


လေလွင့်သူ
6000 (ကျပ်)
စာမေးပွဲကျလို့ ကျောင်းထုတ်ခံရတဲ့အတွက် အိမ်ကိုမပြန်ရဲတဲ့ ကျောင်းသားလေးတစ်ယောက်ကြောင်း ရေးထားတာကို သွားတွေ့ရတယ်။ အိမ်မပြန်ရဲတော့ နယူးယော့မြို့ကြီးထဲမှာ ပါလာတဲ့ပိုက်ဆံကလေး ကုန်အောင် လျှောက်သွား၊ ပြီးတော့ အိမ်ပြေးလုပ်မယ်လေ စိတ်ကူးနေတဲ့ လူငယ်လေးတစ်ယောက်။ ဒါပေမဲ့ လမ်းသရဲလည်း မဟုတ်၊ အိမ်ပြေးလည်း မဟုတ်။ လောကကြီးကို မကျေနပ်နေတဲ့ ကောင်လေးတစ်ယောက်။
သူ့မကျေနပ်ပုံဟာ ကျွန်တော်တို့ ငယ်ငယ်တုန်းက လောကကြီးနှင့် ပတ်ဝန်းကျင်ကို မကျေမနပ် ဖြစ်နေတာနှင့်တူနေတယ်။ ခုခေတ်လူငယ်တွေ ပတ်ဝန်းကျင်နှင့်လောကကြီးကို မကျေနပ်ပုံနှင့် သွားတူနေတယ်။ နောင်လည်း အဲဒီအရွယ်မှာရှိတဲ့ လူငယ်လေးတွေရဲ့ မကျေနပ်ပုံမျိုးနှင့် သွားတူနေတယ်။ နောက်တော့အိမ်က မပြေးဖြစ်တော့ဘဲ လောကကို သူ သဘောပေါက်သွားတယ်။ ပတ်ဝန်းကျင်နှင့် လိုက်လျောအောင် နေတတ်သွားတယ်။
လူငယ်တစ်ယောက်ရဲ့ ခံစားမှု၊ လူငယ် တစ်ယောက်ရဲ့ ပေါက်ကွဲမှု၊ လူငယ် တစ်ယောက်ရဲ့ မကျေနပ်မှု၊ လူငယ် တစ်ယောက်ရဲ့ ဘဝင်မြင့်မှု၊ လူငယ် တစ်ယောက်ရဲ့ဘ၀အမြင် ပြောင်းမှု။ ဒါတွေ အားလုံးကို တွေ့နိုင်တယ်။
စာအုပ်အမှာစာပါကောက်နှုတ်ချက်
စာမျက်နှာ | 268 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.5 x 8 inches |
ပုံနှိပ်မှတ်တမ်း | ဘဝတက္ကသိုလ်စာပေ၊ 2022 အောက်တိုဘာလ (ပဉ္စမအကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 1.10.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 6000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
5 in stock (can be backordered)
မြသန်းတင့် စာအုပ်များ
-
မြသန်းတင့်
ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်
7000 (ကျပ်)Rated 5.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
မြသန်းတင့်
သုခမြို့တော်
8500 (ကျပ်)Rated 4.50 out of 5 based on 6 customer ratings( 6 မှတ်ချက်) -
မြသန်းတင့်
လေလွင့်သူ
6000 (ကျပ်)Rated 4.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
မြသန်းတင့်
လွမ်းမောခဲ့ရသော တက္ကသိုလ် နွေညများ
12500 (ကျပ်)Rated 4.50 out of 5 based on 4 customer ratings( 4 မှတ်ချက်) -
မြသန်းတင့်
မမ
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လေရူးသုန်သုန် (ပထမတွဲ)
12500 (ကျပ်)Rated 4.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
ကံကောင်း
6500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ချစ်သောယွန်းခင်ခင်
9500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
ကျွန်တော်ဆက်၍ရေးချင်သောဝတ္ထုများ
6000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
လေရူးသုန်သုန် (ဒုတိယတွဲ)
12500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ပီကာဆို၏ ပဉ္စလက်မီးအိမ်
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
စစ်နှင့်ငြိမ်းချမ်းရေး (ပ+ဒု)
40000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
မိန်းမတို့အကြောင်း
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ဝတ္ထုတိုပေါင်းချုပ်-၁ (၁၉၄၉-၁၉၆၁)
