


အကြင်သူသည်
Rated 4.79 out of 5 based on 19 customer ratings
( 21 မှတ်ချက်) 13000 (ကျပ်)
…
| စာမျက်နှာ | 369 |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 0.7 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | အောင်မြင်စာပေ၊ 2018 သြဂုတ်လ (ပ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 29.10.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 13000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
19 in stock (can be backordered)
သိုးဆောင်း စာအုပ်များ
-
သိုးဆောင်းအကြင်သူသည်
13000 (ကျပ်)Rated 4.79 out of 5 based on 19 customer ratings( 21 မှတ်ချက်) -
သိုးဆောင်းလက်ညှိုးထိုး၍ပန်းဝေသည်
13500 (ကျပ်)Rated 4.71 out of 5 based on 7 customer ratings( 7 မှတ်ချက်) -
သိုးဆောင်းဝင်ခွင့်မရမြို့
10000 (ကျပ်)Rated 4.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
သိုးဆောင်းခေါင်ရန်းပန်းတို့ပွင့်နေပြီ
11500 (ကျပ်)Rated 4.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
သိုးဆောင်းကတိသစ္စာတည်သောခါဝယ် နွယ်မြက်သစ်ပင် ချစ်သက်ဝင်၏
11500 (ကျပ်)Rated 4.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းPSYCHO SOFTWARE
9500 (ကျပ်)Rated 4.50 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
သိုးဆောင်းဤအရပ်တွင်မိုးရွာခဲ့သည်
9500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းငါ့ရဲ့ဒေဝီ
11500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းမုဆိုးမရွာ
11000 (ကျပ်)Rated 4.75 out of 5 based on 4 customer ratings( 4 မှတ်ချက်) -
သိုးဆောင်းပုံပြင်တွေလွယ်ထားတဲ့ချစ်သူ
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းပဉ္စလက်ရွာ
11000 (ကျပ်)Rated 5.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
သိုးဆောင်းသူ… ဘယ်သူလဲ?
9500 (ကျပ်)Rated 3.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းအပေအတေတစ်ယောက်ရဲ့ ကျောင်းဆင်းချိန်
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းငါ့အလင်းတံခါးမှာ ဖယောင်းတိုင်ထွန်းထားတယ်
9000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းသုံးခါနမ်းမှ ပွင့်မယ့်ပန်း
9500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းမိုးမိသောအိမ်မက်များ
9000 (ကျပ်)Rated 4.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းသိသောသူမည်ကား ကြားပါစေ
11500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းကြယ်ကြွေမြို့တော်
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းဟာမစ့်တ်ပျောက်ဆုံးခြင်း
9000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းRevenge Story
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းရွှေအတိပြီးသော
11000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းခြေဆယ့်တစ်လှမ်း
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းဧဒင်မြို့ကအပြေးသမား
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းလျှို့ဝှက်မြို့ရိုး၏ နောက်ဆုံးအုတ်ချပ်
11000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းဟောဒါလက်ယာတောင်ဘက်ပါ
11000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သိုးဆောင်းအလင်းမြို့
12500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
သိုးဆောင်းနှစ်ပါးသွား Message
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)





နှောင်းလင်္ကာ –
ဒီစာကိုဆရာမကဗဟုသုတအနေနဲ့ပြောခဲ့တာပါ
စနားထောင်တုန်းကအရမ်းကြိုက်လို့ရှာကြည့်တာပါ
ဦးသိုးဆောင်းဒီထက်ပိုပြီးအောင်မြင်ပါစေနော်
Xîñ Mîññ Htêt –
စာအုပ်မှာ အစအလည်အဆုံး စာဖတ်သူတိုင်းကိုခံစားချက်အမျိုးမျိုးရရှိစေပါလိမ့်မယ်?…….
