မီးလောင်မြေ

( 0 မှတ်ချက်)

25000 (ကျပ်)

ယခုစာအုပ်တွင် မူရင်းစာရေးသူသည် စစ်၏နှစ်ဘက်ကိုပြထားသည်။ စစ်၏ကြောက်စရာကောင်းပုံ၊ကြမ်းကြုတ်ရက်စက်ပုံတို့ကို တစ်ဖက်ကပြသည်။ တစ်ဖက်က တရုတ်ပြည်သူတို့၏ ဇွဲသတ္တိနှင့် မဆုတ်မနစ်သော လုံ့လကိုပြသည်။ အလွန် အင်အားချည့်နဲ့သည့် တိုင်းပြည်တစ်ပြည်က မိမိထက်စစ်အင်အား အဆမတန် သာလွန်ကြီးမားသောနိုင်ငံကြီးတစ်နိုင်ငံကိုမည်သို့ စည်းလုံးညီညွှတ်တိုက်ခိုက်နိုင်ကြောင်းကိုပြသည်။
ဂျပန်ဖက်ဆစ် စစ်ဝါဒပေါ်ပေါက်လာပုံကို သမိုင်းကြောင်းနှင့်ချီ၍ရှင်းသည်။ ဖက်ဆစ်ဝါအောက်တွင် ဂျပန်ပြည်သူတို့ ဖိနှိပ်ခံရပုံကို  ကွက်ကွက်ကွင်းကွင်းဖော်ပြသည်။ ဂျပန်ဖက်ဆစ်စစ်ဝါဒကို ခုခံတိုက်ခိုက်ကြသော ပြည်သူတို့၏လှုပ်ရှားမှုများကို ဖော်ပြသည်။ မိမိတို့၏ တင်နော်ဟေကာ ဘုရင်မင်းမြတ် စစ်ရှုံးအောင် အတတ်နိုင်ဆုံး နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသော တိုးတက်သည့် ဂျပန်ပြည်သူများ၏ ဆောင်ရွက်ချက်တို့ကို မှတ်တမ်းတင်ထားသည်။ ချန်ကေရှိတ် ကူမင်တန်စစ်ပွဲတွင် ဘေးကဝိုင်းထိုင်ကြည့်ကာ ဂျပန်ကို မျက်နှာချိုသွေးနေကြသည့် အနောက်နိုင်ငံကြီးများ၏ လုပ်ရပ်များကိုဖော်ထုတ်ဝေဖန်သည်။
အဂ္ဂါစနိုး၏ “မီးလောင်မြေ”သည် ခရီးသွားမှတ်တမ်းတစ်စောင်အနေနှင့်ဖတ်ဖတ်၊ သမိုင်းစာတမ်းတစ်စောင်အနေနှင့်လေ့လာလေ့လာမရိုးနိုင်သည့် နိုင်ငံရေး ကျမ်းတစ်စောင်ဖြစ်သည်။

စာမျက်နှာ

501 (Woodfree paper)

စာအုပ်အရွယ်အစား

5.2 x 0.9 x 8 inches

ပုံနှိပ်မှတ်တမ်း

ဘ၀တက္ကသိုလ်စာပေ၊ 2025 အောက်တိုဘာလ (စတုတ္ထအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

20.9.2025 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 25000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မီးလောင်မြေ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

စာအုပ် မိတ်ဆက်ခြင်း

 

 

မြသန်းတင့် စာအုပ်များ