


ခေါင်ရန်းပန်းတို့ပွင့်နေပြီ
4000 (ကျပ်)
ကမ်းခြေလေးတစ်ခုသည် နေ့အလင်းဖြင့် လင်းချင်းဝင်းပကာနေပါ၏။ သဲသောင်ပြင်သည် လူအချို့ကို ထမ်းတင်ထားသည်။ ကမ်းခြေသည် ထူးဆန်း၏။ လူတိုင်းရောက်လာခွင့်မရှိသလို ရောက်လာသမျှ လူတိုင်းသည်လည်း သင်္ဘောပေါ်တက်ခွင့်မရှိ။ ကမ်းခြေကို ရောက်လာသူတို့ လုပ်ရမည့်အလုပ်သည် လှုံ့ဆော်မှုကိုစောင့်ကာ စကားပြောရခြင်းဖြစ်၏။ ကမ်းခြေ၏စည်းကမ်းမှာ လှုံ့ဆော်မှုကုန်လျင် ပြောစကားကို ရပ်ရ၏။
တစ်ခါတလေ ပင်လယ်သံကို နားထောင်ရတာ
တော်တော်…အရသာမဲ့လွန်းတယ်….
နေဝင်တော့မယ်…ပြောကာမှ…
ငှက်ဆိုးက ထတွန်လာတာမျိုး……..
ဇာတ်ညွှန်းရေးဆရာ နှောင်းနေသည် အောင်မြင်သော ရုပ်သံဇာတ်လမ်းတွဲများကို ရေးသားထားနိုင်သူဖြစ်ပြီး လှို့ဝှက်ထူးဆန်းသော အလုပ်တစ်ခုကိုလည်း ပူးတွဲလုပ်ဆောင်နေသူဖြစ်သည်။ သူ့တွင် မေနှစ်ကုန် ဟုခေါ်သည့် သူ့အပေါ်အရမ်းချစ်သော ဇနီးသည်တစ်ဦးလည်းရှိသည်။ သူတို့နှစ်ဦးမှာ တိုက်ခန်းလေးတစ်ခု၌ အချိန်ကာလတစ်ခုကို ဖြတ်သန်းလာပြီးနောက် နှောင်းနေ၏အမူအရာများ စတင်ပျက်ယွင်းလာတော့၏။ သူ၏ လှို့ဝှက်သောအလုပ်ကြောင့် ညသန်းခေါင်များတွင် တစ်စုံတစ်ဦးဆီသို့ message များပို့လာသည်။ နှောင်းနေ၏ အမူအရာပျက်ယွင်းမှုကို သတိထားမိသော ဇနီးသည် နှစ်ကုန်သည်လည်း ထူးဆန်းစွာပင် ဖုန်းဖြင့် တစ်စုံတစ်ဦးဆီသို့ message များပို့လာတော့သည်။
နှောင်းနေတို့နေထိုင်ရာ တိုက်ခန်း၏အပေါ်ဘက် ငါးလွှာတွင် စိမ်းလဲ့ ဟုခေါ်သော ကလေးတစ်ယောက်မိခင် ရှိသည်။ သူမသည်လည်း တိုက်ဆိုင်စွာပင် ဖုန်း message များပို့လာပါတော့၏။
ထိုစဉ် ကမ်းခြေသို့ ထောင်ကျနေသော စိမ်းလဲ့ခင်ပွန်း ဝေဖြိုး၊ စီးပွားရေးသမား ဦးသန်းထိုက်၊ စိတ်ပညာပါမောက္ခ ဦးခင်ဖေတို့ ထပ်ရောက်လာသည်။
ညသည် မှောင်ခဲ့ပြီဖြစ်၏။
သင်္ဘောကား ခုထိမလာသေး…..။
စာမျက်နှာ | 287 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.7 x 8.1inches |
ပုံနှိပ်မှတ်တမ်း | အောင်မြင်စာပေ၊ 2021 ဖေဖော်ဝါရီလ |
8 in stock
သိုးဆောင်း စာအုပ်များ
-
သိုးဆောင်း
အကြင်သူသည်
4200 (ကျပ်)Rated 4.78 out of 5 based on 9 customer ratings( 11 မှတ်ချက်) -
သိုးဆောင်း
ဝင်ခွင့်မရမြို့
3500 (ကျပ်)Rated 4.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
သိုးဆောင်း
ခေါင်ရန်းပန်းတို့ပွင့်နေပြီ
4000 (ကျပ်)Rated 4.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
သိုးဆောင်း
PSYCHO SOFTWARE
3500 (ကျပ်)Rated 4.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်း
ဤအရပ်တွင်မိုးရွာခဲ့သည်
3500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်း
မုဆိုးမရွာ
4200 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
သိုးဆောင်း
သူ… ဘယ်သူလဲ?
