ဧဒင်မြို့ကအပြေးသမား

( 0 မှတ်ချက်)

4000 (ကျပ်)

😘🥰😍 သင်တို့ကိုရော….
ကောင်လေးတစ်ယောက်က
မြောင်းကျော်ခဲ့ရမလား…ဟု မေးလာလျှင်
သင်…ဘယ်လိုပြန်ဖြေမည်နည်း….။ 😘🥰😍

❤ နှင်းဆွတ်သောမနက်ခင်းတို့ ရောက်လာပြန်သောအခါ….
မြင့်မားလတ်ဆတ်သော လေအချို့ ကျွန်တော့်ဝင်သက်တွင်း တိုးဝှေ့ကျီစယ်လာသောအခါ….
အနည်းငယ် အနည်ထိုင်စပြုနေပြီဖြစ်သော နှလုံးသားဟာ
ပြန်လည်လှုပ်ရှား သက်ဝင်လာတတ်ပါတယ်။
အထူးသဖြင့် မီးခိုးတွေတလူလူလွင့်ပြီး ပွတ်တိုက်ယိမ်းထိုးသွားလာတတ်တဲ့ အကြီးစား
ပိုးတီကောင်ကြီးကို မြင်ရခဲ့အခါမျိုးမှာပေါ့……

❤ ဟိုးလွန်ခဲ့တဲ့ ကာလတစ်ခုမှာ သူ့နည်းသူ့ဟန်နဲ့ သမားရိုးကျမဆန်သော
ချစ်သူနှစ်ဦး ရှိခဲ့ဖူးပါသတဲ့…။ သူတို့ရဲ့ကြီးပြင်းရာမှာ ခပ်ညံညံအချစ်ဇာတ်လမ်းတွေထဲကအတိုင်း သိပ်ကိုချမ်းသာတဲ့
မိဘတွေ ရှိကြပါသတဲ့…။ ထိုမိဘတွေကလည်း လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပြန်သတဲ့…။
နောက်ပြီး ပေါတောတောဇာတ်ကွက်တွေအတိုင်းပဲ လူငယ်နှစ်ဦးရဲ့နောင်ရေးကို ရွှေလမ်းငွေလမ်းတွေ
ခင်းပေးထားသတဲ့…။

❤ ကြည့်ပါဦး……ဘယ်လောက်များ သမားရိုးကျတွေ ဆန်နေလိုက်သလဲ။
အဲ့လို အပေါစားဆန်မှုတွေဟာ စာလေးတစ်စောင်မှာ အဆုံးသတ်သွားတယ်ဆိုရင် ခင်ဗျားတို့ ကျွန်တော့်ကို
အပြစ်တင်ကြမလား…။

❤ သမားရိုးကျတွေကို ဖယ်ခွာလိုက်သောအခါ puzzle တစ်ချပ်နဲ့ personality တွေ
ပါလာတယ်။ 🥰 “မြောင်းကျော်ခဲ့ရမလား…” ဆိုတဲ့ သိပ်လှတဲ့ပုံပြင်လေးတစ်ပုဒ် ပါလာတယ် 🥰 ။ ပြီးတော့
စိမ်ပြေးတမ်း ကစားချင်တဲ့ အမျိုးအရင်းကြီးတွေ ပါလာတယ်။

❤ ချောင်းမဟုတ်၊ မြစ်မဟုတ်ပါဘဲ အဲ့ဒီအရပ်ဟာ တသွင်သွင်စီးဆင်းနေပါသတဲ့…။ အဲ့ဒီမှာ နတ်သမီးတွေ ရေချိုးဆင်းကြပါသတဲ့…။ ကျွန်တော်ကတော့ အဲ့ဒီကိုရောက်တိုင်း အခုထိ ရင်တွေခုန်နေတုန်းပါပဲ။ အကယ်၍များ ဆန္ဒရှိရင် ခင်ဗျားတို့ကိုလည်း အဲ့ဒီအရပ်ကို ခေါ်သွားချင်ပါတယ်။

❤ သမားရိုးကျတွေကို ခင်ဗျားတို့မကြိုက်ခဲ့ဘူးဆိုရင်ပေါ့……..။

စာမျက်နှာ

239

စာအုပ်အရွယ်အစား

5.3 x 0.4 x 8.1 inches

ပုံနှိပ်မှတ်တမ်း

အောင်မြင်စာပေ၊ 2022 မေလ၊ (ဒု-ကြိမ်)

8 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဧဒင်မြို့ကအပြေးသမား” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

သိုးဆောင်း စာအုပ်များ