


ဝင်ခွင့်မရမြို့
10000 (ကျပ်)
? သင်တို့ရဲ့ ဘဝသက်တမ်းတလျောက် ထူးခြားတဲ့ လက်ဆက်ပွဲမျိုး ဘယ်နှခုလောက် ကြုံဖူးခဲ့ပါသလဲ…။
လက်တစ်ဖက်က အမြဲတမ်း အေးခဲနေတတ်တဲ့ ဇရပ်လေးတစ်လုံးပေါ်က ကော့လုခ်ဆိုတဲ့ အဖိုးကြီးကိုရော မြင်တွေ့ဖူးခဲ့ပါသလား…။
ပြီးတော့ နှုတ်မှပြောမိသမျှ ကမ္ဘာလောကကြီး အကူအညီနဲ့ အလုံးစုံဖြစ်ပျက်လာလေ့ရှိတဲ့ ဝိုဒင်ဆိုတဲ့ ကလေးလေးကိုရော သတိရမိသေးပါရဲ့လား…။
သူဟာ…ခင်ဗျားတို့ရွာကြီးပျက်မယ်လို့ နှုတ်မှ လွှတ်ခနဲ ပြောမိလိုက်တယ်။ ဒါကို ရွာသားတွေက ဝိုင်းရိုက်တယ်။ ပြီးတော့ အဲဒီရွာဟာ တကယ်ပဲ ပျက်သွားခဲ့ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ကမ္ဘာအနှံ ဒဿနရေးရာတွေ လိုက်လံဟောပြောတဲ့ ကော့လုခ်ဆိုတဲ့ အဖိုးကြီးအနီးကို ဝိုဒင်ဆိုတဲ့ ကလေးလေး ရောက်လာခဲ့တာလည်း တိုက်ဆိုင်မှုမဟုတ်ဘူး။
နောက်ပြီး သူတို့ရှိနေတဲ့အရပ်ကို ဇီနိုနဲ့ ဂျူဂျူးဆိုတဲ့ ချစ်သူနှစ်ဦး ညကြီးအချိန်မတော် ရောက်ရှိလာတာလည်း တိုက်ဆိုင်မှုမဟုတ်ဘူး။
လာဆာမြို့တော်ကြီးဆီ လမ်းညွှန်ပေးခဲ့တာလည်း တိုက်ဆိုင်မှုမဟုတ်ပါဘူး။
ဘာကြောင့်ဆို ကော့လုခ်ရဲ့လက်ဟာ အရမ်းအေးခဲနေခဲ့ပြီလေ။ အဝေးကို မျှော်ကြည့်ခြင်း စိတ်ထားတဲ့သူ ကူညီပေးခဲ့တဲ့ လာဆာမြို့မှာလည်း ချစ်သူနှစ်ဦးကို အဆင်ပြေစေချင်တယ်။
ဒါပေမဲ့ အရာရာ အဆင်ပြေနေခဲ့ရင် ဘဝရဲ့အရသာ မရှိနိုင်တော့တဲ့ သဘောတွေက လာဆာမြို့မှာ ချစ်သူနှစ်ဦးကို ဆီးကြိုနေခဲ့တယ်။
သူတို့ ပြိုင်ဆိုင်ရလိမ့်မယ်။ ခေတ်ကိုကျော်လွန်ထားတဲ့ လူတစ်စုရဲ့ မင်္ဂလာပွဲကို သူတို့ရဲ့ နှလုံးသားပေါင်းစည်းမှုတွေနဲ့ သဘာဝတရားကြီးရဲ့ အကူအညီတွေပေါင်းယူရင်း သူတို့ပြိုင်ရလိမ့်မယ်။
အဲဒီအတွက် ခက်ခဲမှုအဆင့်ဆင့်တွေက လာဆာမြို့မှာ ဆီးကြိုနေခဲ့ပါတယ်။
ဒါဟာ မိမိကြိုက်ရာမိမိ မဲပေးရွေးချယ်နိုင်ခွင့်ရှိတဲ့ ပြိုင်ပွဲတစ်ခုပါ။
သူ့ကို လက်ဆက်ပွဲတော်လို့ ခေါ်ပါတယ်။
အကယ်၍များ သင်ဟာ ထူးထူးခြားခြား မင်္ဂလာပွဲလေးများကို ကြိုက်နှစ်သက်လေ့ရှိတယ်ဆိုရင် ဒီစာအုပ်လေးက သင့်ကို ကူညီပေးပါလိမ့်မယ်။
| စာအုပ်အရွယ်အစား | 5.1 × 0.5 × 8.1 inches |
|---|---|
| စာမျက်နှာ | 192 |
| ပုံနှိပ်မှတ်တမ်း | အောင်မြင်စာပေ၊ 2020 စက်တင်ဘာ |
| ဈေးနှုန်းအပြောင်းအလဲ | 14.5.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 10000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
16 in stock
သိုးဆောင်း စာအုပ်များ
-
သိုးဆောင်းအကြင်သူသည်
12500 (ကျပ်)Rated 4.79 out of 5 based on 19 customer ratings( 21 မှတ်ချက်) -
သိုးဆောင်းလက်ညှိုးထိုး၍ပန်းဝေသည်
13000 (ကျပ်)Rated 4.71 out of 5 based on 7 customer ratings( 7 မှတ်ချက်) -
သိုးဆောင်းဝင်ခွင့်မရမြို့
10000 (ကျပ်)Rated 4.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
သိုးဆောင်းခေါင်ရန်းပန်းတို့ပွင့်နေပြီ
10000 (ကျပ်)Rated 4.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
သိုးဆောင်းကတိသစ္စာတည်သောခါဝယ် နွယ်မြက်သစ်ပင် ချစ်သက်ဝင်၏
11000 (ကျပ်)Rated 4.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းPSYCHO SOFTWARE
9500 (ကျပ်)Rated 4.50 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
သိုးဆောင်းဤအရပ်တွင်မိုးရွာခဲ့သည်
9500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းငါ့ရဲ့ဒေဝီ
11000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းမုဆိုးမရွာ
11000 (ကျပ်)Rated 4.75 out of 5 based on 4 customer ratings( 4 မှတ်ချက်) -
သိုးဆောင်းပုံပြင်တွေလွယ်ထားတဲ့ချစ်သူ
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းပဉ္စလက်ရွာ
9500 (ကျပ်)Rated 5.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
သိုးဆောင်းသူ… ဘယ်သူလဲ?
