


အကြင်သူသည်
Rated 4.79 out of 5 based on 19 customer ratings
( 21 မှတ်ချက်) 13000 (ကျပ်)
…
| စာမျက်နှာ | 369 |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 0.7 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | အောင်မြင်စာပေ၊ 2018 သြဂုတ်လ (ပ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 29.10.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 13000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
19 in stock (can be backordered)
သိုးဆောင်း စာအုပ်များ
-
သိုးဆောင်းအကြင်သူသည်
13000 (ကျပ်)Rated 4.79 out of 5 based on 19 customer ratings( 21 မှတ်ချက်) -
သိုးဆောင်းလက်ညှိုးထိုး၍ပန်းဝေသည်
13500 (ကျပ်)Rated 4.71 out of 5 based on 7 customer ratings( 7 မှတ်ချက်) -
သိုးဆောင်းဝင်ခွင့်မရမြို့
10000 (ကျပ်)Rated 4.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
သိုးဆောင်းခေါင်ရန်းပန်းတို့ပွင့်နေပြီ
11500 (ကျပ်)Rated 4.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
သိုးဆောင်းကတိသစ္စာတည်သောခါဝယ် နွယ်မြက်သစ်ပင် ချစ်သက်ဝင်၏
11500 (ကျပ်)Rated 4.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းPSYCHO SOFTWARE
9500 (ကျပ်)Rated 4.50 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
သိုးဆောင်းဤအရပ်တွင်မိုးရွာခဲ့သည်
9500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းငါ့ရဲ့ဒေဝီ
11500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းမုဆိုးမရွာ
11000 (ကျပ်)Rated 4.75 out of 5 based on 4 customer ratings( 4 မှတ်ချက်) -
သိုးဆောင်းပုံပြင်တွေလွယ်ထားတဲ့ချစ်သူ
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းပဉ္စလက်ရွာ
11000 (ကျပ်)Rated 5.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
သိုးဆောင်းသူ… ဘယ်သူလဲ?
9500 (ကျပ်)Rated 3.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းအပေအတေတစ်ယောက်ရဲ့ ကျောင်းဆင်းချိန်
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းငါ့အလင်းတံခါးမှာ ဖယောင်းတိုင်ထွန်းထားတယ်
9000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းသုံးခါနမ်းမှ ပွင့်မယ့်ပန်း
9500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းမိုးမိသောအိမ်မက်များ
9000 (ကျပ်)Rated 4.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းသိသောသူမည်ကား ကြားပါစေ
11500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းကြယ်ကြွေမြို့တော်
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းဟာမစ့်တ်ပျောက်ဆုံးခြင်း
9000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းRevenge Story
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းရွှေအတိပြီးသော
11000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းခြေဆယ့်တစ်လှမ်း
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းဧဒင်မြို့ကအပြေးသမား
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းလျှို့ဝှက်မြို့ရိုး၏ နောက်ဆုံးအုတ်ချပ်
11000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းဟောဒါလက်ယာတောင်ဘက်ပါ