ချစ်ခြင်းမေတ္တာ ကြောင့် ရှိသမျှ စည်းစိမ်ဥစ္စာတွေ
အကုန်ခံပြီး ခန္ဓာသည် သဘင်သမ တစ်ယောက်ရဲ့
ညတွေကို အေးချမ်းမှုပေးခဲ့တယ်
ကိုယ်ချစ်တဲ့သူ က တခြားတစ်ယောက်ကို
ချစ်နေတာတောင် သူ့ရဲ့နောက်ဆုံး အချိန်ထိ
ချစ်ရသူ အတွက်ပဲပေးဆပ်သွားခဲ့တယ်
?
သေချာတာကတော့ဖတ်နေတဲ့သူရဲ့ရင်ထဲဆို့နစ်လာတဲ့ Feeling တစ်ခုကို မလွဲမသွေခံစားစေရမယ်ဆိုတာပါပဲ?ပြီးတော့စာအုပ်ကိုဖတ်မိသူတိုင်း မင်းသားနန်းနွယ်ရဲ့အချစ်ကိုလက်ဖျားခါသွားမှာအသေချာပါပဲ?ကျန်တာကတော့ကိုယ်တိုင်သာဖတ်ကြည့်ကြတော့?
????????????
“ခက်တော့လည်းအချစ်ဆိုတာမျိုးက
ခန္ဓာကို ပူလောင်စေတဲ့ ရာဂမီးတွေနဲ့
လုံးလုံးမပတ်သက်ကြောင်း
အချစ်ကို
တစ်လေးတစ်စား တန်ဖိုးထားသူ
တစ်ချို့တလေကပဲ
သိနိုင်တက်ကြတာလေ …..”
(စာအုပ်နောက်ကြောကစာသားလေး?)
နှစ်ဦးနှစ်ဖက်ချစ်တာမဟုတ်ရင် ချစ်တဲ့တစ်ဖက်ကအရာရာပေးဆပ်အနွံတာခံချစ်လည်းအချည်းနှီးပဲဆိုပြီး ဒီစာအုပ်ဖတ်ပီး သိလိုက်ရတယ်?
Ye Min Thant –
သိုးဆောင်းစာအုပ်တွေက ပဟေဠိနဲ့အဆုံးသတ်လေ့ရှိတယ်လို့ ကြားဖူးတယ်ပေါ့ သိုးဆောင်းကို စဖတ်မိတော့ ပညာရှိပိုင်း စာပေလေ့လာဖတ်လေ့ ရှိတဲ့လူဖတ်လို့ရလောက်တဲ့ အဆင့်မြင့်ရေးထားတာမဟုတ်ပါဘူး သာမန် ခံစားတတ်တဲ့လူဖတ်ပြီးခံစားနိုင်လောက်တဲ့ အနေအထားမှာတွေ့ရပါတယ်။
စာအုပ်ကလေးတွေ့တော့ ကချေသည်ရုပ်သေးရုပ်ပုံ ကြိုးဆွဲရာလုပ်ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်။ ဇာတ်ဆောင်တွေကတော့ ကြိုးဆွဲသူက ကံဇာတ်ဆရာ၊ ကသူက နစ်နစ်နာနာအလုပ်တွေလည်းလုပ်ကိုင်ရသလို အပြုံးနဲ့ သမာအာဇီဝကျတဲ့အလုပ်လည်းလုပ်ကိုင်ရတဲ့ မိန်းမပြည်တန်ဆာ ဇာတ်မင်းသမီးလေး၊ မင်းသမီးလေးကို တစ်ဖက်သက် ချစ်မိတဲ့ မင်းသမီးလေးရဲ့ ပြည်တန်ဆာအဖြစ်ညတွေကို ကာကွယ်ချင်တဲ့အဆောဗျတ်မြို့က သူဌေးလေးတစ်ယောက်၊ အဓိကက နှစ်ယောက်ပေါ့။ အချစ်ပေါ်အခြေခံပြီး ကျက်သီးထဖွယ် အကြောင်းအရာတွေကို စိတ်ဝင်စားအောင် စကားလုံးတွေရင်ထဲ ပွတ်သိပ်ထည့်သလို ဖတ်ပြီးရင် တစ်ခုခုကို ခံစားနေရအောင် ရသပေးတဲ့ စာတစ်ပုဒ်ပါ။
ဖတ်ဖူးသမျှ ဇာတ်အိမ်လေးကို အကြိုက်ဆုံးပါ။
Kyaw Htet Aung –
တစ်ဖတ်သတ် ဆိုသည်မှာ……..
