကင်
7000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
အရှေ့လေတိုက်သောအခါ
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
တောင်များ၏တောင်ဘက်မှပင်လယ်များ၏မြောက်ဘက်သို့
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
နေထွက်သော ည
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မက္ကဇင်(မ)ဂေါ်ကီ၏ မာလ်ဗာနှင့် ဝတ္ထုတိုများ
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကျော်အောင်
ဆမ်းမားဆက်မွမ်စခန်းတစ်နေရာနှင့် အခြားဝတ္ထုတိုများ
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
တိုက်ပိုင်မောင်ဘဂျမ်းနှင့် စုံထောက်မှုခင်းများပေါင်းချုပ်
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း၏ မှတ်တမ်း
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း၏ သည်းထိတ်ရင်ဖို
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကြည်(ပြင်ဦးလွင်)
မီးဖိုလှည့်ပါနှင့် အခြားဝတ္ထုတိုများ
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း၏ စွန့်စားခန်းများ
8000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ဧကရီပန်းသည်မနှင့် ကျွန်တော်
2700 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း၏ အမှုတွဲများ
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လူများ၊ သက္ကရာဇ်များ – ဘ၀ (၂)
5500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း၏ နောက်ဆုံးဦးညွှတ်ခြင်း
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မောင်ထင်
တောဟေဝန်လယ်နှင့် အခြားဝတ္ထုတိုများ
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း ပြန်လာပြီ
8000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
နိုင်ငံတကာရသစာတမ်းငယ်များ (ဒုတိယတွဲ)
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
သြဂုတ်တစ္ဆေများနှင့် အခြားဝတ္ထုတိုများ
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လက်ဖက်ရည်ဆိုင်
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မြသန်းတင့် ၀တ္တုတိုပေါင်းချုပ် ၂
9500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လူများ၊ သက္ကရာဇ်များ – ဘ၀ (၁)
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လူများ၊ သက္ကရာဇ်များ – ဘ၀ (၅)
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လူများ၊ သက္ကရာဇ်များ – ဘ၀ (၃)
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မြသန်းတင့် ဝတ္ထုတိုပေါင်းချုပ်-၃
8500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လူများ၊ သက္ကရာဇ်များ – ဘ၀ (၄)
7500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ပွင့်တူရွက်တူနှင်းမြူတောင်ခိုးနှင့်နေကြာပွင့်ရိုင်းများ