9500 (ကျပ်)Rated 3.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းအပေအတေတစ်ယောက်ရဲ့ ကျောင်းဆင်းချိန်
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းငါ့အလင်းတံခါးမှာ ဖယောင်းတိုင်ထွန်းထားတယ်
9000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းသုံးခါနမ်းမှ ပွင့်မယ့်ပန်း
9500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းမိုးမိသောအိမ်မက်များ
9000 (ကျပ်)Rated 4.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းသိသောသူမည်ကား ကြားပါစေ
11000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းကြယ်ကြွေမြို့တော်
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းဟာမစ့်တ်ပျောက်ဆုံးခြင်း
9000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းRevenge Story
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းရွှေအတိပြီးသော
11000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းဧဒင်မြို့ကအပြေးသမား
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းခြေဆယ့်တစ်လှမ်း
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းလျှို့ဝှက်မြို့ရိုး၏ နောက်ဆုံးအုတ်ချပ်
11000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းဟောဒါလက်ယာတောင်ဘက်ပါ
11000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းအလင်းမြို့
12000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်)


Su Pyae –
စိတ်ဝင်စားစရာကောင်း
Khine Su Yin (verified owner) –
စဥ်းစားတွေးတောစရာတွေပြည့်နှက်နေတဲ့ဒီစာအုပ်…..
စဥ်းစားတွေးတောရလည်း စိတ်ကူးယဥ်ဆိုရင်ခံစားသက်ဝင်လို့မရဘူးလို့ဆိုဦးမလား
တကယ်ရှိတဲ့မြို့တဲ့….
“ဝင်ခွင့်မရမြို့”
ကော့လုခ်ဆိုတဲ့အဖိုးအိုနဲ့ ဝိုဒင်ဆိုတဲ့သနားစရာကောင်းတဲ့ကောင်လေးတို့ရဲ့ ပဟေဠိဆန်မှုတွေ
အသိုင်းအဝိုင်းကသဘောမတူလို့ လူးကပ်(စ်)(Lucus)မြို့ကထွက်ပြေးလာခဲ့တဲ့
ဇီနို နဲ့ ဂျုဂျူးတို့ချစ်သူနှစ်ဦး….
လုခ်အဖိုးအိုရဲ့လမ်းညွှန်ကူညီမှု ဝိုဒင်ရဲ့ကူညီမှုတို့နဲ့
သူတို့ချစ်သူနှစ်ဦး ဝင်ခွင့်မရမြို့ဆိုတဲ့ Lhasa(လာဆာ)မြို့ကိုရောက်သွားတဲ့အခါ….
တစ်နှစ်မှာတစ်နေ့ပဲလက်ထပ်ခွင့်ရှိတဲ့ လက်ဆက်ပွဲကြီးအကြောင်း..
ဝင်ခွင့်မရမြို့(Lhasaမြို့)နဲ့ လုခ်အဖိုးအိုကြားကပတ်သက်မှု….
ဒါတွေအပြင်ကိုယ်သဘောအကျဆုံးကတော့….
