၂၀ရာစု ကမ္ဘာ့ဂန္ထဝင်ဝတ္ထုတိုများ

( 0 မှတ်ချက်)

13000 (ကျပ်)

ကမ္ဘာ့စာပေများစွာနှင့် ဂန္ထဝင်စာပေများစွာကို မြန်မာဘာသာသို့ ပြန်ဆိုရေးသားပြီး မြန်မာစာဖတ်ပရိတ်သတ်များထံသို မိတ်ဆက် ပို့ဆောင်ပေးခဲ့သူ၊ အကောင်းဆုံး အမျိုးသားဘာသာပြန်စာပေဆုများစွာ ရရှိခဲ့သည့် စာရေးဆရာကြီး မြသန်းတင့်၏ ကမ္ဘာ့ဂန္ထဝင်ဝတ္ထုတို ၂၅ပုဒ်ကို စုစည်းထုတ်ဝေထားခြင်း ဖြစ်သည်။ ဆရာကြီးသည် ယခုစာအုပ်ပါ ဝတ္ထုတိုများကို တော်လှန်ရေး ဘဝသရုပ်ဖော်ဝတ္ထုတိုများ၊ ဓနရှင်ဝေဖန်ရေး သရုပ်ဖော်ဝတ္ထုတိုများနှင့် လူ၏ အတွင်းစိတ်အခြေအနေများကို ဖော်ပြသည့် စိတ္တဗေဒဝတ္ထုတိုများဟူ၍ သုံးမျိုးသုံးစား ခွဲခြားပြပြီး ရှင်းလင်းထားပါသည်။ စာအုပ်ထဲတွင် တရုတ်စာရေးဆရာ Lu Hsun ၊ ဂျပန်စာရေးဆရာ Shimazaki Toson နှင့် အိုင်ယာလန်စာရေးဆရာ James Joyce အပါအဝင် ကမ္ဘာတစ်ဝန်းရှိ စာပေဝေဖန်ရေး စာရေးဆရာ၊ကဗျာဆရာများစွာတို့၏ ရသစုံလင်သည့် ဝတ္ထုတိုများကို ဖတ်ရှုခံစားနိုင်မည်ဖြစ်သည်။ မူရင်းစာရေးဆရာ၏ အမည်နှင့် ဝတ္ထုတစ်ပုဒ်ချင်းစီ၏ အကြောင်းအရာအကျဉ်းကိုလည်း ဆရာကြီးက ရှင်းပြထားပါသည်။ ဒုတိယအကြိမ်ထုတ်တွင် ချန်ထားရစ်ခဲ့ရသော ဝတ္ထုတစ်ပုဒ်လည်း ပြည့်စုံအောင် ပြန်လည် ထည့်သွင်းထားတဲ့ ဘာသာပြန်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

423

စာအုပ်အရွယ်အစား

5.8 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2024 မေလ၊ (စတုတ္ထအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“၂၀ရာစု ကမ္ဘာ့ဂန္ထဝင်ဝတ္ထုတိုများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မြသန်းတင့် စာအုပ်များ