17000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
mgmg –
Good
Mmtmaotu –
မိမိတို့သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် အောင်မြင်မှုရယူနိုင်ရန် ကြိုးစားနေသော လူပုဂ္ဂိုလ်အသီးသီးတို့၏ ဘ၀ဖြတ်သန်းမှုများကို သိရပြီး ဟန်ချက်ညီသောဘ၀နှင့် အောင်မြင်မှုကို သတိတရားရှိရှိဖြင့် ရရှိစေရန် ကြိုးစားရမည့်အသိကို ရရှိစေပါသည်။ ကိုရိုနာဖြစ်ပွားနေတဲ့ ကာလမှာ ဖတ်ဖြစ်တာမို့ တက္ကသိုလ်မြေကိုလည်း လွမ်းဆွတ်မိပါသည်။ လူငယ်များဖတ်ရှုသင့်ပါသည်။
မလှယမင်းအေး –
ကျောင်းသားဘဝကိုပြန်အမှတ်ရစေသည်
မအိမ့်အိမ့်အောင် –
ဆရာမြသန်းတင့် ဘာသာပြန်သည့်
`လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ´
Erich Segal ရေးသားသော `The Class ´ ဟူသည့်
ဝတ္ထုကို `လွမ်းမောခဲ့ရသာ တက္ကသိုလ်နွေညများ´ဟူသော
အမည်ဖြင့် ဆရာမြသန်းတင့် ဘာသာပြန်ထားသည့် စာအုပ်လေး
တစ်အုပ်အကြောင်းကို ပြောပြချင်ပါတယ်။
ဘာသာပြန်စာအုပ်တွေ သိပ်ဖတ်လေ့မရှိတဲ့သူ ဖြစ်ပေမယ့်လည်း
ဆရာ့ရဲ့ ဘာသာပြန်စွမ်းရည်က သွက်သွက်လေးနဲ့ ဖတ်လိုကောင်းအောင် မြန်မာမှုပြုထားလေတော့ ထင်ထားတာထက် အများကြီး
စောပြီး ဖတ်ပြီးသွားခဲ့တယ်။
လူနည်းနည်း၊ ဇာတ်ကောင်နည်းနည်းကိုသာ မဟုတ်ဘဲ ဇာတ်ကောင်တွေ အများကြီးကို တစ်စုတစ်ဝေးတည်း တွေ့နိုင်လို့ ဖတ်ရတာလည်း ငြီးငွေ့လာခြင်း မဖြစ်ဘဲ ဖတ်လေဖတ်လေ စိတ်ပါဝင်စားလေနဲ့ အဆုံးထိရောက်အောင် ကောင်းကောင်းနဲ့ သွက်သွက်လေး ဆွဲခေါ်သွားနိုင်တယ်။
လူတွေအများကြီးရဲ့ အကြောင်းကို အရွယ်သုံးပါးစလုံးမှာ
ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝ အတွေ့အကြုံတွေနဲ့ယှဉ်ပြီး
လေ့လာခွင့်ရလို့ လတ်ဆတ်တဲ့ ငယ်ရွယ်နုပျိုခြင်းတွေကိုသာမက
လူလတ်ပိုင်းအရွယ် အောင်မြင်မှုတွေ ရရှိဖို့ အစွမ်းကုန်ကြိုးစားနေချိန်မှာ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲအတားအဆီးတွေ၊ ပြန်ပေးလိုက်ရမယ့် ဆုံးရှုံးမှုတွေ စတာတွေကို တကယ်သင်ခန်းစာတွေ ၊
သံဝေဂတွေ ရလောက်အောင်ထိ သိရှိနားလည်သွားစေတယ်။
တတိယအရွယ်ရောက်ချိန်မှာလည်း အရာအားလုံးဟာ အဆုံးရဲ့
အစဖြစ်နေပြီဆိုတဲ့အကြောင်း သတိပေးဖော်ပြထားတာလေးက
ဦးနှောက်ထဲမှာ ဆက်တွေးစရာ အတွေးလေးတွေ ကျန်နေခဲ့စေတယ်။
တက္ကသိုလ်စတက်တဲ့ ပထမနှစ်ကျောင်းသားအရွယ်လေးကစလို့
ငွေရတု နှစ်ပတ်လည် တွေ့ဆုံပွဲအထိ အပတ်စဉ်-၅၈ ကျောင်းသားတွေအားလုံးရဲ့ ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေကို သူ့နေရာနဲ့သူ
အဆင့်ဆင့်ရေးသားတင်ပြထားတာလေးက သူတို့နဲ့အတူ ဘဝရဲ့
အချိန်ကာလတွေအားလုံးကို သူတို့ဖြတ်သန်းခဲ့တဲ့ စိတ်ကူး
အကြံဉာဏ်တွေ အားမာန်တွေနဲ့ အတူလိုက်ပါ ရင်ဆိုင်ဖြတ်သန်း
စေနိုင်တယ်။
ကိုယ့်ရဲ့သွေးကြောတွေထဲမှာလည်း ဇာတ်ကောင်တွေထဲက
ကိုယ်အားကျရတဲ့ တချို့ဇာတ်ကောင်တွေရဲ့ အမူအကျင့်နဲ့
ရဲစွမ်းသတ္တိတွေ စီးဝင်နေကြတယ်။
ဂျော့ ကဲလား လိုမျိုး ကိုယ်တတ်ချင်တဲ့ ဘာသာစကားအသစ်တစ်ခု