11000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းအလင်းမြို့
12500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းနှစ်ပါးသွား Message
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)





Ye Lynn –
ဆရာသိုးဆောင်းရဲ့ “အကြင်သူသည်”စာအုပ်က
ခံစားမှုရသအစုံကို ပေးစွမ်းသွားတယ်။ခေတ်နှစ်ခတ်ကို ယှဉ်ပြီးရေးခဲ့ပေ့မယ့် အစပ်အဟက်တွေက အရသာ အပြည့်ရှိတယ်။
နန်းနွယ်ဆိုတဲ့ လူကုန်ထံအသိုင်းအဝန်းက အမျုိးသားတစ်ယောက်က အချစ်ကိုတန်းဖိုးထားပုံ၊သူတန်းဖိုးထားတဲ့ ပန်းပွင့်လေးကို ဘယ်တော့မှမခူးဆွတ်ပဲနဲ့ အပင်ပေါ်လေးမှာပဲတင့်တယ်နေစေချင်တဲ့သူမျိုး၊ပြီးေတာ့ သူဟာ သင်လွယ်တတ်လွယ် ရှိပြီး သူစိတ်ပါဝင်စားတဲ့အရာကို လွယ်လင့်တကူ တတ်မြောက်နိုင်တဲ့ပါရမီ ထူးရှိသူတစ်ယောက်လည်း ဖြစ်တယ်။သူချစ်တဲ့ပန်းပွင့်လေးကို သူ့ရင်ထဲကုိမိုက်ရူးရဲဆန်ဆန်တိုးဝင်လာတဲ့ အချစ်ရဲ့စွမ်းအားသတ္တိေတွနဲ့ နေမထိ ၊လေမထိအောင်ကြိုးစားခဲ့ပေ့မယ့် သူလက်လွှတ်လိုက်ရတဲ့အခါမှာ ခံစားရတဲ့သူ့ခံစားမှုကို ဖော်ကျူးထားတဲ့အခါမှာ နန်းနွယ်ဆိုတဲ့အမျိုးသားတစ်ယောက်အတွက် ယူကြူံးမရဖြစ်မိတယ်။နန်းနွယ်ချစ်တဲ့ အမျိုးသမီးလေးဟာ ယမင်းသူဇာလို့ခေါ်တဲ့ သာမာန်ဇတ်သဘင်မင်းသမီးလေးတစ်ယောက်။နန်းနွယ်အတွက်တော့ ယမင်းရုပ်လေးပေါ့၊အဲ့ဒီယမင်းရုပ်လေးကြောင့်ပဲဘဝပျက်ခဲ့ရသလို ပျက်စီးယို့ယွင်းသွားခဲ့တဲ့ သူဘဝအတွက်လည်း ကျေကျေနပ်နပ်ကြီး ခံယူရင်း ချစ်သွားခဲ့တဲ့ သူ၊ဇတ်စင်အထက်မှာဖျော်ခဲ့တဲ့ ဖျယမင်းသူဇာဟာ အရမ်းကိုလှပခဲ့သလို သလွန်းညောင်စောင်းထက်က သူရဲ့အလှတရားဟာလည်း ပုရိသတို့အသည်းစွဲဖြစ်ခဲ့ရတယ်။ဘယ်လိုလူမျိုးလဲဆို ပဉ္စပါပီ သတို့သမီးလို သူ့ရဲ့အတွေ့အထိမှာ ကပ်ညှိသွားတဲ့ လူမှန်သမျှဟာ အရူးအမူးတန်းတန်းစွဲ ဖြစ်ရှာကြတယ်။အဲ့ဒီက ေနတဆင့် မင်းညီ၊မင်းသား မူးကြီးမတ််ရာေတွကသူရဲ့အလှတရားကို အသိအမှတ်ပြုလာကြပြီးအ ေခြွအရံ အစောင့်အရှောက်တွေနဲ့စံနန်းဆောင် ခံစားရလို့ရတဲ့ ယမင်းသူဇာဘဝကနေ ဝေဠုဝတီမင်းသမီးဘဝကိုရောက်ခဲ့ရတယ်။ဒါေပ့မယ့်သူဟာ သူရရှိခဲ့တဲ့ဘဝကိုပျော်ပိုက်နေခဲ့သူတစ်ေယာက်မဟုတ်ခဲ့ဘူး။သူဖြစ်ချင်တဲ့ဆန္ဒက တစ်ခုတည်းရယ် “သူရဲ့လုပ်အားခစစ်စစ်နဲ့ ၁၀၈တောင်ပြည့် စေတီတည်ပြီး သူ့ရဲ့ဝဋ်ကျွေးတွေ ဒီဘဝဒီမျှနဲ့ကျေပါစေကြောင်း ၁၀၈ခေါက်တိတိ”ဆုတောင်းချင်တာ သူအဖြစ်ချင်ဆုံးဆန္ဒပဲ။ဇတ်စင်ပေါ် သူရဲ့ကကြိုးတွေ ပီပြင်ခဲ့သလောက်၊သလွန်ညောင်စောင်းထက်ဝယ် သူ့ရဲ့ဘဝအကိုလည်း အပြီအပြင် ကပြနိုင်ခဲ့တယ်။
သူ့ဘဝ အလှည့်အပြောင်းးတွေကြမ်းတမ်းခဲ့ပေ့မယ့် ကြံကြံခံနိုင်ခဲ့တဲ့ သူရဲ့စိတ်ဓာတ်ကလည်း တစ်စွန်းတစတော့ လေးစားစရာပဲ။ယမင်းသူဇာဘဝကနေ ဝေဠုဝတီမင်းသမီးဘဝအထိ အပြစ်အနာအဆာကင်းစွာ ချစ်ခဲ့တဲ့၊ယမင်းသူဇာရဲ့ ရုပ်ဆိုးအထီးကျန်လှတဲ့ ညပေါင်းများစွာကိုကာကွယ်ပေးချင်တဲ့ သူတစ်ယောက်ကတော့ သူဌေးသားလေး နန်းနွယ်ဆိုတဲ့အမျိုးသားတစ်ယောက်ပဲ။သူ့ရဲ့အချစ်ေတွ၊ကာကွယ်ပေးချင်စိတ်ေဇာအဟုန်တွေက သူနောက်ဆုံးဆောက်လုပ်ပေးခဲ့ ဝေဠုဝတီစံနန်းဆောင်ကြီးက တိတ်တဆိတ် သက်သေပြသွားတဲ့တယ်။ ဒီစာအုပ်ကို ဖတ်ပြီးအချစ်ဆုိတာခန္ဓာကိုပူလောင်စေတဲ့ ရာဂမီးတွေ နဲ့ လုံးလုံးမပက်သက်ဘူးဆိုတဲ့ ဆရာသိုးဆောင်းပေးချင်တဲ့ message က တန်းတန်းမတ်မတ်ကြီး တိုးဝင်လာခဲ့တယ်။နန်းနွယ်နေရာမှာ ငါသာဆိုရင် ဒီလိုလုပ်မှာမဟုတ်သလို၊ဒီလောက်ထိလည်း ပေးဆပ်စရာမလိုဘူးဆိုပြီး စုတ်တသပ်သပ်ဖြစ်နေကြမလား?
