ကတိသစ္စာတည်သောခါဝယ် နွယ်မြက်သစ်ပင် ချစ်သက်ဝင်၏

( 1 မှတ်ချက်)

11000 (ကျပ်)

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကွယ်…၊ ဖြစ်လေရာဘဝမှာ
ငါ့ဘေး မှာ မင်းရှိရင်ရှိ…၊ မရှိရင်တော့ မင်းဘေးမှာ ငါရှိပါရစေ။
ပူတစ်လှည့် အေးတစ်လှည့် ရင်ခွင်နဲ့ပဲ
မြေမှာ ဒူးထောက်လို့
စာတချို့ ထပ်ရေးလိုက်တယ်။
ပိုဝေးလေ ပိုသေးလေဆိုတဲ့
သီအိုရီတစ်ခု ရှိတယ်တဲ့ ။
ဒါပေမယ့် ကြယ်လေးရယ်
ငါကတော့ နင့်ကို ပိုဝေးလေ ပိုချစ်လေပါ။

အချစ်ဆိုတာ ပျော်ရွှင်ကြည်နူးခြင်းထက်
တစ်ခါတစ်ရံမှာ ကြွေလွင့်ခံစားခြင်းက ပိုအဓိပ္ပါယ်ရှိတယ်လို့ သူထင်တယ်။
ဒီတစ်သက်လည်း ထိပ်ထားသိအောင် မကြိုးစားတော့ဘူးလို့ သူ ဆုံးဖြတ်ထားတယ်။

အဓိကကတော့
အပြင်ကို ဖွင့်ထုတ်လိုက်ရင်
ရင်ထဲက သူမကို ချစ်တဲ့ အချစ်တွေ
လျော့နည်းသွားမှာ စိုးလို့ပါ။
ဒီအတိုင်းလေးပဲ ရင်မှာသော့ခတ် ၊
ချစ်တတ်တဲ့စိတ်တွေ အပြည့်အသိပ်
သိုလှောင်ထားတော့မယ်။
ကမ္ဘာတွေ အလီလီပြောင်းလို့ သူ့အရိုးစုကို
နှောင်းလူတွေ ပြန်ဖော်တွေ့ခဲ့ရင် လေ့လာမှုတခုအဖြစ်
ခတ်ထားတဲ့သော့ကို ဖွင့်ကြည့်မိကြမှာပါ ။
ဒီအခါမှာ” ထိပ်ထားရေ…” လို့ အမည်တပ်ထားတဲ့ အချစ်အကြောင်း
သီဖွဲ့မှုတွေကို သူတို့တွေ ပြန်ခံစားရလိမ့်မယ် ။
ထိုခံစားမှုတွေနဲ့ပဲ လျော့ပါးလွင့်ပြယ်နေတဲ့
သူတို့ရဲ့ နှလုံးသားကို ပြန်အရောင်တင်နိုင်လိမ့်မယ်။
အထိအတွေ့ကို ဦးစားပေးတဲ့
အပေါစားအချစ်တွေကို ဘေးဖယ်ပြီး
သိမ်မွေ့နက်ရှိုင်းတဲ့ မေတ္တာစစ်ကို
ပြန်ရှာတွေ့ကြလိမ့်မယ် ။
ပြီးတော့ ” တကောင်း ” ဆိုတဲ့ နာမည်ကို တဖွဖွခေါ်ပြီး
သူတို့နှလုံးသားကို
အသစ်ပြန်တည်ဆောက်ကြလိမ့်မယ်။

အနုပညာကို ဦးစားပေး ရေးဖွဲ့ထားသော ဝတ္ထုတစ်ပုဒ် ဖြစ်ပါသည်။ ရေးသားခဲ့သော အရင်လက်ရာများ နှင့်တော့ ကွဲလွဲကောင်း ကွဲလွဲ နေပါလိမ့်မည်။

စာမျက်နှာ

252

စာအုပ်အရွယ်အစား

5.3 x 0.4 x 8.1 inches

ပုံနှိပ်မှတ်တမ်း

အောင်မြင်စာပေ၊ 2023 မေလ (ဒုတိယအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

1.6.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 11000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

8 in stock

ကတိသစ္စာတည်သောခါဝယ် နွယ်မြက်သစ်ပင် ချစ်သက်ဝင်၏ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. အမည်မသိ

    တကောင်းရဲ့အချစ်က နန်းနွယ်နဲ့ကနောင်တို့ထက်မလျော့ပါဘူး ဒါပေမဲ့ သူ့မှာ ချစ်လို့ချစ်ကြောင်းလူတွေ့ဝန်ခံခွင့်မရခဲ့ဘူး..ရှေ့ဖြစ်ဟောနေနိုင်တဲ့ဆရာလေးတစ်ယောက် မင်းသမီးတစ်ယောက်ကိုချစ်မိလို့ ဥယျာဉ်သည် ဖြစ်ခဲ့ရတယ် ရာဇဝတ်သားဖြစ်ခဲ့ရတယ် ထိပ်ထားလေးရေမင်းသိမှာပါ..အခုထိသာရှိသေးမယ်လို့ အချစ်တွေနဲ့ဆောင်ထားတဲ့ မြက်ပင်လေးကို မလွှင့်ပစ်ပါနဲ့ဦး..ထိပ်ထားလေးကို တက်ကုန်ရွက်ကုန်ချစ်ခဲ့ဖူးတဲ့လူတစ်ယောက် ရှိခဲ့တယ်ဆိုတာ ထိပ်ထားလေးမမေ့သေးအောင်ပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သိုးဆောင်း စာအုပ်များ