ရွှေအတိပြီးသော

( 1 မှတ်ချက်)

11000 (ကျပ်)

အဆုံးမရှိတဲ့ လိမ်ညာမှုတွေထဲကြယ်တွေကို ထိုင်ငေးဖူးတယ် ၊ကောင်မလေးရေလွမ်းလိုက်တာ…

နှင်းမှုန်တွေကြားမှ ကင်ပွန်းစခန်း၊ ခြေလျှင်အတက်လမ်းမှ ဓာတ်ပေါင်းစုစေတီတော်၊ ရေမြောင်ကလေး၊ ပြီးတော့ ရွှေရင်ဆို့၊ ရွှေရင်သာ၊ ကျွန်တော်တို့ ရေအတူချိုးခဲ့ကြသည့် ရေမြောင်ကြီးစခန်း၊ တောင်ပေါ်မှ ထမင်းဆိုင်တန်းနှင့် မျက်နှာချင်းဆိုင်မှ အခန်းလေးတစ်ခန်း၊ အတိတ်ကံအကြောင်းရှိလို့ ဆုံခဲ့ရသည့် ရေစက်လေး( ၃ )စက်၊ ရင်ပြင် တော်ပေါ်မှ New Year ပွဲတော်နှင့် ဆီမီး( ၉၀ဝ၀ )ည၊ ရေတံခွန်လမ်းမှ အမှတ်တရများ….

သိပ်ကိုဖိအားကင်းခဲ့သည့် လူငယ်ဆန်ခဲ့ချိန်တွေပါပဲ၊ ကျွန်တော့်မှာ ဖတ်နေရင်းပြန်ငယ်သွားလိုက်တာ ချက်ချင်းဂစ်တာကောက်ကိုင် သီချင်းအော်ဆိုရတဲ့အထိ…

မည်သည့်စကားလုံး၊ ဝါကျတစ်ခုတလေကိုမျှ ကျွန်တော် မထိရက် မတို့ရက်ခဲ့၊ ဘယ်အချိန်ပြန်ဖတ်ဖတ် ကျိုက်ထီးရိုးရဲ့ ည( ၂ )ည ကို ငါတို့ဒီလိုဖြတ်သန်းခဲ့ပါလား အမှတ်ရချင်သည်၊ မှတ်တမ်းသဘောလေး ဖြစ်စေချင်သည်၊ ကျွန်တော်တို့ခေတ် ကျွန်တော်တို့အခါရဲ့ လူငယ်သဘာဝ၊ အချစ်ကိုနားလည်ထားကြပုံ စသည့်အယူအဆများကို ယနေ့ခေတ်လူငယ်တွေ သိစေချင်သည်။ ထိုလူငယ်တို့သည်လည်း သူတို့ခေတ်ပြိုင်ဖြတ်သန်းပုံများကို မှတ်တမ်းပြု၍ နောက်လူငယ်တွေကို သိစေချင်သည်။ ထိုစိတ်လေးဖြစ်လာတော့ ကျွန်တော့်မှာ ဤဝတ္တုရဲ့ မည်သည့် အစိတ်အပိုင်းတစ်ခုတလေကိုမျှ မထိရက် မတို့ရက်ခဲ့တော့…

စာရေးသူနဲ့အတူ အသက်တွေကြီးလာကြတဲ့ ရောင်းရင်းတို့တွေလည်း ဒီဝတ္တုလေးများပြန်ဖတ်မိခဲ့ရင် သူတို့လည်း ငယ်ဘဝကို သတိပြန်ရကြမယ့်စာအုပ်လေးဖြစ်ပါတယ်။

✨ အသက်တွေကြီးသွားပုံများ မြန်လိုက်တာလေ ယခုစာအုပ်ထွက်ခဲ့ပြီးတာ (၁၁) နှစ်သက်တမ်းကျော်ခဲ့ပြီး ယခု ဒုတိယအကြိမ်ပြန်ထုတ်ဝေတာဖြစ်ပါတယ်။ ဒုတိယအကြိမ်ထွက်ဖို့ ပြန်ဖတ်ရတော့ အရင်ဆုံးခံစားမိတာက
ဪ လတ်ဆတ်လိုက်တာ နုပျိုလိုက်တာ ဟူသည့်ခံစားမှု၊ ပြီးတော့…ရိုးသားမှု၊ အဲ့ဒီအချိန် အဲ့ဒီကာလဟာ ကျွန်တော်နဲ့ဝတ္တုသာ ရှိခဲ့ရသည့်အချိန်၊ စာရေးခြင်းအနုပညာတစ်ခုတည်းအပေါ်မှာသာ ရှိသမျှအရာအားလုံး
ပုံပေးထားသည့်အချိန်…

လွမ်းလိုက်တာ အဲ့အချိန်၊ အဲ့လိုကာလမျိုး ပြန်လိုချင်လိုက်တာလေ ဝတ္တုလေးမှာပြန်စီးမျောရင်း အတိတ်ကပုံရိပ်အချို့ကို ပြန်မြင်ယောင်ရင်းတကယ်ကို ( ၁၀ )နှစ်လောက်ပြန်ငယ်သွားသလို ခံစားမိလိုက်ပါရဲ့…

စာမျက်နှာ

251

စာအုပ်အရွယ်အစား

5.2 x 0.4 x 8.1 inches

ပုံနှိပ်မှတ်တမ်း

အောင်မြင်စာပေ၊ 2024 မေလ(ဒုတိယအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

8.6.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 11000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

6 in stock

ရွှေအတိပြီးသော အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. လင်းခန့်ပိုင်(လဝီစွန်း)

    ကျွန်တော်ရဲ့ပထမဦးဆုံးဖတ်ဖူးတဲ့ ဝတ္ထုဖြစ်တဲ့အပြင် စာရေးဆရာကြီးရဲ့ ဝတ္ထုကလည်း ကျိုက်ထီးရိုးစေတီတေယ်ကြီး အကြောင်းတွေပါ ထည့်သွင်း ရေးသားထားကို အလွန်နှစ်သက်တယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သိုးဆောင်း စာအုပ်များ