စဉ်းစားခြင်း

( 1 မှတ်ချက်)

7000 (ကျပ်)

စဉ်းစား ဆင်ခြင်မှုမပြုသူသည်
တစ်ယူသန်သမားဖြစ်၏။
စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိသူသည်ကား
လူ့အန္ဓဖြစ်၍၊
စဉ်းစားဆင်ခြင်မှု မပြုဝံ့သူသည်မူ
ကျေးကျွန်မျှသာ ဖြစ်ချေသည်။

လူသည် ကျိုးကြောင်းဆက်စပ် စဉ်းစားတတ်သည့် ဉာဏ်ကြောင့် အခြားသတ္တဝါတို့ထက် အဆင့်မြင့်မားခဲ့ခြင်း ဖြစ်သည် ဟူသော အချက်ကို အငြင်းပွားကြလိမ့်မည် မဟုတ်ဟု မှတ်ယူသည်။ သို့သော် ထိုအချက်ကို လက်ခံပါက လူချင်းအတူတူတွင်လည်း စဉ်းစားဉာဏ်ကို အသုံးပြုသူ နှင့် အသုံးမပြုသူအကြား ကွာခြားသွားမည် ဆိုတာကို လက်ခံရလိမ့်မည်ဟု ပြောချင်သည်။

ယခုစာအုပ်မှာ အထူးသဖြင့် လူငယ်လူရွယ်များအနေနှင့် စဉ်းစားခြင်း အလုပ်ကို စိတ်ဝင်စားကြ မွေ့လျော်ကြစေရန်နှင့် ယင်းနှင့် ဆက်၍ ကျိုးကြောင်းစိစစ် ဝေဖန်ဉာဏ်ရင့်သန်သူ၊ ဘဝပြဿနာများ၊ မိမိကျင်လည်ရာ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း၏ ပြဿနာများကို ဉာဏ်အမြော်အမြင် ပြည့်ဝစွာ ဖြေရှင်း ဆောင်ရွက်နိုင်သူများဖြစ်ကြရန် အထောက်အကူပေးထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

စာမျက်နှာ

177

စာအုပ်အရွယ်အစား

4.8 x 0.3 x 7.2 inches

ပုံနှိပ်မှတ်တမ်း

မြန်မာ့ရတနာ၊ 2014 ဒီဇင်ဘာလ၊ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

11.8.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 7000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

3 in stock

စဉ်းစားခြင်း အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. AMZ –

    ၀ယ်တာ ငါးအုပ်မြောက်ရှိပါပီ
    အရင်အုပ်တွေက မိတ်ဆွေတွေကို လက်ဆောင်ပေးလိုက်တာ
    စဉ်းစားတွေးခေါ်ခြင်းဆိုတာ ဘာလဲ
    ပြသနာတွေကို ဘယ်လို approach လုပ်မယ်
    တကယ့်တမှန်တရားကဘာလဲ အချိန်ကာလက ပြောင်းလဲပေးနိုင်လား
    ကားမောင်းရင်းတောင် youtube က နေ မကြာခဏ ပြန်နားထောင်ဖစ်တယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဖေမြင့် စာအုပ်များ