လက်ညှိုးထိုး၍ပန်းဝေသည်

( 5 မှတ်ချက်)

8000 (ကျပ်)

ကျွန်တော် အိပ်မက်တစ်ခုကို အကြိမ်ကြိမ်မက်ခဲ့ဖူးတယ်။ သိပ်ကို ခြောက်ခြားရှုပ်ထွေးလွန်းတဲ့ အိပ်မက်မျိုးပေါ့…။ အဲ့ဒီမှာ တောင်ကုန်းတစ်ခုက အမြဲပဲ မီးခိုးတွေဝေသီနေပါတယ်၊ တစ်ခါတလေ မီတွေ ထတောက်တတ်တယ်။ ပြီးတော့… အသံတွေ…၊ ကျွန်တော်ကြားခဲ့ဖူးသမျှ သိပ်ကို ဝမ်းနည်းခံပြင်းဖို့ကောင်းလွန်းတဲ့ အသံ…။ ကနောင်… ဆိုတာကိုကြားတယ်၊ ယိုးမယ်… ဆိုတာကိုကြားတယ်။အဲ့ဒီအသံတွေကို ရက်စက်စွာ ဖုံးလွှမ်းပစ်တတ်တဲ့ လက်ခုပ်သံနဲ့ ရယ်သံတွေကိုလည်း ကြားတယ်။ အံ့ဩစွာ ရပ်ကြည့်နေရင်းနဲ့ ကျွန်တော့်တစ်ကိုယ်လုံး အပူတွေကူးစက်လာပါတယ်။ ကျွန်တော့မျက်စိရှေ့မှာပဲ တောင်ကုန်းပေါ်ကသစ်ပင်တွေ သေသွားတယ်။ ချက်ချင်းပဲ ညှိုးခြောက်ပြီး… ချက်ချင်းပဲ အရိုးပြိုင်းပြိုင်းကျသွားတယ်။ခြေသံကို သတိထားကြည့်မိတော့ အပူလောင်ထားတဲ့မျက်နှာနဲ့ လူတစ်ဦးကိုတွေ့တယ်။ ယနေ့… ရွာမှာ လူတစ်ယောက် ထပ်သေပြန်ပြီတဲ့။ အဲ့ဒါကြောင့် ရွာသားတွေစုဝေးပြီး လူတွေဆက်တိုက်သေဆုံးမှုကို အဖြေရှာကြမယ်တဲ့…။ တအောင့်နေတော့ ထပ်ကြားရတယ်၊ လူတွေသေတာ စုန်းပြုစားလို့တဲ့…။ တချို့က တောစောင့်နတ်တောင်စောင့်နတ်တွေကို မိုက်မှားမိလို့ အပြစ်ပေးခံရတာတဲ့…။

အံ့ဩဖို့ကောင်းတာက ဒီလိုဖြစ်ရပ်မျိုး ဟိုးလွန်ခဲ့တဲ့ကာလတစ်ခုက ဒီရွာမှာ ဖြစ်ခဲ့ဖူးတယ်ဆိုတာပဲ။သက်ကြီးတွေ စကားပြောတော့လည်း သက်ငယ်တွေကြားရတာပေါ့။ နောက်ဆုံးမှာ အဖြေတစ်ခုထွက်တယ်။ သင်္ချိုင်းမှာ နေရာမှားခဲ့တာကြောင့်တဲ့…။ ဟော…ဒီအသံကြားတော့ မသတီဖွယ်လူတစ်ယောက်ရဲ့အပြုံးကို အိပ်မက်ထဲမှာတင် ကျွန်တော်ရှင်းရှင်းမြင်လိုက်ရတယ်။ဘာလို့များ ကနောင်နဲ့ ယိုးမယ်တို့ရဲ့ချစ်ခြင်းကို ခင်ဗျားတို့လျှော့တွက်တာလဲ။ သူတို့တွေ သိပ်ချစ်ခဲ့တယ်၊ သိပ်ချစ်လို့ အမျက်တွေ သိပ်ကြီးတယ်။ လူက ဆက်သေနေဦးမှာပါပဲ…၊ တောင်ကုန်းမှာလည်း မီးတွေဆက်တောက်နေလိမ့်မယ်။ သေချာနားထောင်ပြီး သေချာကြည့်ရင် သူတို့နှစ်ဦးက,တဲ့ နှစ်ပါးသွားကိုတောင် ခင်ဗျားတို့ မြင်ရကြားရလိမ့်ဦးမယ်။ဟော…တွေ့လား၊ သူတို့ညွှန်တဲ့ လက်ညှိုးကြောင့် တောင်ကုန်းပေါ်မှာ အခု ပန်းတွေဝေနေပြီ။

စာမျက်နှာ

416

စာအုပ်အရွယ်အစား

5.3 x 0.4 x 8.1 inches

ပုံနှိပ်မှတ်တမ်း

အောင်မြင်စာပေ၊ 2023 ဇန်နဝါရီလ (ပထမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

17.5.2024နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 8000ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