တစ်ဖတ်သတ်ဆိုတာ တစ်ဖတ်လူက မင်းကိုမချစ်ဘူးဆိုရင် မင်းဘယ်လောက်ပေးဆပ်ပေးဆပ် အလကားပဲ နန်းနွယ်ရေ…….
အကြင်သူသည်၊ဒီစာအုပ်လေးကိုဖတ်ဖြစ်တာသိပ်မကြာသေးဘူးဗျ။ အရင်ကတော့အမှုမဲ့အမှတ်မဲ့ပဲ၊ဒီလောက်လည်းကောင်းမယ်မထင်ခဲ့ဘူး၊ ဖတ်ကြည့်တောမှတော်တော်လေးကိုကောင်းတာပါ။ဒီစာအုပ်မှာခေတ်နှစ်ခုကိုယှဉ်ပြီးရေးထားတာလေးကို ကျွန်တော် တော်တော်သဘောကျတယ်။မျက်မှောက်ခေတ်မှာဟိုတယ်တည်ဆောက်ဖို့ project တစ်ခုကြောင့် နန်းဆောင်ကြီးကိုရောက်လာတဲ့ အဖွဲ့တစ်ဖွဲ့ရယ်၊နန်းဆောင်ကြီးမှာဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းတွေရယ်ကို ဆက်စပ်ပြီးရေးဖွဲ့ထားတယ်။
နန်းနွယ်၊စိတ်ရင်းကောင်းတဲ့ နန်းနွယ်၊ဘယ် အတတ်ပညာမဆို ခဏလေးလေ့လာလိုက်စားရုံနဲ့ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့ ပါရမီပါတဲ့အဆောလတ်မြို့ မျက်နှာဖုံးသူဌေးသားလေး နန်းနွယ်။ တစ်နေ့ နန်းနွယ်တစ်ယောက် သူ့အချစ်ဆုံးသူငယ်ချင်းစောဖြူနဲ့အတူနာမည်ကြီးဇာတ်ပွဲတစ်ပွဲကို သွားကြည့်ပြီးအပြန် ရင်ထဲမှာမီးပွားလေးတစ်ခုပေါက်ဖွားလာခဲ့တယ်။အဲ့မီးပွားလေးကသူ့ ဘဝတစ်ခုလုံးကိုပြောင်းလဲလိမ့်မယ်၊အဲလောက်အခြေအနေထိလောင်ကျွမ်းသွားလိမ့်မယ်လို့ဘယ်သူကထင်မှာလဲ။နန်းနွယ်ကိုပြောင်းလဲသွာစေတဲ့သူက………………ဇာတ်သမလေးယမင်းသူဇာ၊ တော်တော်ကိုလှတဲ့မိန်းကလေးဗျ။မျက်လုံး၊နှုတ်ခမ်း၊နှာခေါင်း အပြစ်ပြောစရာမရှိအောင်ကိုလှတာပါဗျာ။ရီလိုက်ရင် ပါးမို့မို့လေးနှစ်ဖက်ပေါ်က ပါးချိုင့်လေးကအသက်။
