မိညီမ
7500 (ကျပ်)
ဇာတ်လမ်းက ရိုးရိုးလေးပါပဲ။
အစ်ကို ၃ ယောက်ရဲ့ အငယ်ဆုံး ညီမလေး ‘ မိညီမ ‘ ၊
မိဘ ၂ ပါး မရှိတော့ကတည်းက အစ်ကိုတွေလက်ထဲမှာ ကြီးလာရလို့ အရိပ်တကြည့်ကြည့် အချစ်ခံရတဲ့ ‘ မိညီမ ‘ ၊
မိညီမကို မြင်မြင်ချင်းချစ်မိတဲ့ အလုပ်လက်မဲ့ လူငယ်လေးတစ်ယောက်။
ဆရာမင်းလူရဲ့ဝတ္ထုတွေ ထုံးစံအတိုင်း သိပ်ဆန်းပြားတဲ့ ဇာတ်လမ်းမျိုး မဟုတ်သလို တခမ်းတနား ဖွဲ့နွဲ့မထားဘူး။
ဒါပေမဲ့ ခေတ်တစ်ခေတ်ကို ဖြတ်သန်းသွားတဲ့ လူတွေ ၊ လူငယ်တွေ ကြုံရတဲ့ အခြေအနေ ၊ အခက်အခဲကိုတော့ မီးမောင်းထိုးပြသွားတယ်။
ဇာတ်လမ်းရိုးရိုးကိုပဲ အစမှအဆုံးတိုင် လက်ကမချနိုင်အောင် ဆွဲခေါ်သွားနိုင်တာ ဆရာမင်းလူရဲ့ အားသာချက်ပဲ။
ဒီဝတ္ထုရဲ့ အဓိက ပြောလိုရင်းက ဘွဲ့ရ အလုပ်လက်မဲ့ လူငယ်ပြသနာ၊ နှစ်ပေါင်းများစွာကြာတဲ့တိုင်အောင် ဖြေရှင်းဖို့ ခက်ခဲနေသေးတဲ့ ပြသနာတစ်ခုမို့ နှစ် ၃၀ ကျော် ကြာပြီးတိုင်လဲ မိညီမ ဟာ ခေတ်မီနေဆဲပါပဲ။
စာမျက်နှာ | 243 |
---|---|
စာအုပ်အရွယ်အစား | 5.3× 0.4 ×8.3 inches |
ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2023 မေလေ ၊ (ပဉ္စမအကြိမ်) |
23 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