
ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်
7000 (ကျပ်)
“ဓားတောင်” တွင်အဓိက ဇာတ်ဆောင် လေးဦးသာ ပါပါသည်။ ဇာတ်ဆောင် လေးဦးတို့ အနက် တစ်ဦးမှာ အလုပ်သမားသံချောင်း၊ နောက်တစ်ဦးမှာ အိမ်ပြေး ရဲမြင့်၊ နောက်တစ်ဦးမှာ ကဗျာဆရာ ယောင်ယောင် ဘာယောင်ယောင်ဖြင့် အလုပ်လက်မဲ့ဖြစ်နေသော ပညာတတ် ကိုနန္ဒာနှင့် မှောင်ခို စက်လှေ ပိုင်ရှင် ဦးဘရန်တို့ဖြစ်ပါသည်။
သူတို့လေးဦးသည် သင်္ဘောပျက်ပြီး ကျွန်းကလေး တစ်ကျွန်းပေါ်သို့ ရောက်သွားသည့်အခါတွင် လူ့အဖွဲ့အစည်းကလေးတစ်ခုကို ထူထောင်ခဲ့ကြပါသည်။ သံချောင်းတို့သည်လက်တွေ့ကျသူ ဖြစ်ပါသည်။ ဘ၀အခက်အခဲတို့ကို ရင်ဆိုင်ရဲသူဖြစ်ပါသည်။ ကိုနန္ဒာသည် စာတွေ့ကို သိထားသူဖြစ်ပါသည်။ ရဲမြင့်သည် လမ်းမှားသို့ရောက်နေရာမှ သံချောင်းကိုကြည့်ပြီး လမ်းမှန်သို့ ရောက်သွားသူဖြစ်ပါသည်။ ဦးဘရန်သည် ရောက်လေရာရာတွင် ကိုယ်ကျိုး ကြည့်သူ ဖြစ်ပါသည်။
“ဓားတောင်” ၀တ္ထုသည် သူတို့လေးဦး၏ ဆက်ဆံရေး၊ သူတို့လေးဦး၏ ပဋိပက္ခ၊ ထိုပဋိပက္ခများကို သူတို့မည်သို့ဖြေရှင်းပုံ စသည်တို့ကို ရေထားခြင်း ဖြစ်ပါသည်။ သံချောင်းသည် ကိုယ်ကျိုးစွန့်သူ ၊ အနစ်နာခံသူ၊ လက်တွေ့ကျသူ၊ ပညာ မတတ်သော်လည်း ပညာတတ်တို့ထံမှ အသိအမြင် အတွေးအခေါ်တို့ကို တစ်ဆင့် သိရသည်နှင့် ချက်ချင်း လက်တွေ့ အကောင်အထည်ဖော်ကာ ဘ၀အခက်အဲကို ဖြေရှင်းသွားသူအဖြစ် စာရေးသူကတင်ပြထားပါသည်။
စာမျက်နှာ | 330 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.5 x 8.0 inches |
ပုံနှိပ်မှတ်တမ်း | နှစ်ကာလများစာပေ၊ 2014 စက်တင်ဘာလ (အဋ္ဌမ-ကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 30.8.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 7000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
2 in stock (can be backordered)
မြသန်းတင့် စာအုပ်များ
-
မြသန်းတင့်
ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်
7000 (ကျပ်)Rated 5.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
မြသန်းတင့်
သုခမြို့တော်
8500 (ကျပ်)Rated 4.50 out of 5 based on 6 customer ratings( 6 မှတ်ချက်) -
မြသန်းတင့်
လေလွင့်သူ
6000 (ကျပ်)Rated 4.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
မြသန်းတင့်
လွမ်းမောခဲ့ရသော တက္ကသိုလ် နွေညများ
12500 (ကျပ်)Rated 4.50 out of 5 based on 4 customer ratings( 4 မှတ်ချက်) -
မြသန်းတင့်
မမ
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လေရူးသုန်သုန် (ပထမတွဲ)
12500 (ကျပ်)Rated 4.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
ကံကောင်း
6500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ချစ်သောယွန်းခင်ခင်
9500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
ကျွန်တော်ဆက်၍ရေးချင်သောဝတ္ထုများ
6000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
လေရူးသုန်သုန် (ဒုတိယတွဲ)
12500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ပီကာဆို၏ ပဉ္စလက်မီးအိမ်
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