ကို တောမှ မြို့သို့ ရောက်လာဖူးခါစ တာဇံလေးတစ်ယောက်လိုမျိုး
အသစ်အဆန်းဟူသမျှ မှတ်မိအောင် အငမ်းမရ လေ့လာကျက်မှတ်သလိုမျိုး လေ့လာချင်စိတ်ပေါက်လာတယ်။
ဂျေဆန် ဂီးဗတ်လိုမျိုး ကိုယ့်ရဲ့ ဖြစ်တည်မှု မျိုးရိုးအမှန်ကို အရှိအတိုင်း လက်ခံနိုင်အောင်ကြိုးစားပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကိုလည်း အသက်နဲ့ရင်းရဲလောက်အောင်ထိ ပေးဆပ်သင့်ရင် ပေးဆပ်ရမယ်ဆိုတဲ့ သတ္တိသွေးတွေ စီးဝင်လာသလို ခံစားမိတယ်။
အဓိကကတော့ အင်ဒရူး အဲလီယော့ ဆိုတဲ့ ဇာတ်ကောင်ပေါ့လေ။
`သမိုင်းဖန်တီးရာမှာ မပါရင်တောင် ငါဖြတ်သန်းခဲ့တဲ့ သမိုင်းကိုတော့ မှတ်တမ်းတင်ရမယ်´ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ ဝတ္ထုတစ်ပုဒ်လုံးကို သူ့ရဲ့ နေ့စဉ်မှတ်တမ်းတွေနဲ့ ဆွဲခေါ်သွားခဲ့တဲ့
အဲလီယော့ ရဲ့ အမူအကျင့်တွေကို တကယ်ကျင့်သုံးမိတဲ့အထိ
ကိုယ် ရရှိလိုက်တယ်။
ဒီစာအုပ်လေးကိုဖတ်ပြီး `အိုင်ဗီ ပန်းနွယ်တော´လို့ ခေါ်တဲ့
ဟားဗတ်တက္ကသိုလ်ကြီးရဲ့ အစဉ်အလာဓလေ့ထုံးတမ်းတွေကို
လေ့လာလို့ရတယ်။
ဟားဗတ် ကျောင်းသားတွေရဲ့ ကံကောင်းတဲ့အချက်က
ကိုယ်ဝါသနာပါရာကို အဆုံးစွန်ထိ လေ့လာလိုက်စား ကြိုးစားခွင့် ရှိသလို အဲ့ဒီဝါသနာကို အခြေတည်ပြီး အသက်မွေးဝမ်းကျောင်းပြုရင်တောင် ကိုယ်မှန်းထားတဲ့ လစာနဲ့ အောင်မြင်မှုကိုလည်း ရရှိနိုင်တဲ့ အချက်ပါပဲ။ ပြီးတော့ ထူးချွန်ထက်မြက်တဲ့ လူတော်တွေအတွက်လည်း အထက်က ပေးစရာနေရာတွေက အချိန်မရွေး အသင့်ရှိနေကြတဲ့အချက်က အပြင်လက်တွေ့မှာလည်း အဲ့လိုဆိုရင်တော့
အားကျစရာအချက်ပါပဲ။
ဒီစာအုပ်လေးဖတ်ပြီး တက္ကသိုလ်တက်နေစဉ်အတောအတွင်းမှာ ကိုယ်ယူထားတဲ့ ဘာသာရပ်မှာသာမက အခြားနယ်ပယ်တချိ ု့မှာပါ ပါဝင်လှုပ်ရှားပြီး တကယ်တော်တဲ့ လူငယ်တစ်ယောက်ဖြစ်အောင်
ကြိုးစားသင့်တယ်ဆိုတာလေးကို ဟားဗတ်တက္ကသိုလ်သာမက ယေးလ် နဲ့ အောက်စဖို့့်ဒ်တက္ကသိုလ်တို့ရဲ့ အငွေ့အသက်တွေကိုပါ ခံစားရင်း လေ့လာနိုင်တယ်။
အနှစ်ချ ုပ်ပြောရရင်တော့ ဒီစာအုပ်လေးကို တက္ပသိုလ်ကျောင်းသားကျောင်းသူတိုင်း တစ်ခေါက်လောက်တော့ ဖတ်ရှုသင့်တယ်လို့
အကြံပြုချင်ပါတယ်။
ဘာသာပြန်စာအုပ်လေးဆိုတော့ အတုယူစရာတွေကိုတော့ ကိုယ့်
ဦးနှောက်နဲ့ကိုယ် စဉ်းစားချင့်ချိန်ပြီး ယူတတ်ဖို့တော့ လိုတယ်ပေါ့လေ။
ဘာပဲဖြစ်ဖြစ် ဘာသာပြန်စာအုပ်တွေဖတ်ဖို့ ပိုပြီး စိတ်ဝင်စားလာစေခဲ့တဲ့ စာအုပ်လေးမို့ မူရင်းစာရေးသူကိုရော ၊ ဘာသာပြန်သူ
ဆရာမြသန်းတင့်ကိုရော ၊ စာအုပ်လေးဖတ်ဖို့ တိုက်တွန်းသူ
စာအုပ်ပိုင်ရှင်လေးကိုရော အထူးကျေးဇူးတင်မိပါတယ်။
ဆရာမြသန်းတင့် ဘာသာပြန်ထားသော `လွမ်းမောခဲ့ရသော
တက္ကသိုလ်နွေညများ´ စာအုပ်ကို ဖတ်ရှုရင်း မိမိတို့ဘဝများ၏
အရွယ်သုံးပါးစလုံးအတွင် လိုအပ်သော အတွေ့အကြုံ ခံယူချက်များကို သင်ခန်းစာများနှင့်တကွ စာအုပ်တစ်အုပ်ထဲတွင် တစ်စုတစ်စည်းတည်း သင်ယူရရှိနိုင်ကြဖို့ မျှော်လင့်ပါတယ်နော်။
#အိမ့်
Wed, Oct 9