လူများ၊ သက္ကရာဇ်များ – ဘဝ ၁ – (၁၈၉၁-၁၉၁၇)
17000 (ကျပ်)
(၁) ၁၈၉၁-၁၉၁၇
ကမ္ဘာ့ဂန္ထဝင်စာပေများစွာကို မြန်မာစာပေအတွက် အားထုတ် ပြန်ဆိုရေးသားခဲ့သော ဆရာမြသန်းတင့်၏ ဘာသာပြန် လက်ရာကောင်းတစ်ခုဖြစ်ပြီး မူရင်းစာအုပ်သည် ဆိုဗီယက်နိုင်ငံ၏ အထင်ရှားဆုံး ရုရှားလူမျိုးစာရေးဆရာ Ilya Ehrenburg ၏ Memoirs ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်အတွဲ ဖြစ်သည်။ Ilya Ehrenburg သည် ပထမကမ္ဘာစစ်၊ စပိန်ပြည်တွင်းစစ်နှင့် ဒုတိယကမ္ဘာစစ်တို့တွင် သတင်းထောက်တစ်ဦးအဖြစ် ရပ်တည်ဖြတ်သန်းခဲ့သူဖြစ်ပြီး သူ၏ ဘဝအကြောင်းနှင့် ဥရောပတစ်ခွင်မှ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဘဝ မြင်ကွင်းများကို တွေ့ကြုံခံစားခဲ့ရသည့်အတိုင်း မခြွင်းမချန် ရေးသားပြုစုထားသည်။ စာရေးသူသည် သူ၏ သတင်းစာဆရာ၊ စာရေးဆရာ၊ နိုင်ငံရေးသမားအဖြစ် ဖြတ်သန်းခဲ့ရသည့် ခေတ်အခြေအနေများ၊ သူ့ဘဝ သူအကြောင်းများကို နှစ်အပိုင်းအခြားအလိုက် ရေးသားထားခဲ့လေသည်။
| စာမျက်နှာ | 309 |
|---|---|
| စာအုပ်အရွယ်အစား | 5.9 x 1 x 8.9 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2024 ဇွန်လ (စတုတ္ထအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 20.1.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 17000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
3 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