မုဆိုးမရွာ

( 2 မှတ်ချက်)

4200 (ကျပ်)

စာမျက်နှာ

295

စာအုပ်အရွယ်အစား

5.2 x 0.7 x 8.1 inches

ပုံနှိပ်မှတ်တမ်း

အောင်မြင်စာပေ၊ 2020 ဖေဖော်ဝါရီလ၊ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

1.10.2021 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် ၄၂၀၀ စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

5 in stock

မုဆိုးမရွာ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Thinzar

    “မြောက်ကျွန်းပုံပြင်သည် ပုံပြောသူ၏ စေညွှန်ရာအတိုင်းသာ အရာရာဖြစ်ပျက်လေ့ရှိသည်။
    ထိုအရာသည် …
    မနက်ခင်းတစ်ခုမှာမွေးဖွားသန့်စင်လာခဲ့၏”

    တဲအိမ်၉လုံး၊ မုဆိုးမ၉ယောက်၊ တိုးလည်းမလားဘူး၊ လျော့လည်းမသွားဘူး။ တိုးလာလည်းပိုတဲ့၁ယောက်ဟာအခြားအရပ်ကိုသူ့ဘာသူထွက်သွားရတယ်၊ လျော့သွားလည်းမုဆိုးမနောက်၁ယောက်ဟာအလိုလိုရောက်လာတယ်။ ထိုရွာကားမြောက်ကျွန်းရွာ(ဝါ)မုဆိုးမရွာ ဟုအမည်တွင်လေ၏။

    ကံဆုံကြုံကြိုက်မျက်စိလည်ပြီး ထိုမုဆိုးမရွာသို့ရောက်လာတဲ့လရိပ်၊ လရိပ်ကိုကယ်တင်ရန်ထိုရွာသို့ ကံ၏စေရာအတိုင်းရောက်လာတဲ့ လရိပ်၏ချစ်သူ ပိုင်သူ၊
    သူတို့၂ဦး ထိုရွာ၏လျှို့ဝှက်ချက်ကိုသိပြီး ရွာမှလွတ်မြောက်ရန်အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ဘဲ ကံတရား၏အမျိုးမျိုးသောလှည့်စားခြင်းခံရပုံ။

    ဒီစာအုပ်လေးမှာစာရေးဆရာဟာ သူ၏အာသီအတိုင်း လျှို့ဝှက်ဆန်းကြယ်မှုလေးတွေ ညှပ်သွင်း ရေးသားခဲ့တယ်။ သရဲစာအုပ်လို့ခေါ်လို့မရပေမယ့် ဖတ်နေရင်း သည်းထိတ်ရင်ဖို ဖြစ်မိတာတော့အမှန်ပေ။

    စာအုပ်၏အနှစ်ကား လူဘဝမှာမကောင်းမှုများစွာပြုမိခဲ့၍ ကံတူအကျိုးပေး နေ့စံညခံ ဝေမာနိကပြိတ္တာမျိုးနွယ် ဘုံဘဝတွေကို အသားပေးရေးထားသည်ကိုဖတ်ရပါတယ်။
    နေ့ဘက်တွင် လှပကျော့ရှင်းပြိုင်စံရှား ရက်ကန်းသည်မလေး၉ဦး သည်၎င်း၏ဆန့်ကျင်ဘက်ဖြစ်တဲ့ ညဘက်တွင် အကျွတ်တရားရနိုင်ရေးအတွက်အချင်းချင်း သူ့ထက်ကိုယ်အသာ ရက်စက်စွာသတ်ဖြတ်ကြရပုံတွေ၊
    ထိုသူတို့၏ ထိုဘုံဘဝဠ် အခါခါ သေဆုံးရပုံတွေ၊ ကျွတ်လမ်းဝင်ဖို့ပဟေဠိဆန်ဆန် တွေကိုရင်ဆိုင်ဖြေရှင်းကြရပုံတွေကို
    သည်းထိတ်ရင်ဖိုဖတ်ရှုရမှာဖြစ်ပါတယ်။

  2. Chit Oo Naing

    အရမ်းကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။ ဖတ်နေရင်း မြောက်ကျွန်းရွာ ကို ကိုယ်တိုင်ရောက်သွားသလိုမျိုး ခံစားရမယ့် စာအုပ်ကောင်း တစ်အုပ်မို့ ဖတ်ရှုကြည့်ဖို့ အကြံပြုပါရစေ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

သိုးဆောင်း စာအုပ်များ