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လမင်းကိုထရံပေါက်မှကြည့်ခြင်း
6000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
အလကားလူ
7000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မာယာဘုံ
7500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရွှေပြည်တော်မျှော်တိုင်းဝေး (ပထမတွဲ)
16000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
မြသန်းတင့်
ကြာညိုနံ့သင်းသော ရေဝတီမ
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မီးလောင်မြေ
8000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ဧကရီဖွားစော
5000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
ရွှေပြည်တော်မျှော်တိုင်းဝေး (ဒုတိယတွဲ)
16000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
အမှောင်ရိပ်ဝယ်
6500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မြသန်းတင့်
ခန်းဆောင်နီထဲတွင်အိပ်မက် မက်ကြည့်ခြင်း
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
တောင်သမန်ရွှေအင်းက လေညင်းဆော်တော့
17500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
တောင်များ၏တောင်ဘက်မှပင်လယ်များ၏မြောက်ဘက်သို့
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
အချစ်မိုးကောင်းကင်
7000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
အရှေ့လေတိုက်သောအခါ
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
နေထွက်သော ည
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မက္ကဇင်(မ)ဂေါ်ကီ၏ မာလ်ဗာနှင့် ဝတ္ထုတိုများ
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
တိုက်ပိုင်မောင်ဘဂျမ်းနှင့် စုံထောက်မှုခင်းများပေါင်းချုပ်
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း၏ မှတ်တမ်း
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း၏ သည်းထိတ်ရင်ဖို
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကြည်(ပြင်ဦးလွင်)
မီးဖိုလှည့်ပါနှင့် အခြားဝတ္ထုတိုများ
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လူများ၊ သက္ကရာဇ်များ – ဘ၀ (၂)
5500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း၏ စွန့်စားခန်းများ
8000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း၏ အမှုတွဲများ
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း၏ နောက်ဆုံးဦးညွှတ်ခြင်း
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ရှားလော့ဟုမ်း ပြန်လာပြီ
8000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
နိုင်ငံတကာရသစာတမ်းငယ်များ (ဒုတိယတွဲ)
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လက်ဖက်ရည်ဆိုင်
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
သြဂုတ်တစ္ဆေများနှင့် အခြားဝတ္ထုတိုများ
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မြသန်းတင့် ၀တ္တုတိုပေါင်းချုပ် ၂
9500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လူများ၊ သက္ကရာဇ်များ – ဘ၀ (၁)