အဲ့လောက်လှမှတော့လည်းနန်းနွယ်စွဲမက်ရင်လည်းစွဲမက်လောက်စရာပါပဲ၊နန်းနွယ်မှမဟုတ်ပါဘူး ယောကျာ်းတော်တော်များများကြားမှာ နာမည်ကြီးတဲ့သူပေါ့။ဒါပေမဲ့နန်းနွယ် ယမင်းသူဇာလေးကိုသဘောကျတဲ့ပုံနဲ့ အခြားသောသူတွေသဘောကျတယ့်ပုံစံကတော့တော်တော်လေးကိုကွာခြားတယ်ဗျ။ယမင်းရုပ်လေးက အာရုံငါးပါးထဲမှာမှ အဆင်းနဲ့အတွေ့(အထိအတွေ့)ဆိုတဲ့အာရုံမှာထူးချွန်နေလေရဲ့။အဲတော့ယမင်းရုပ်လေးရဲ့ ကျွန်ပိုင်ရှင်ဖြစ်တဲ့ဇာတ်ဆရာသောင်းတန်ကစီးပွားရှာပါလေရော။ကျွန်တစ်ယောက်ဆိုတော့လည်းစိတ်မပါပေမဲ့ပြုမှုနေထိုင်ရတာပေါ့။သောင်းတန်ကလည်စျေးအများဆုံးပေးနိုင်တဲ့လူကိုမှယမင်းနဲ့ပျော်ပါးခွင့်ပေးတာပေးတာ။နန်နွယ်နွယ်တစ်ယောက်အခြေအနေတွေကိုသိသွားတဲ့အချိန်၊ယမင်းလေးကိုရတဲ့နည်းနဲ့ကာကွယ်ဖို့ကြိုးစားတော့တာပဲ။ယမင်းလေးရဲ့ညတွေကိုသောင်းတန်စီကနေစျေးကြီးကြီးပေးဝယ်၊ပြီးတော့ယမင်းလေးကိုမထိရက်၊မတို့ရက်နဲ့သူမအိပ်ပျက်ညတွေကိုကာကွယ်ပေးပါလေရော။
နောင် ရက်တွေကြာလာတော့ရှိသမျှစည်းစိမ်ကုန်ရလောက်တဲ့အခြေအနေတွေဖြစ်လာတဲ့အထိပဲ။အဲ…..ရင်နာစရာဇာတ်လမ်းကအခုမှစမှာ။နောက်ဆုံးဗျာယမင်းလေးကိုသူမရဲ့လက်ရှိဘဝထဲကရုန်းထွက်နိုင်အောင်အစစအရာရာကူညီပေးပြီးသောင်းတန်ဆီကပါ ဝယ်မည်ဆိုကာမှ…..
ကျွန်မမှရှင့်ကိုမချစ်နိုင်တာတဲ့…။အဲ့အပိုင်းရယ်၊နောက်ဆုံးအပိုင်းရယ်က ဖတ်တဲ့သူရင်ထဲတစ်မျိုးကြီးပဲ။ယမင်းမှာကနဂိုထဲကချစ်နေတယ့်လူရှိနေတာကို။တိုင်းပြည်ရဲ့မင်းသားတစ်ဦးဖြစ်တဲ့ သံပျင်မင်းသားဗျ။
စစ်ရေးစစ်ရာမှာကျွမ်းကျင်သလိုတိုင်ပြည်ရဲ့အရေးပါတဲ့ဂဏ္ဌမှာလည်းပါဝင်သူတစ်ယောက်။နောက်ပိုင်းယမင်းသူဇာလေးရဲ့အလှက နှစ်ပြည်ထောင်မင်းတွေစစ်ဖြစ်ရတဲ့အထိကျော်ကြားလာလေတော့တိုင်းပြည်ရတနာအသုံးတော်ခံအနေနဲ့ဝေဠုဝတီမင်းသမီးဘွဲကိုခံယူသွားတဲ့အခါနန်းနွယ်နဲ့ပိုပြီးအလှမ်းဝေးသွားခဲ့တယ်။ဒီလိုသုံးပွင်ဆိုင်အချစ်ဇာတ်လမ်းတွေမှာဆိုတစ်ယောက်ကတော့အရှုံးပေးရတာပဲမဟုတ်လား……