နန်းနွယ်လုပ်ခဲ့တဲ့ အရာတွေပေါ်မှာ “ဟာကွာ”ဆိုပြီး အသံထွက်လောက်အောင်ကို ဆရာသိုးဆောင်းရဲ့အရေးအသားတွေက စာအုပ်တစ်အုပ်လုံးပြီးသည်ထိ လိမ္မာပါးနပ်စွာ ဆွဲခေါ်သွားတယ်။ဆွဲခေါ်သွားနိုင်လောက်လည်း ကောင်းတဲ့စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။
စာဖတ်သူအပေါင်း အေးချမ်းသာယာရှိကြပါစေ?
Mi Shweyee Win Htet –
အကြင်သူသည်
💢💢💢
ဘုရင်တွေစိုးစံခဲ့တဲ့ခေတ် မင်းနေပြည်တော်အခါကာလမှာ ”
ဒီပခုနှစ်တိုင်း”ရှိခဲ့ဖူးသည်။
သုဇလ္လဒီပတိုင်းမှာ မိဘနှစ်ပါးစလုံးမရှိတော့ဘဲ ဘဏ္ဏာထိန်းတစ်ယောက်ရဲ့အောက်မှာ အခြံအရံ အစေအပါးတွေနဲ့ ချမ်းသာကြွယ်ဝစွာကြီးပြင်းလာခဲ့တဲ့ သခင်လေးနန်းနွယ်နဲ့ မိဘတွေရဲ့အကြွေး
ဟောင်းတွေကြောင့် ဇာတ်ဆရာရဲ့လက်အောက်မှာ ဝဋ်ကြွေးကုန်သည်အထိ မိမိကိုယ်ကို ကျွန်တစ်ယောက်လိုသတ်မှတ်ထားခဲ့တဲ့
ကြွေရုပ်လို လှပနေပြီး ထိတွေ့ခဲ့ဖူးတဲ့ပုရိသအပေါင်းတို့ကိုရူးမူးသွားစေခဲ့တဲ့ ဇာတ်မင်းသမီး ယမင်းသူဇာတို့တွေ့ဆုံခဲ့ရပုံနှင့် အရူးအမူးချစ်မိသွားခဲ့တဲ့နန်းနွယ်ရဲ့ ရင်နစ်စရာဇာတ်လမ်းလေး။
ယမင်းသူဇာဆိုတဲ့ ခန္ဓာသည်တစ်ယောက်ကို မထိရက်မကိုင်ရက် တလေးတစား ငေးကြည့်ခဲ့ရလွန်းလို့ ချစ်စနိုးနဲ့ ယမင်းရုပ်လေး လို့
ခဏခဏရေရွတ်ခဲ့ရပြီး မိမိမှာရှိတဲ့စည်းစိမ်းတွေမကလို့ သွေးသားတွေခမ်းခြောက်သွားတဲ့အထိ ကာကွယ်သွားမယ်၊ဒါတွေမကလို့
နောက်ဆုံးစိတ်ဝိညာဉ်နဲ့ပါ ကာကွယ်စောင့်ရှောက်သွားမယ်လို့ပြောခဲ့တဲ့ သူဌေးလေးနန်းနွယ်တစ်ယောက် သူ့ရဲ့ယမင်းရုပ်လေးကို နောက်ဆုံးအချိန်အထိ ကာကွယ်ပေးဆပ်သွားနိုင်မလား။
တဏှာ၊ရာဂမီးတွေနဲ့ ပုရိသအရူးတွေရဲ့ အနန္တာရယ်ကြားထဲကနေ ယမင်းရုပ်လေးကိုကယ်တင်ခဲ့ချင်သော်လည်း ချစ်ရတဲ့သူမှာ ချစ်တဲ့သူရှိနေကြောင်းကိုသိခဲ့ရသော် ဘယ်လို ရင်နာစရာဇာတ်လမ်းတွေထပ်ရှိနေအုံးမလဲ။
ဇေယျဒီပ ကတ္တဒီပ နှစ်တိုင်းလုံးက သုဇလ္လဒီပကို စစ်ကြေညာလိုက်တဲ့အတွက်ကြောင့် တိုင်းပြည် ငြိမ်းချမ်းရေးကိုလိုလားတဲ့ အိမ်ရှေ့ကိုယ်တော်ကြီးက ယမင်းသူဇာအဖြစ်ကနေ မင်းသမီး ဝေဠုဝတီသို့