3500 (ကျပ်)Rated 3.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်း
ပဉ္စလက်ရွာ
3500 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
သိုးဆောင်း
အပေအတေတစ်ယောက်ရဲ့ ကျောင်းဆင်းချိန်
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်း
ပုံပြင်တွေလွယ်ထားတဲ့ချစ်သူ
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်း
ငါ့အလင်းတံခါးမှာ ဖယောင်းတိုင်ထွန်းထားတယ်
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်း
မိုးမိသောအိမ်မက်များ
3000 (ကျပ်)Rated 4.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်း
သုံးခါနမ်းမှ ပွင့်မယ့်ပန်း
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်း
ဟာမစ့်တ်ပျောက်ဆုံးခြင်း
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်း
ဧဒင်မြို့ကအပြေးသမား
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
Victoria Phyo –
ဆရာသိုးဆောင်းရဲ့ အရေးအသားကို အရမ်းနှစ်သက်မိ၍….
Mi Shweyee Win Htet –
🖤တိုက်ခန်းရဲ့ ၅လွှာမှာနေတဲ့ စိမ်းလဲ့ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ခင်ပွန်းသည်တို့ ဖောက်ပြန်နေကြသလား လို့ မယုံသင်ကာနဲ့ ညတိုင်းမအိပ်စက်ဘဲ ခင်ပွန်းသည်ကို စောင့်ကြည့်နေရတဲ့ “မေနှစ်ကုန်”။
(စိတ်မှာတော့ နေ့လား ညလားတောင်မကွဲပြာတော့တဲ့ ကျွန်မအခန်းရဲ့ တံခါးလေးကို တွန်းဖွင့်ပြီး ကိုနေ ပြန်လာခေါ်မယ့်အချိန်ကို ဝေဝေမောမောနဲ့ မျှော်မိနေဆဲပါ။)
🌺ထိုရက်မှာ ထူးထူးခြားခြား
ခေါင်ရမ်းပန်းတွေ ပွင့်နေကြလေရဲ့။🌺
🖤ခင်ပွန်းသည်ထောင်ကျပြီးနောက် သမီးလေး စံစံနဲ့ ၅လွှာကိုပြောင်းလာပြီးနောက် စိမ်းလဲ့ရဲ့ ဘဝတွေမှာ ဘာတွေထပ်ဖြစ်လာအုံးမလဲ။
(အကယ်၍သင်ဟာ ကုန်လွန်ခဲ့သော ကာလတစ်လျှောက် ပင်ပင်ပန်းပန်း အားစိုက်ထုတ်စရာ မလိုဘဲ သက်သာသောနည်းနဲ့ လိုသလောက် ငွေကြေးကို ရရှိခဲ့တယ်..ဆိုပါစို့။လိုတာထက် ပိုပြီးတော့လည်း သုံးစွဲခဲ့ဖူးတယ်..ဆိုပါစို့။အကယ်၍များသင်ဟာ နောင်အနာဂတ်ကို မဆိုထားနဲ့အခုလောလောဆယ် အတွက်ပင် ငွေကြေးဆိုသော ပုစ္ဆာမဇာ အခက်တွေ့နေတယ် ဆိုပါစို့။အကယ်၍ သင့်မိဘ၊သင့်အသိုင်းအဝိုင်းက ငွေကြေးဆိုတာ ဂုဏ်သိက္ခာရှိသော နည်းနဲ့သာ ရှာဖွေရခြင်းဖြစ်ကြောင်း၊လူတစ်ယောက်ရဲ့ သိက္ခာသည်သာ အတိတ်၊ပစ္စုန်ပ္ပန်အနာဂတ်မှာ မလဲပြိုနိုင်သောအရာဖြစ်ကြောင်း၊ကောင်းမွန်သောအသိ ကောင်းမွန်သော အဆုံးအမများနဲ့ ဆုံးမပေးဖို့ ပျက်ကွက်ခဲ့သည်ဆိုပါစို့ ။
သင်ကိုယ်တိုင်ကငြင်းပယ်ထားခဲ့သည်ဆိုပါစို့။)
🖤ဇာတ်ညွှန်းဆရာဖြစ်တဲ့အတွက်ကြောင့် အရေးကြီးတဲ့အကြောင်းအရာ၊အချက်အလက်တွေကို ဇနီးသည်ကိုမပြောပြဘဲလျှို့ဝှက်ထားရလောက်တဲ့ အကြောင်းအရာက ဘာများဖြစ်မလဲ။
အဲ့ဒီလျှို့ဝှက်ချက်ကြောင့်ပဲ ဇနီးသည်ဟာစိတ်ရောဂါစွဲကပ်လာခဲ့တာကို မသိမထားမိတဲ့ “နှောင်းနေ”
(ရိုးရိုးပြောလည်း..