ဘဝမှာဘာတစ်ခုမျှပြည့်စုံမှုမရခဲ့တဲ့သူတစ်ယောက်ကသူရဲ့နောက်ဆုံးစျာပနကို ဘဝရဲ့တစ်ခုတည်းသောပြည့်စုံမှုအဖြစ်မျှော်မှန်းပြီးသူအသေချင်ဆုံးပုံဆံကိုလွမ်းလွမ်းလေးရေးထားတဲ့
ဝိုဒင်ရဲ့ကဗျာရှည်ကြီးတစ်ပုဒ်
“စိတ်ကြိုက် စျာပန”တဲ့ ကဗျာတွေမခံစားတတ်တဲ့ကိုယ်တောင် အိပ်ယာဝင်တိုင်းဖတ်ချင်စိတ်ပေါက်လာတဲ့ကဗျာရှည်ကြီး…
တွန်းလှည်းကြိတ်သံ တဂျီဂျီ
ခြေသံရှပ်ရှပ်
ဆေးဝါးရနံ့ ၊ ငိုကြွေးနံ့တွေနှင့်
အဖြူရောင်ဝတ်စုံတွေကြား
အသက်ရှူပိုက်ကိုရှိုက်ရင်းနဲ့ငါ
မသေဆုံးပါရစေနဲ့။
ငါကိုယ်တိုင်မြင်နေရတဲ့ငါ့ခန္ဓာကို
ဘယ်သူတစ်ဦးတစ်ယောက်မှ
မျက်ရည်ပိတ်ဖြူမအုပ်စေနှင့်
သူ့ဘာသာသူလွတ်လပ်ပါစေ။
လွန်စွာသန့်ရှင်းစင်ကြယ်သော
ငါ့ဖခင်ဘုရားသခင်က ငါ့ပေါ်မိုး၍
ကောင်းချီးပေးလိမ့်မည်။
သင်တို့လည်းနာယူပါ
သတိ….မငိုပါနဲ့။
ငါ့အသားအရိုး ၊ အဖြူရောင်သွေးတွေနဲ့
သနံ့ရည်တွေထည့်ဖို့
အနက်ရောင်သေတ္တာရှည်တစ်လုံး
မဝယ်ပါနဲ့
အနက်ရောင်ကိုငါမုန်းတယ်။
ခေါင်းတလားထဲပန်းတွေထည့်ပြီး
ငါနဲ့အတူ လောင်ကျွမ်းမပစ်လိုက်ပါနဲ့
ပြာအိုးယူဖို့မမျှော်ပါနဲ့
သံစားမီးက ငါ့အသားကိုမဝါးနိုင်ဘူး။
ဝါးစိမ်းနက်နက်ခြောက်ကွက်ယက်ပြီး
မြစ်ဆုံမြစ်ခွမျောမချလိုက်ပါနဲ့
အပြစ်မဲ့တဲ့ရေကိုသနားပါ။
ငါ့ကိုခေါ်သွားမယ့်လေကိုအားနာပါ။
ငါ့ခန္ဓာကစစ်ချမယ့် အရည် နဲ့ အနံကို
ငါတာဝန်မယူနိုင်ဘူး။
အရယ်အပြုံးတွေကင်း
ဝမ်းနည်းမှုနဲ့ငိုကြွေးမှုတို့ မရှင်သန်တဲ့နေရာ
ထာဝရမဖြစ်တည်တဲ့နေရာမှာပဲ
ငါ့ခန္ဓာတစ်ကိုယ်စာကို တူးဆွယက်ဖော်ပေးပါ။
ငါ့ခေါင်းတည့်တည့်ကိုနေမင်းဖုံးတဲ့အချိန်
လေးအေးတစ်ချက် ဝေ့ဝိုက်တဲ့အခါ
အဲဒီအချိန်မှာအားလုံးပြုံးရယ်ရင်း
ငါ့ကိုမြေဖို့ပေးကြပါတော့။
ပြီးတော့…..
ခနော်ခနဲ့ မှတ်တိုင်အစား
ငါ့နှလုံးသားတည့်တည်းပေါ်
သစ်ရာတစ်ပင်လောက်စိုက်ပေးလျင်ဖြင့်
သင်တို့တာဝန်ကျေပါပြီ။
…….တာဝန်ကျေပါပြီ။
မတည်မြဲတဲ့ငါ့ခန္ဓာကို
တည်မြဲသယောင်ထင်တဲ့မြေထုထဲသို့ပဲ
တိုးဝှေ့ပစ်လိုက်တော့မယ်ကွယ်…
ငါ့ကို…ခွင့်လွှတ်ကြပါ…..
ခွင့်လွှတ်ကြပါ…..
ခွင့်လွှတ်ကြပါ…..
နှုတ်ဆက်ခဲ့ပါတယ်….
နောက်ပြီး…မင်းတို့အားလုံးကိုလည်း
ငါစောင့်နေမယ်
မင်းတို့အခုမမြင်နိုင်သေးတဲ့
တစ်နေရာမှာပေါ့…။
သွားပြီ၊
ထာဝရထွက်ခွာသွားပြီ၊
ငါ့ကိုလက်ခုပ်လက်ဝါးတီးပြီးအားပေးကြပါ။
ကမ္ဘာသစ်တစ်ခုခုမှာပဲ
ပြန်တွေ့ကြတာပေါ့နော်…
ဟုတ်တယ်မလား
အဲ့ဒီရောက်မှတွေ့ကြမယ်။
ကမ္ဘာဦးလူသားတွေအနေနဲ့ပေါ့……
#ဝိုဒင်
#သိုးဆောင်း #ဝင်ခွင့်မရမြို့
Zaw Htet –
သိုးဆောင်း ရေးတဲ့ စာပေတွေအမြဲဖတ်ရတာ နှစ်သက်ပါတာ်။