ဒေးလ်ကာနက်ဂျီ လူသန်းပေါင်းများစွာတို့၏ဘဝကို ပြောင်းလဲစေခဲ့သူ

( 0 မှတ်ချက်)

12000 (ကျပ်)

ဒေးလ်ကာနက်ဂျီ၏ဘဝ
အောင်မြင်ရေးဆိုင်ရာ သူ့အယူအဆ သူ့နည်းပညာများနှင့်
ကျော်ကြားလှသော သူ့သင်တန်းအကြောင်း

ဒေးလ်ကာနယ်ဂျီကား မြန်မာနိုင်ငံတွင် အလွန်လူသိများသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ သူ၏ စာအုပ်များဖြစ်သည့် မိတ္တဗလဋီကာ နှင့် သောကကင်းဝေနေနိုင်ရေး တို့ကို ဖတ်ဖူးသူ များလှပါသည်။ မိတ္တဗလဋီကာကျမ်းသည် လူမှုဆက်ဆံရေး နယ်ပယ်တွင် အောင်မြင်လိုသူတို့အတွက် လက်တွေ့သုံးစွဲနိုင်သည့် အထိရောက်ဆုံး ကျမ်းတစ်စောင်ဖြစ်၍ သမ္မာကျမ်းစာပြီးလျှင် အရောင်းရဆုံးစာအုပ်ဟု ဂုဏ်တင်ပြောဆိုရသည်အထိ ကျော်ကြားအောင်မြင်ခဲ့သည်။

ယခုစာအုပ်မှာ ဒေးလ်ကာနက်ဂျီအကြောင်းကို သူ့သင်တန်းဆင်းတပည့်နှစ်ဦးတို့ ပူးတွဲလေ့လာပြုစုထားသည့် အတ္ထုပ္ပတ္တိတစ်အုပ်ဖြစ်ပါသည်။

စာဖတ်သူအနေနှင့် ကျေးလက်တွင်မွေးဖွားသည့် ဆင်းရဲသား လယ်သမားဘဝမှ ကိုယ့်အားကိုယ်ကိုး ကြိုးစားကာ ကမ္ဘာပေါ်၌ သမ္မာကျမ်းစာပြီးလျှင် စောင်ရေအများဆုံး ရောင်းချရသည့် “မိတ္တဗလဋီကာ” ကျမ်းကို ပြုစုနိုင်သော စာရေးဆရာ၊ လူသန်းပေါင်းများစွာတို့၏ ဘဝကို တိုးတက်ပြောင်းလဲစေခဲ့သည့် အပြောအဟောနှင့် လူမှုဆက်ဆံရေး သင်တန်းကြီး တည်ထောင်သူအကြီးအကဲစသည့် အဆင့်များအထိ ရောက်အောင် ထင်ရှားအောင်မြင်ခဲ့သော ဒေးလ်ကာနက်ဂျီ၏ ဘဝလမ်းကြောင်းကို ခြေရာကောက်ရင်း စိတ်ဝင်စားဖွယ်ကောင်းလှသည့် ဒေးလ်ကာနက်ဂျီသင်တန်းကြောင်းကိုပါ သင်တန်းခန်းမသို့ ကိုယ်တိုင်သွားရောက် ကြည့်ရှုရသလောက်နီးပါး စေ့ငစုံလင်စွာ ဖတ်ရှုမှတ်သားခွင့် ရရှိမည်ဖြစ်ပါသည်။

စာမျက်နှာ

203

စာအုပ်အရွယ်အစား

5.3 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မြန်မာ့ရတနာ၊ 2000 ဇွန်လ၊ (ဒု-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

3.7.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 12000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဒေးလ်ကာနက်ဂျီ လူသန်းပေါင်းများစွာတို့၏ဘဝကို ပြောင်းလဲစေခဲ့သူ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဖေမြင့် စာအုပ်များ