ဒါကအနည်းအကျင်းပဲရှိပါသေးတယ်။နန်ဆောင်ကြီးမှာနန်းနွယ်ကြောင့်ဖြစ်ခဲ့တယ့်ကျိန်စာတွေ၊ထူးခြားမှုတွေအကြောင်းကိုတော့စာဖတ်တဲ့အခါခံစားမှုလျှော့သွားမှာဆိုးလို့ကျနော်အရှည်ကြီးမပြောတော့ဘူး။အချစ်ဆိုတာထက်ပိုတယ့်ရသနဲ့သုတတွေကိုလည်းဆရာသိုးဆောင်းကထည့်သွင်းပုံဖော်ထားတယ်။ပုဂံမနူဟာဘုရားကမနူဟာမင်းကြီးရဲ့စိတ်ခံစားမှုကိုကိုယ်စားပြုတဲ့အကြောင်း၊အရာရာမှာဘက်ညီမှုဆိုတာအရေးကြီးတဲ့အကြောင်း၊စကားလုံးတွေကစွမ်းအားကြီးတဲ့အကြောင်း၊အရောင်တွေကလူ့စိတ်ကိုပြောင်းလဲပေးနိုင်တဲ့အကြောင်းနှင့်အရောင်နဲ့အလင်းဆက်စပ်မှုအကြောင်းတွေကိုသုတအနေနဲ့ထည့်သွင်းထားပြီးတော့၊ရသအနေနဲ့လူ့သဘာဝစရိုက်တွေကိုပေါ်ပေါ်လွင်လွင်ထောက်ပြထားတယ့်စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်တဲ့အတွက်recommendပေးလိုက်ပါတယ်ခင်ဗျာ။ဆရာသိုးဆောင်းရဲ့ masterpiece တစ်ခုဖြစ်တဲ့အတွက်စာအုပ်ဖတ်ပြီး ရင်ထဲတော့ ဟာတာတာကြီးကျန်ခဲ့လိမ့်မယ်။စာဖတ်တယ်ဆိုတာစာအုပ်ကိုသေချာကိုင်ပြီးဖတ်ရမှတကယ့်အနှစ်သာရလို့ကျနော်ကတော့ထင်တာပဲ။စာရေးဆရာကိုလည်းအားပေးရာရောက်တယ်ထင်လို့ပါခင်ဗျာ့။
#သိုးဆောင်း
#အကြင်သူသည်
Thinzar –
ဒီစာအုပ်လေးကို အစမှအဆုံးတိုင်အောင် ဆရာ သိုးဆောင်း ရေးထုံး အတိုင်း လျှို့ဝှက် ထိတ်လန့်ဖွယ် ဇာတ်ကွက်များဖြင့် ရေးဖွဲ့ထားသည်ကို တွေ့ရပေလိမ့်မည်။မန်နေဂျာ ဦးသက်ဦး ခေါင်းဆောင်သော စိုးကျော်၊ စစ်ညီ၊ စိမ့် တို့ အင်ဂျင်နီယာ လူငယ်များအဖွဲ့
ပုဂံခေတ်နှောင်းပိုင်း ဗိသုကာလက်ရာမြောက်လှသော “ဝေဠုဝတီ မင်းသမီးရဲ့ စံနန်းဆောင်” ကို ဖြို၍သော်လည်းကောင်း ပြန်လည်မွမ်းမံ၍သော်လည်းကောင်း အဆောက်အအုံ သစ်ဆောက်ရန် လေ့လာနေစဉ်ကာလပတ်အတွင်း ထူးခြားမှုတွေကို ကြုံတွေ့လာရသည့်အခါ…