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
တော်လ်စတွိုင်း၏ဘ၀အမြင်နှင့်သမိုင်းအမြင်
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
နွံထဲကကြာ
8000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လူများ၊ သက္ကရာဇ်များ – ဘ၀ (၅)
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လူများ၊ သက္ကရာဇ်များ – ဘ၀ (၃)
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
လူများ၊ သက္ကရာဇ်များ – ဘ၀ (၄)
7500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
ပွင့်တူရွက်တူနှင်းမြူတောင်ခိုးနှင့်နေကြာပွင့်ရိုင်းများ
17000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မြသန်းတင့် ဝတ္ထုတိုပေါင်းချုပ်-၃
8500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
မော်တော်ကားတစ်စီး၏အတ္ထုပ္ပတ္တိ
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြသန်းတင့်
အင်ဒါဆင်ဒဏ္ဍာရီများ
4500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
အရှင်ပညာဝံသ –
ဆယ်ကျော်သက် လူငယ် တစ်ယောက် ကို ဘဝ အဓိပ္ပါယ် သတ္တိတွေ ပေးစွမ်းစေမဲ့ စာအုပ် ပါ…
အဲ စာအုပ် ထဲက စကိုးဖီးရဲ့ လမ်းလေးမှာ အိမ်ခြေယာ မဲ့ တွေ ကြည့်ရင်း ကျွန်တော်က ဘူတာရုံ လေအေးခန်းထဲမှာ ၁၅ ဒေါ်လာတန် ကော်ဖီ သောက်နေရတာ ရှက် တယ် ဆိုတဲ့ လူပီသမှုနဲ့ သူ့လို အရွယ်မှာ ဒီသဘောထား ထားနိုင်မှုတွေက ဒီစာအုပ်ရဲ့ အလှတရား လေး တွေပါပဲ…
Chaw Suu Han –
အရမ်းကောင်းတဲ့ translation ဝတ္ထုလေးပါ လူငယ်တစ်ယောက်ရဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့စိတ်သဘောနဲ့ လူပတ်ဝန်းကျင်ကို နူးနူးညံ့ညံ့လေးပုံဖော်သွားတာ လေးစားဖွယ်ပါပဲ
Thae JM –
” လေလွင့်သူ ”
၁၆ နှစ်အရွယ် ကောဖီးဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့အတူ ကျွန်မပါ နယူးယော့မြို့ပေါ်မှာ လိုက်ပြီးလေလွင့်ကြည့်လိုက်တယ်…… ဝိုင်လေးတစ်ခွက် အရှေ့ချရင်း သူ့လိုပဲ လေလွင့်ကြည့်လိုက်တယ်…..တကယ်တော့ ကျွန်မ တကယ်လေလွင့်နေတာမဟုတ်ပါဘူး…. ကျွန်မရဲ့ ဆယ်ကျော်သက်အချိန်တွေကို ပြန်ပြီး ခံစားပြီး သတိရမိသွားရုံလေးပါ…….feeling လေးကတော့ကောင်းသား….. ကောဖီးဆိုတဲ့ ကောင်လေးလောက်တော့ စွန့်စားခဲ့တာမျိုးတွေ ဘယ်ရှိခဲ့ပါ့မလဲ ….ဆယ်ကျော်သက်အရွယ်တုန်းက ကောဖီးလို လေမလွင့်ခဲ့ရတာတောင် နောင်တရသလိုလို….အင်းပေါ့လေ လူမျိုးချင်း ထင်မြင်ယူဆပုံချင်းမှလည်း မတူပဲကို…. ကဲပါ….စာအုပ်အကြောင်းလေးဆက်ပြောရအောင်….
“ပထမစာမျက်နှာကိုဖတ်လိုက်သည်နှင့် သူနှင့်အတူစွဲမက်ဖွယ်ကောင်းသော ခပ်ရမ်းရမ်းစွန့်စားခန်း ပြီးဆုံးသွားသည်အထိ လက်ကမချနိုင်သော စာအုပ် ၊ ဖတ်ရင်း ရယ်ရမည်လော ငိုရမည်လောဆိုသည်ကို မဝေခွဲနိုင်သည့်စာအုပ်” တဲ့….ဟုတ်ပါတယ် ကောဖီးဆိုတဲ့ ကောင်လေးဟာ ဆွဲဆောင်လွန်းအားကြီးတယ် (အပြင်မှာ ရုပ်လည်းဖြောင့်မယ့်ပုံပဲ😁)…..just kidding✌ ဆွဲဆောင်လွန်းအားကြီးတယ်ဆိုတာ သူ့အကြောင်းပြောပြနေတာကိုပြောတာ…. သူ့အကြောင်း ပြောပြနေတာ တကယ့်ကို့ အပြင်မှာ ကိုယ့်နဲ့ လာပြောပြနေတဲ့အတိုင်းပဲ….သူ့အပြောတွေအောက် စီးမျှော်ရင်း ကိုယ်ပါ ခပ်ဟော့ဟော့ ဂျစ်တစ်တစ် လူငယ်တစ်ဦးပြန်ဖြစ်သွားသလိုပဲ…..
