လာခြင်းကောင်းသောအရှင်

( 1 မှတ်ချက်)

5000 (ကျပ်)

“လာခြင်းကောင်းသော အရှင်”သည် ၀တ္ထုဆန်ဆန်ရေးထားသော ဗုဒ္ဓဝင်အကျဉ်းချုပ်ဖြစ်သည်။ သိဒ္ဓတ္ထမင်းသား ဖွားတော်မူခန်းမှစ၍ တောထွက်ခန်း၊ ဘုရားဖြစ်တော်မူခန်း၊ ဒေသစာရီကြွခန်း၊ ပရိနိဗ္ဗာန်စံတော်မူခန်းအထိ ဖြစ်သည်။ တစ်နည်းပြောရလျှင် ၀တ္ထုဆန်ဆန်ရေးထားသော ဗုဒ္ဓ၏ ထေရုပ္ပတ္တိဖြစ်သည်။
သက်ရွယ်အိုမင်းလှပြီဖြစ်သော ညီတော်အာနန္ဒာက သူနှင့်နောင်တော် သိဒ္ဓတ္ထတို့ ငယ်ငယ်ကတည်းက နန်းတော်ထဲတွင် အတူကြီးပြင်းခဲ့ကြပုံ၊ တောလည်ထွက်ကြပုံ၊ မမြဲသောတရားကို ငယ်ရွယ်စဉ်ကတည်းက နောင်တော်သဘောပေါက်ခဲ့ပုံ၊ နန်းစည်းစိမ်ကို စွန့်ပုံ၊ ဒုက္ကရစရိယာကျင့်ခဲ့ပုံ၊ ဉာဏ်အလင်းရခဲ့ပုံ၊ သူနှင့်အတူ ဒေသစာရီကြွချီခဲ့ပုံ၊ ပရိနိဗ္ဗာန်စံတော်မူပုံတို့ကို ပြန်ပြောင်းသတိရကာ အမှတ်တရမှတ်တမ်း ပုံစံဖြင့် ရေးထားခြင်းဖြစ်သည်။

စာမျက်နှာ

336

စာအုပ်အရွယ်အစား

5.5 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

လရိပ်မွန်စာပေ၊ 2018 အောက်တိုဘာလ (ဆဋ္ဌမ-ကြိမ်)

3 in stock (can be backordered)

လာခြင်းကောင်းသောအရှင် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Lu Minn

    ကျွန်တော်အရမ်းကြိုက်ပါတယ်။ ဗုဒ္ဓဝင်ကို ပေါ့ပေါ့ပါးပါးရေးထားပေမဲ့ ရှင်တော်ဘုရားရဲ့ ကြီးမြတ်မှုတွေကို လူသားဆန်စွာ ပိုပြီးခံစားရပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

မြသန်းတင့် စာအုပ်များ