စစ်နှင့်ငြိမ်းချမ်းရေး (ပ+ဒု)
40000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
မိန်းမတို့အကြောင်း
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ဝတ္ထုတိုပေါင်းချုပ်-၁ (၁၉၄၉-၁၉၆၁)
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လမင်းကိုထရံပေါက်မှကြည့်ခြင်း
6000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
အလကားလူ
7000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မာယာဘုံ
7500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရွှေပြည်တော်မျှော်တိုင်းဝေး (ပထမတွဲ)
16000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
မြသန်းတင့်
ကြာညိုနံ့သင်းသော ရေဝတီမ
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မီးလောင်မြေ
8000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ဧကရီဖွားစော
5000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
ရွှေပြည်တော်မျှော်တိုင်းဝေး (ဒုတိယတွဲ)
16000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
အမှောင်ရိပ်ဝယ်
6500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
ခန်းဆောင်နီထဲတွင်အိပ်မက် မက်ကြည့်ခြင်း
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
တောင်သမန်ရွှေအင်းက လေညင်းဆော်တော့
17500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
တောင်များ၏တောင်ဘက်မှပင်လယ်များ၏မြောက်ဘက်သို့
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
အချစ်မိုးကောင်းကင်
7000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
အရှေ့လေတိုက်သောအခါ
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
နေထွက်သော ည
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မက္ကဇင်(မ)ဂေါ်ကီ၏ မာလ်ဗာနှင့် ဝတ္ထုတိုများ
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
တိုက်ပိုင်မောင်ဘဂျမ်းနှင့် စုံထောက်မှုခင်းများပေါင်းချုပ်
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း၏ မှတ်တမ်း
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း၏ သည်းထိတ်ရင်ဖို
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကြည်(ပြင်ဦးလွင်)
မီးဖိုလှည့်ပါနှင့် အခြားဝတ္ထုတိုများ
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လူများ၊ သက္ကရာဇ်များ – ဘ၀ (၂)
5500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း၏ စွန့်စားခန်းများ
8000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း၏ အမှုတွဲများ
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း၏ နောက်ဆုံးဦးညွှတ်ခြင်း
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း ပြန်လာပြီ
8000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
နိုင်ငံတကာရသစာတမ်းငယ်များ (ဒုတိယတွဲ)
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လက်ဖက်ရည်ဆိုင်
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