ထင်ရှားစေခဲ့ပြီး နန်းနွယ်ဟာ ယမင်းရုပ်လေးအနားကို ဘယ်လိုနည်းနဲ့ ကြိုးစားပြီးချည်းကပ်ခဲ့ရသလဲ။
သူမရဲ့အနီးအနားမှာနည်းမျိုးစုံနဲ့ ရှိနေခဲ့ပေမဲ့ ယမင်းရုပ်လေးတောင်မသိခဲ့ရတဲ့ အလွမ်းအဆွေးများစွာနဲ့ အရူးတဖွယ်ဖြစ်ခဲ့ရတဲ့
သူဌေးလေးနန်းနွယ်မှသည် ဆင်းရဲမွဲတေ လမ်းဘေးမှာအိပ်လမ်းဘေးမှာစားခဲ့ရတဲ့ ပေစုတ်စုတ်အရူးတစ်ယောက်အဖြစ်သို့ ဖြစ်ခဲ့ရတဲ့ စိတ်မချမ်းမြေ့စရာ အလွမ်းအခန်းတွေ။
ဘယ်လောက်ပဲ စိတ်တွေဝေဝါးပြီးရူးသွားခဲ့ရပေမဲ့
အချစ်ဆိုတာ ကာကွယ်ပေးခြင်းတစ်မျိုးပဲလို့ခံယူထားခဲ့နန်းနွယ်တစ်ယောက် ကံကောင်းစွာနဲ့ ကံကြမ္မာကသူ့ကို ကာကွယ်ခွင့်ပေးနိုင်မလား။
ယမင်းရုပ်လေးကို ကာကွယ်ပေးချင်တဲ့ စိတ်ဇောတွေနဲ့ ဘယ်လို တွေ အားကြိုးမာန်တက်နဲ့ ကြိုးစားရုန်ကန်ခဲ့ရသလဲ။
မင်းသမီးလေးစံပယ်ရာ စံနန်းဆောင်သစ်ကို ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ကာကွယ်တည်ဆောက်ပေးခဲ့သလဲဆိုတာကို လာရောက်အပျော်ကြံမယ့် ပုရိသတဏှာရူးတွေရဲ့ အရူးတစ်ယောက်လို ပြေးထွက်ခဲ့ရပုံကိုကြည့်ရင် သိနိုင်တယ်ဆိုပေမဲ့ အဆောက်အအုံတစ်ခုမှာ ဘယ်အရာတွေက လူတွေရဲ့စိတ်ခံစားချက်ကိုပြောင်းလဲသွားစေခဲ့ရသလဲဆိုတာကို အသေးစိတ် ပြောပြထားတဲ့ အချက်အလက်တွေ။
ပါရမီတော်အပြည့်နဲ့ ဉာဏ်ရည်ထက်မြက်လှတဲ့ နန်းနွယ် ရဲ့ဆောက်လုပ်မှု ပြီးစီးသွားတဲ့အချိန်မှာရောကံကြမ္မာက သူ့ရဲ့ယမင်းရုပ်လေးနဲ့တွေ့ခွင့်ပေးနိုင့်ပါ့မလာ။
ဝေဠုဝတီမင်းသမီးရဲ့ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ သူမရဲ့လုပ်အားခစစ်စစ်နဲ့ တည်ထားတဲ့ ဘုရားစေတီတော်ကြီးကိုတောင် ဖူးမြော်ခွင့်မရရှိခဲ့ရသည့်အပြင် သူမ ပြောပြချင်နေတဲ့
သခင်လေးနန်းနွယ်တည်ဆောက်ပေးခဲ့တဲ့ နန်ဆောင်သစ်မှာ စံပယ်ပြီးနောက်ပိုင်း ညတိုင်းမှာ သူမအန္တာရယ်ကင်းခဲ့ကြောင်းကို နန်းနွယ်နဲ့တွေ့ဆုံပြီး ပြောပြခွင့်ရနိုင်ပါ့မလား ။
အကြင်သူ (နန်းနွယ်) သည် လည်း အချစ်လွန်၍ သတ်စရာမလိုပဲ သေဆုံးသွားခဲ့ရသည့်အကြောင်းအရင်းကရော ဘာများဖြစ်မလဲ။
မျက်ရည်ကျစေလောက်တဲ့အထိ ရင်နစ်စရာဇာတ်လမ်းလေးတစ်ပုဒ်ပြီးဆုံးသွားခဲ့သည်။………
ပြီးပါပြီး….