ကျွန်မတို့ နိုင်ငံမှာတော့ ၁၆ ၁၇ နှစ်ဆိုတာ မိဘအုပ်ထိန်းမှုအောက်မှာပဲရှိသေးတာ…. မိဘကဒါဆို ဒါ ၊ ဟိုဟာဆို ဟိုဟာ တစ်သွေမတိမ်းနားထောင်နေရတုန်း…..မိဘလက်က အသက်တွေကြီးတဲ့ထိ မလွတ်သေးတာတွေလည်း တစ်ပုံတစ်ပင်…..ကျွန်မတို့လူမျိုးတွေမှာတော့ ဆယ်ကျော်သက်အရွယ် လွတ်လပ်ခွင့်ဆိုတာ သိပ်မရှိသလောက်ရှားပါတယ်… ၁၆ ၁၇ နှစ်ဆို ကလေးတစ်ယောက်လိုသာနေကြရတာကိုး…..ဒါပေမယ့် ဆယ်ကျော်သက်အရွယ်မှာ ခံစားရတဲ့ ခံစားချက်တွေတော့ ကောဖီးဆိုတဲ့ ကောင်လေးနဲ့တော့ ထပ်တူကျလောက်ပါတယ်…. စာအုပ်လေးကိုဖတ်ကြည့်လိုက်ရင်သိမှာပါ….
ဆယ်ကျော်သက် လူငယ်တစ်ယောက်ရဲ့ လောကကြီးကိုမြင်တဲ့အမြင် ၊ ခံယူချက် ၊ လူတွေအပေါ်မြင်တဲ့အမြင်၊ လောကကြီး နဲ့ပတ်ဝန်းကျင်ကို မကျေနပ်တဲ့အမြင်၊
ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ခံစားမှု၊ ပေါက်ကွဲမှု၊ မကျေနပ်မှု၊ ဘဝင်မြင့်မှု၊ ဘဝအမြင်ပြောင်းလဲမှု ဒါတွေအားလုံးကို တွေ့နိုင်ပါတယ်….
ကောဖီးဆိုတဲ့ ကောင်လေးကလည်း လေလွင့်နေတယ်လို့သာဆိုရတယ် gypsy လို လေလွင့်နေတာမဟုတ်ဘူး…..အချိန် အတိုင်းအတာ တစ်ခုထိလေးပဲ….၄၈ နာရီပဲကြာတယ် နယူးယော့မြို့ပေါ်မှာ လေလွင့်နေတာ… အသိုင်းအဝိုင်းမရှိလို့ လေလွင့်နေသူလည်းမဟုတ် ….. အသိုင်းအဝိုင်းလဲ ခပ်တောင့်တောင့်ထဲကရယ်…. ဆယ်ကျော်သက်အရွယ် လေထဲတိုက်အိမ်ဆောက်မယ် ၊ အတွေးသမားပေါ့….. ကလေးမကျ လူကြီးမကျအရွယ်လေးပေါ့… ခံစားမှုလေးတွေ ပေါက်ကွဲပြီး ၄၈ နာရီကြာ အိမ်ပြေးလုပ်ခဲ့တဲ့ အတွေ့အကြုံလေးတွေကတော့ ဖတ်လို့ အရမ်းကောင်းတယ်…. မဖတ်ရသေးတဲ့စာဖတ်သူများလည်း ဖတ်ကြည့်ဖို့ ပြောချင်ပါတယ်… ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်…
၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်အကြောင်းရေးထားတာဆိုလို့ အထင်တော့မသေးလိုက်နဲ့နော်…..စာဖတ်သူတွေကို ရသမျိုးစုံပေးပြီး ဆွဲငင်သွားမယ့်စာအုပ်မျိုး….လူငယ်သဘာဝ၊ လူငယ်တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ခံစားချက်၊ မရင့်ကျက်မှု စတာတွေကိုလည်း ဖတ်ရှုနိုင်မှာပါ၊ ဆရာ့ တပည့် ပြောနေတဲ့ အခန်းတွေဆို ကိုယ့်အတွက် တွေးတောစရာတွေလည်း အများကြီးဆိုမှ အများကြီးရပါတယ်…..
စာအုပ်လေးသာ ဖတ်လို့ဆုံးသွားတယ် ကျွန်မရဲ့အတွေးတွေက ရပ်လို့မရသေးဘူး….. ကောဖီးဆိုတဲ့ ကောင်လေးတစ်ယောက် ဘာတွေဆက်ဖြစ်ဦးမလဲ ဆိုတာကိုတွေးရင်း……
#လေ_လွင့်_သူ
#မြသန်းတင့်