ကွာပေးမှာပါ ဇနီးသည်ရယ်…
ဘာကြောင့်များ ခုလိုလုပ်ရက်ရတာလဲ)
🖤ကျွန်မဘဝရဲ့ ဘာနဲ့မှလဲလို့မရတဲ့
ကြည်နူးဖွယ် နေ့ရက် ကလေးတွေပေါ့။
“ချစ်လိုက်တာ ကိုနေရယ်..”လို့
ရေခဲသေတ္တာဖွင့်ပြီး ပြောနေရတာကိုက
ကျွန်မအတွက်အဓိပ္ပာယ်ရှိနေတာ..
ဒီတစ်ခါတော့ နှစ်ကုန်နားက
ဘယ်မှထွက်မသွားပါနဲ့တော့ ကိုနေရယ်.. နော်🖤
ဤနေရာသည် ကမ်းခြေတစ်ခု ။
“ဟေ့ကောင် ..ဇော်ကြီး အသံကြားလိုက်လား”
“ကြားတယ်…ငါသည် အသံကြားလို့စက်ဘီးရပ်ပြီး နားထောင်နေတာ”
“မင်းဘာကြားလိုက်တာလဲ”
“စကားပြောသံ”
အေး ငါလည်း စကားပြောသံပဲ၊တစ်ယောက်တစ်ပေါက် ဝိုင်းပြောနေကြသလိုမျိုးကြားလိုက်တာ”
“အေး..ကြက်သီးတောင်ထလာပြီး
🌺တစ်ခါတစ်လေ ပင်လယ်သံကို နားထောင်ရတာ
တော်တော် အရသာမဲ့လွန်းတယ်
နေဝင်တော့မယ်ပြောကာမှ
ငှက်ဆိုးက ထတွန်လာတာမျိုး🌺
🖤အပြန်အလှန်အရမ်းချစ်ကြတဲ့ နှောင်းနေနဲ့ မေနှစ်ကုန်
တို့ရဲ့အိမ်ထောင်ရေးကို ဖျက်ဆီးစေခဲ့တဲ့ တရားခံက စိမ်းလဲ့လား။
ဒါမဟုတ်မေနှစ်ကုန်ရဲ့ စိတ်ရောဂါကို ကုသပေးနေတဲ့စိတ်ရောဂါအထူးကု ပါမောက္ခရဲ့ ပယောဂကြောင့်လား၊ဒါမဟုတ် ဘာအကြောင်းကြောင့်တွေလဲ ။
ဒီစာအုပ်မှာ တွေးတောခြင်းတွေနဲ့ ပြည့်နှက်နေပြီးဇာတ်လမ်းရဲ့အဖြစ်အပျက်တွေကို စာဖတ်သူတွေက လိုက်ပြီး စဉ်းစားနေရတယ်။ဇာတ်သိမ်းရောက်ခါနီးမှာ ဖတ်လိုက်ရတဲ့ ခံစားချက်ကတော့ ရှယ်ပဲ။🥺