**********
ဒီဝတ္ထုမှာ စာရေးဆရာကတော့ ယောက်ျားလေးတွေအတွက် ပေးချင်တဲ့ messageတွေရှိမယ့်ပုံပါပဲ။ပြီးတော့ အချစ်ကိုတန်ဖိုးထားသူတိုင်းဒီစာအုပ်ကို ဖတ်သင့်တယ်လိုထင်ပါတယ်။အချစ်ရဲ့လေးနက်ပုံ ၊အချစ်ရဲ့စွမ်းအားကြီးမားပုံတွေကို
နန်းနွယ်ဆိုတဲ့ အချစ်စစ်ကိုတန်ဖိုးထားတဲ့ ဇာတ်ကောင်တစ်ယောက်ကဖော်ပြသွားပေးခဲ့တယ်။
နန်းနွယ်ရဲ့ အချစ်ဟာ အတုယူဖွယ်ကောင်းသလို လေးစားဖွယ်လည်းကောင်းခဲ့ပါတယ်။
ဝတ္ထုရဲ့အဓိကဖော်ပြချက်ကိုပြောရမယ်ဆိုရင် ယောက်ျားကောင်း ယောက်ျာမြတ်တို့ရဲ့ အချစ်သည် ရာဂမီးတွေနဲ့ လုံးလုံးမပတ်သတ်ကြောင်း၊ အချစ်ဆိုတဲ့အရာဟာ ကာကွယ်ပေးခြင်းတစ်မျိုး ဖြစ်ကြောင်း၊ ပြီးတော့
အဆောက်အအုံတစ်ခုကို ဆောက်လုပ်ရာတွင် အလင်း၊အရောင်၊စိတ်ခံစားချက် အပေါ်မူတည်၍ လာရောက်ကြသည့်သူတိုင်းရဲ့စိတ်ကိုပြောင်းလဲစေတတ်ကြောင်းနဲ့ မနူဟာဘုရားရဲ့တည်ဆောက်ပုံကိုဥပမာပေးရှင်းလင်းဖော်ပြထားသည်ကို ဗဟုသုတအနေနဲ့အများကြီး သိရှိခဲ့ရပါတယ်။
moe ma kha –
စာအုပ်ကကောင်းပါတယ် ကောင်းကောင်းအရသာခံချင်ရင်တော့ ဘယ် review ကိုမှမဖတ်ပါနဲ့ သူတို့က ဇာတ်လမ်းတစ်ခုလုံးအတိုချုံ့ရေးထားကြတာ
အမည်မသိ –
စာအုပ်ဖတ်ပြီးမှသာနန်းနွယ်ရဲ့အချစ်အပေါ်တန်ဖိုးထားမှုကိုပြောင်မြောက်စွာရေးသားထားတာကိုသိရှိနိုင်မယ်
Reader –
နန်းနွယ်အချစ်ကြီးပုံကို ဖတ်ရတော့
ကျက်သီးထတယ် ပြီးတော့ ယမင်းရုပ်လေးရဲ့
သစ္စာစောင့်သိမှု
အပေါ်မှာလည်း အသက်တောင်ပေးဝံ့တယ်ဆိုတော့
ကျန်တာသိချင်ကိုယ့်ဟာကိုယ်ဖတ်
ငါလည်းစာအရှည်မရေးတတ်ဘူး