ပုံပြင်တွေလွယ်ထားတဲ့ချစ်သူ

( 0 မှတ်ချက်)

4000 (ကျပ်)

❤ သမိုင်းကြောင်းတလျှောက် ယုန်နဲ့လိပ်ဟာ ဘယ်နှကြိမ်လောက်များ အပြေးပြိုင်ဖူးတယ်လို့ သင်ထင်ပါသလဲ၊ ယုန်တို့ရဲ့ ပျင်းရိခြင်းနိုင်ငံတော်ဟာ ကိုရွှေလိပ်တို့ရဲ့ ဉာဏ်များခြင်း ဗုံးဆံတွေအောက်မှာ သွေးတောက်တောက်ကျအောင် အရှက်ရခဲ့ဖူးတယ်။ လိပ်အပေါင်းရဲ့ လက်ခမောင်းသံကို သင်ကြားရလား…၊ သူတို့ရဲ့ အခွံမာကျောကုန်းကို တဘုန်းဘုန်းထုရင်း ရင်နာမိတဲ့ ပွဲတော်တစ်ခု မရောက်ခင်မှာပေါ့…။
❤ ဟော……လမ်း,မပေါက်တဲ့ ဟိုတောင်ကြားမှာ ကျောက်ဆစ်သမားရဲ့ တူထုသံတွေ ကြားနေရပြီ၊ သူတို့လင်မယားဟာ နှစ်(၃၀)တိုင်တိုင် သိပ်ချစ်ကြသတဲ့…၊ ရဲ့ရင့်သူတို့ရဲ့သစ္စာဆိုတာ တောင်ကြီးတွေကို မ,ရွှေ့နိုင်ကြောင်း သင်မြင်ရကြားရလိမ့်မယ်…။
❤ ဒီအရပ်ဟာ အောင်မြေပဲ…၊ အဲဒီအောင်မြေကို နင်းပြီး စင်ရော်ငှက်လေး ကောင်းကင်ပေါ်ပျံတက်သွားတာ၊ မြူခိုးတွေနဲ့ နိမ့်သောအရပ်ကို သူမကြိုက်ဘူး၊ မယုံရင်စောင့်ကြည့်…စိတ်မှာဆွဲတဲ့မျဉ်းလောက် ဘယ်ဂြိုလ်ပတ်လမ်းမှ မဖြောင့်မတ်ဘူးဆိုတာ တွေ့ရလိမ့်မယ်…။
❤ အားလုံးကိုမေ့ပစ်လိုက်ရင်တောင် တစ်မြို့လုံးကို ရေနှစ်သတ်ပစ်မယ့် ကြွက်လေးတစ်ကောင်ရဲ့ နာကျည်းမှုကို မမေ့ပါနဲ့၊ သူဟာလည်း ကမ်းနဖူးမှာ လက်သီးဆုပ်, တောက်ခတ်ရုံနဲ့ ပြီးသွားခဲ့တာ မဟုတ်ဘူး…။
❤ သေဆုံးခြင်း အဘိဓမ္မာတွေကို သဘောကျမိသည့်တိုင် ရင်ဘတ်နက်နက်ထဲမှာပဲ လက်ဝါးခြင်းရိုက်ပြီး သိမ်းထားလိုက်ပါ၊ ဒီဇာတ်လမ်းမှာ အချစ်နဲ့စပြီး အချစ်နဲ့ပဲ ဆုံးပါရစေ…။
❤ အရာအားလုံးဟာ ပုံပြင်များကို နှစ်သက်စွဲလန်းတဲ့ ကောင်မလေးတစ်ဦးကပဲ စတင်လာခဲ့ပါတယ်။
သူမဟာ ကျွန်တော်တို့ကျောင်းထဲမှာ သိပ်လှခဲ့တယ်…။ ။
(သိုးဆောင်း)

စာမျက်နှာ

192

စာအုပ်အရွယ်အစား

5.1 x 0.4 x 8.1 inches

ပုံနှိပ်မှတ်တမ်း

အောင်မြင်စာပေ၊ 2022 ဇန်နဝါရီလ၊ (ဒု-ကြိမ်)

12 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပုံပြင်တွေလွယ်ထားတဲ့ချစ်သူ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

သိုးဆောင်း စာအုပ်များ