သြဂုတ်တစ္ဆေများနှင့် အခြားဝတ္ထုတိုများ
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မြသန်းတင့် ၀တ္တုတိုပေါင်းချုပ် ၂
9500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လူများ၊ သက္ကရာဇ်များ – ဘ၀ (၁)
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
တော်လ်စတွိုင်း၏ဘ၀အမြင်နှင့်သမိုင်းအမြင်
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
နွံထဲကကြာ
8000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လူများ၊ သက္ကရာဇ်များ – ဘ၀ (၅)
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လူများ၊ သက္ကရာဇ်များ – ဘ၀ (၃)
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လူများ၊ သက္ကရာဇ်များ – ဘ၀ (၄)
7500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ပွင့်တူရွက်တူနှင်းမြူတောင်ခိုးနှင့်နေကြာပွင့်ရိုင်းများ
17000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မြသန်းတင့် ဝတ္ထုတိုပေါင်းချုပ်-၃
8500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မော်တော်ကားတစ်စီး၏အတ္ထုပ္ပတ္တိ
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
အင်ဒါဆင်ဒဏ္ဍာရီများ
4500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
Pyae Phyo Ko –
ဗမာတိုင်း ဗမာတိုင်း မဖြစ်မနေ ဖတ်ကို ဖတ်ရမယ့် စာအုပ်တစ်အုပ်ပါ။
Yoon Shwe Yee –
ဇာတ်ကောင် တစ်ယောက်ချင်းစီ က လူ့အသိုင်းအဝိုင်း လေး တခုစီကို ကိုယ်စားပြုထားတဲ့ ဓားတောင်။
သံချောင်း က အလုပ်သမား လူတန်းစား။
ရဲမြင့် က လူငယ်ထု။
ကိုနန္ဒာ က ပညာတတ် အနုပညာသမား။
ဦးဘရန် ကတော့ ဆင်းရဲသား အလုပ်သမားတစု ကို ဂုတ်သွေးစုတ်နေတဲ့ လူတန်းစား တရပ်ပေါ့။
ကိုနန္ဒာ
ကိုယ် ထင်တာတော့ ကိုနန္ဒာ ဟာ ဘွဲ့ရ ခါစ။ အလုပ်ရဖို့ ကြိုးစားရင်း ကြိုကြားအလုပ်လေး ဖြစ်တဲ့ စာအုပ်ဟောင်း ရောင်းတဲ့ အလုပ်လေး လုပ်၊ စာတိုပေစ လေးတွေ ရေးနေတဲ့ လူတစ်ယောက်။ မိသားစု ကို အားနာ၊ နာကျည်းပြီး တစ်ယောက်တည်း ရုန်းကန်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်။ စာတွေအများကြီး သိထားပေမဲ့ အသုံးမချတတ်တဲ့ လူတစ်ယောက်။ လူကြီး လူငယ်ကြား ပေါင်းကူးပေးဖို့ ကြိုးစားနေတဲ့ လူလတ်တစ်ယောက်။ သူ့ အထင်၊ သူ့ အမြင်၊ သူ့ အပြောတွေ က လမ်းမှားနေတဲ့ လမ်းပျောက်တော့မဲ့ ဆယ်ကျော်သက်လေး တွေ ကို လမ်းမြင်စေတယ် ထင်။
ရဲမြင့်
ဆယ်တန်း ကျ။ မိသားစု က အဆင်မပြေ။ဆယ်ကျော်သက် ဘာဝ အရွဲ့တိုက်ဖို့ အရေး တို့အရေး ဖြစ်နေတဲ့ လူငယ်။
ဆံပင်ရှည် ထားပြီး ဂစ်တာခေါက် လူကြီးမျက်စိနောက်တဲ့ လူငယ်ပေါ့။ အဖေက မကြည် မိထွေးက ကြိမ်းမောင်း နေလို့ ပြောသမျှ အရွဲ့တိုက်မဟ အတွေးနဲ့ နံပါတ် 4 စွဲ ပြီး လူညွန့်တုန်းတော့မယ့် လမ်းပေါ်က လူငယ် ပေါ့။ ဒါပေမဲ့ လူငယ်ရဲ့ မာန နဲ့ မဟုတ်မခံစိတ်က တော့ ပြတ်သား။