အဘိုးကျေးသာညို ပြောပြသော နန်းဆောင်ကြီး၏ ရာဇဝင်ဇာတ်လမ်း ထဲတွင်ပါရှိသည့် ဝေဠုဝတီ မင်းသမီးလေး၊ ကိုယ်ရံတော်လေးနန်းနွယ်နှင့် ပန်းတမော့ဆရာကြီး အရိယထားခဲ့သော ကျောက်စာ၇ချပ် တို့ကလည်း စိတ်ဝင်စားစရာပင်။
ဘဝပေးကုသိုလ်ကံကောင်းကြောင့် အမျိုးမျိုးသောပညာရပ် အသီးသီးကို ကြည့်ရုံသော်လည်းကောင်း အပေါ်ယံမျှ လေ့လာရုံသော်လည်းကောင်း တတ်မြောက်လွယ်သော အဆောလတ်မြို့ရဲ့ အသပြာ တစ်သိန်း ပိုင်ဆိုင်သော သူဌေးလေးနန်းနွယ်၊ သူ၏ စည်းစိမ်ချမ်းသာ အသက်ထက်မျှ တန်ဖိုးထားချစ်ခင်ရပါသော ယမင်းသူဇာ လေးကို ဘဝနေဝင်ချိန်ထိ အရိုးကျေကျေ အရေးခမ်းခမ်း ပေးဆပ်ခဲ့သူ။
နန်းနွယ်၏ ချစ်လှရပါသော ဝေဠုဝတီ တစ်ဖြစ်လဲ ယမင်းသူဇာ။ အပြင်အဆင်၊ အရပ်အမောင်း၊ အရယ်အပြုံး၊ အလှအပ တွေအားလုံးနဲ့ပြည့်စုံသော ဇာတ်သဘင်မလေးသူမ၊ သူမလုပ်အားသီးသန့်ဖြင့် ဉာဏ်တော် တစ်ထောင့်ရှစ်ရာရှိသော စေတီတော်ကြီးကို တည်လို သည့်သူမ၊ အတိတ်ဘဝ ဆုတောင်းမှားခဲ့၍ ဤဘဝတွင် အတိတ်ပေးကုသိုလ်ကံကြောင့် ခန္ဓာသည် ဖြစ်မှန်းမသိဖြစ်လာရသော သူမ၊ ထိုမှသည် သုဇလ္လဒီပတိုင်း မင်းစိုးရာဇာ၏ တိုင်းပြည့်ရတနာ “ပြည့်တန်ဆာ” ဟုသတ်မှတ်ကာ ဝေဠုဝတီ ဟူ၍ ဖြစ်လာသောသူမ၊ သူမသစ္စာမပြတ်ချစ်ခင်ရပါသော သံပျဉ်မင်းသာကို အသက်နှင့်လဲကာ သစ္စာစောင့်သိခဲ့သူ သူမ။
ဝေဠုဝတီ နန်းဆောင်တွင်း မင်းသမီး အားပြစ်မှားခဲ့ကြသူအားလုံး နန်နွယ်၏ စိတ်အစဉ်နှင့် နှုတ်ထွက်စကားတို့အတိုင်း မည်သို့မည်ပုံ အဆုံးသတ်မည်ကိုလည်း စိုးကျော် ကိုသာဓက ထားကာ ရေးသားထားသည်ကိုလည်း ကြောက်မက်ဖွယ် ဖတ်ရှုရပါသည်။
“တကယ်တော့… …
အချစ်ဆိုတာ ခန္ဓာကို ပူလောင်စေတဲ့
ရာဂမီးတွေနဲ့ လုံးလုံးမပတ်သက်ကြောင်း…
ပြီးတော့…
ကာကွယ်ပေးလိုမှု တစ်ခုသာဖြစ်ကြောင်း…
နှောင်းလူတွေနဲ့များ ဆုံတွေ့ခွင့်
ရခဲ့လျှင်…”
နန်းနွယ်