22 in stock

လက်ညှိုးထိုး၍ပန်းဝေသည် အား ဝေဖန်သုံးသပ်မှု 5 ရှိပါသည်။

  1. Jue

    သိပ်ကောင်းတဲ့စာအုပ်လေးပါပဲ
    လျှို့ဝှက်ဆန်းကျယ်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့နောက်ခံနဲ့ချစ်သူနှစ်ယောက်ရဲ့အချစ်စစ်..
    ရင်နှစ်ဖွယ်ဇာတ်လမ်းလေးပါ

  2. Danica

    ဘယ်နှကြိမ်ဖတ်ဖတ်ရိုးမသွားသောစာအုပ်ကောင်းလေးပါတကယ်ဖတ်လို့ကောင်းတယ် ကနောင်နဲ့ယိုးမယ်ရဲ့ချစ်ခြင်းတွေကိုအတိုင်းသားမြင်နေတယ် ခံစားချက်မျိုးစုံပေးနိုင်တယ်

  3. Aeri Myat

    “ငါချစ်ရင် မိုးကို လှေကားထောင်ပေးမယ်။ပင်လယ်ကို တံတားခင်းပေးမယ်။ငါ မုန်းရင်တော့ ငရဲကိုတောင် ပြာကျအောင် မီးရှို့ပစ်မယ်။”
    ဒွေးပင်ရွာကလေးဆီက အပင်တွေ မရှင်သန်နိုင်တဲ့ ထူးဆန်းသော “ခြောက်သွေ့တောင်ကုန်း” ဆီက မြေသားပူပူတွေ…
    ဒွေးပင်ရွာကလေးမှာ လူတွေဆက်တိုက်
    6သဆုံးနေရတဲ့ အကြောင်းရင်း….
    အသက်ကို ပဓါနမထားဘဲ ချစ်ခြင်းမေတ္တာနဲ့ ကြံ့ကြံ့ခိုင် ရင်ဆိုင်သွားတဲ့
    “ကနောင်”နဲ့ “ယိုးမယ်” ဆိုတဲ့ ချစ်သူနှစ်ဦး….
    အချစ်ကိုရှေ့တန်းတင်တယ်ဆိုတာမျိုးထက် သစ္စာတရား၊အပြန်အလှန်လေးစားခြင်းစတာတွေကို ပိုပြီးခံစားမိစေတဲ့ စာအုပ်လေးပါ။
    နောက်ပြီး ဒေါသနဲ့6သဆုံးသွားရတဲ့
    ဘဝတစ်ခုရဲ့နောက်မှာ သံသရာဝဋ်ဆင်းရဲဒုက္ခတွေ၊ စွဲလန်းမှုတွေရှိတတ်ကြောင်း၊ဘယ်လောက်ပဲ ရှောင်ပြေးပါစေ မကောင်းမှု အကုသိုလ်ရဲ့ အကျိုးအပြစ်ကို ခံစားရမှာဖြစ်ကြောင်း စတာတွေကိုပါ အသိ၊ သတိလေးရစေပါတယ်။
    ဒေါသ၊မောဟ စိတ်တွေကြောင့် အစွန်းနှစ်ဖက်လုံး ပူလောင်ရပုံများပေါ့…။
    ဖတ်ရတာ သနားစရာလည်းကောင်းသလို သံဝေဂရစရာလည်း ကောင်းပါတယ်။
    #သိုးဆောင်း
    #လက်ညှိုးထိုး၍ပန်းဝေသည်
    #reviewby하은
    #18Nov2023

  4. Eaindra Tun Ko Ko

    လူတွေရဲ့ ရက်စက်မှုတွေနဲ့ ချစ်သူနှစ်ဦးရဲ့ခိုင်မြဲတဲ့ချစ်ခြင်းအကြောင်း ကိုဝမ်းနည်းဖွယ်ဖတ်ရှုခဲ့ရပါတယ်။ အချစ်ဆိုတာ အသက်ဘေးကိုတောင်ထည့်တွက်စရာမလိုတဲ့အထိ အရေးပါတယ်ဆိုတာ ခင်ဗျားမျက်ဝါးထင်ထင်တွေ့ခဲ့ပီမဟုတ်လာဦးသိုက်ညိုရေ ခင်ဗျားရဲ့ဝဋ်ကြွေးတွေကိုခင်ဗျားပြန်ပေးဆပ်ရတာ ဖြစ်သင့်ပါတယ်။ ကနောင်နဲ့ယိုးမယ်တို့လည်းနောက်ဘဝဆက်တိုင်းမှာ အတူတကွပေါင်းဖက်နေထိုင်နိုင်ကြပါစေ။မင်းတို့ရဲ့ချစ်ခြင်းလမ်းကြောင်းခရီးမှာလည်းအနှောင့်ယှက်အဟန့်အတားကင်းဝေးကြပါစေလို့ ဆုတောင်းပေးပါတယ်။

  5. Han Lynn Aung

    သိုးဆောင်က စာအရေအသားအရမ်းကြိုက်ပါတယ် ရင်ထဲရောက်အောင်ရေနိင်ပါတယ် ။🥰🌷

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

သိုးဆောင်း စာအုပ်များ