ဇာတ်လမ်း က ကိုနန္ဒာ တူနဲ့ ရဲ မြင့် တို့ အိမ်က ထွက်ပြေး တာက စ။ သူတို့ ကို လိုက်ခေါ်ဖို့ တာဝန်က လူလွတ်ဖြစ်တဲ့ ကိုနန္ဒာ ပေါ်ရောက်တာပေါ့။ ဒီလိုနဲ့ ကုန်းတတန် ရေတတန် ထားဝယ် ရဲ့ ဟိုးအောက်ဘက် နယ်စပ် ထိ ရှာရင်း ဆေးစွဲ စုတ်ပြတ်နေတဲ့ လူငယ်နှစ်ယောက် ကို ရန်ကုန် ကို ပြန်ခေါ် ဖို့ နားချရတာပေါ့။ မချော့ခင်က ပျော့ချင်နေတဲ့ တူဖြစ်သူက များများနားချစရာ မလိုလိုက်။ ဒါပေမဲ့ ရဲ မြင့်…သူက အောင်မြင်ပြီးမှ ပြန်ချင်တယ်။ မာန နဲ့ ဘဝ ကို ကောင်းကောင်း တည်ဆောက်ပြချင်တယ်။
ကလေးတွေ ကို ပြန်ခေါ်ခန်း မှာ ကိုနန္ဒာ ရဲ့ အပြော၊ချဥ်းကပ်ပုံ၊ ဆွဲဆောင်ပုံ လေးတွေ က သိပ်မိတယ်။
“ကိုယ့်အားကိုယ်ကိုး ကိုယ့်လမ်းကိုယ်လျှောက်၊
မှန်အောင်လျှောက်ဖို့ သတ္တိမွေး၊
လွင့်စဥ်မကျအောင် ဂရုစိုက်”ဖို့ ကို
ချဲ့ကား ချဥ်းကပ်ထားပုံက ခေါင်းထဲ ဝင်လွယ်တယ်။
ကိုနန္ဒာ အာဘော်၊ကတိတသိုက် ရယ် ကလေး နှစ်ယောက်ရယ် ရန်ကုန်ကို ထားဝယ်ကနေ စက်လှေ နဲ့ ပြန်ခဲ့သည်ပေါ့ လေ။
သံချောင်းနဲ့ တွေ့ကြပြီပေါ့….။
သံချောင်း
ရိုးသားတယ်။ ကြိုးစားတယ်။ ဟိုကွေ့ ဟိုတက်နဲ့ လှော် ဒီကွေ့ ဒီတက် နဲ့ လှော်တတ်အောင် သူ့ အတွေ့အကြုံက ပဲ သင်ပေးထားတာ။ သံချောင်း ဘဝ က တစ်ခါမှ မအေးချမ်းခဲ့ရဘူး။ သူ့ ဘဝပေး အသိက ကိုယ်လုပ်မှ ကိုယ် ရမယ်၊
ရအောင်လဲ သူ ကြိုးစားမယ်။ အမြင် ကနေ သူသင်ယူ တယ်၊ အကြားကနေ သူသင်ယူတယ်၊ လက်တွေ့ အသုံးချရင်း သူတတ်မြောက်တယ် ဒါက သူ့ ဘဝနေနည်း ပဲ။
ဦးဘရန်
စက်လှေပိုင်ရှင်ပေါ့ လေ။ ဖျံကျတဲ့ လူညစ်။ ဇာတ်လမ်းရဲ့ ဗီလိန်။
ဒီလူလေးယောက် စက်လှေ ပျက်ပြီး ကျွန်းတစ်ကျွန်းပေါ် သောင်တင် နေရင်း လူ့အဖွဲ့အစည်းလေး တစ်ခု တည်ဆောက်ကြတဲ့ ဇာတ်လမ်း လေးပါ။ ကျွန်းပေါ်မှာ နေရင်း ဘာတွေဆက်ဖြစ်မလဲ။ အသက်ရှင် အောင် ဘယ်လိုတွေ ရုန်းကန်ကြမလဲ။ နေရပ်ဆီ ကို ရော ပြန်နိုင်ပါ့မလား။
ဦးဘရန် ကရော ဘယ်လိုတွေ ညစ် မလဲ။
ကျွန်းပေါ်မှာ ရှိနေစဥ်တလျှောက်လုံးမှာ တစ်ယောက်ချင်းစီရဲ့ အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်တွေ က စိတ်ဝင်စားစရာ မို့ တစ်ခါဖတ်ရင် တစ်ခါပိုသိ မဲ့ ဂန္ထဝင် ဝတ္ထု ပါ။
လူငယ်တွေရဲ့ လမ်းပြ။
ခေတ်တိုင်းနဲ့ လိုက်လျော နေမဲ့ လူငယ် လူကြီး ပြဿနာ တွေရဲ့ အဖြေ တွေ ကို လဲ တွေ့နိုင်ပါတယ်…။
ဖတ်ခဲ့ရင်း နဲ့ သိခဲ့
ထပ်ဖတ်ရင် လဲ ထပ်သိမဲ့ စာအုပ်မျိုး မို့ လူငယ် ထု ကို ဖတ်စေရန် စေတနာ ဖြင့်…။
ကိုယ့် အထွာ၊ ကိုယ့် အသိ ဖြင့် ရသော အမြင် ဖြစ်သောကြောင့် မှားယွင်းခဲ့ပါက ခွင့်လွှတ်စေချင်။
Mya Thinn Kyu –
ဘယ်နှကြိမ်ဖတ်ဖတ် မရိုးနိုင်တဲ့ ဝတ္ထုကောင်းတွေထဲက ၁ ပုဒ်ပါ။ အဓိကဇာတ်ကောင် ကိုသံချောင်းရဲ့ ဘယ်လိုအခက်အခဲနဲ့ပဲကြုံကြုံ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကြိုးစားပြီး လောကဓံကိုအရှုံးမပေး ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲတဲ့ သတ္တိ၊ အများအကျိုးကိုကြည့်ပြီး ကိုယ်ကျိုးမကြည့်ဘဲ နောက်ဆုံးအချိန်ထိ အသက်ကိုပင်မငဲ့ စွန့်လွှတ်အနစ်နာခံပုံတွေဟာ လူငယ်တွေအတွက် အတုယူစရာပါ။ စာဖတ်သူပါ ကျွန်းကလေးပေါ်မှာ လူငယ် ၃ ယောက် အသက်ရှင်ဖို့ရုန်းကန်နေကြတာကို ကိုယ်တိုင်ဘေးကကြည့်ရှုနေရသလို စိတ်လှုပ်ရှားဖွယ် ဖတ်ရှုကြရမယ့်အပြင် သူတို့အားလုံး ကျွန်းပေါ်ကလွတ်မြောက်နိူင်မလား၊ စိတ်ပျက်အားလျော့ပြီး ကျွန်းပေါ်မှာပဲ ဘဝဇာတ်သိမ်းကြရမလားဆိုတာကိုပါ တစိမ့်စိမ့်တွေးတောခံစားကြရမယ့် ဝတ္တုကောင်းတစ်ပုဒ်ဖြစ်ပါတယ်။