


ဗီယက်နမ်သမိုင်း
12000 (ကျပ်)
၂၀၀၅ ခုနှစ် ဂျွန်လ။
ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး “ဗန်ဘန်ခိုင်”
အမေရိကန်နိုင်ငံကို ပထမဆုံး ခရီးစဥ်အဖြစ် သွားရောက် လည်ပတ်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘ့ာရန် နှစ်နိုင်ငံရဲ့ သမိုင်းဝင်ခရီးပါ။
ဗီယက်နမ်ဆိုတာ စစ်ပွဲတွေကြောင့် ချုံးချုံးကျ ပျက်စီးခဲ့ရုံမက ကွန်မြူနစ်စနစ်ကြောင့်လည်း ဂျုံးဂျုံးကျခဲ့ရတဲ့ နိုင်ငံတော်တစ်ခုပါ။ ဗီယက်နမ်ရဲ့ ပြုပြင်ပြောင်းလဲရေးမစမီကဆိုရင် ဗီယက်နမ်ရဲ့ (၉၀) ရာနှုန်းဟာ ဆင်းရဲမွဲတေနေပါတယ်။ ဒါပေမဲ့ ဒီကနေ့ ဒါတွေကို ကျော်လွန်ခဲ့ပါပြီ။ ဗီယက်နမ်ဟာ WTO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သလို Human Development Index အရဆိုရင်လည်း ၂၀၀၅ ခုနှစ်ကတည်းက အဆင့် ၁၀၈ ရောက်ခဲ့ပါပြီ။ ဒါဟာ ဗီယက်နမ်ပြုပြင်ပြောင်းလဲရေး မူဝါဒအသစ်ဖြစ်တဲ့ ကွန်မြူနစ်နိုင်ငံတော် ထိန်းချုပ်မှုအောက်က အရင်းရှင်စီးပွားရေး အတွေးအခေါ် ကြောင့်ပါပဲ။ တစ်နည်းအားဖြင့် ဒါဟာ တရုတ်လမ်းစဥ်နဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့လို့ပါ။
ဒီခရီးကြမ်းကြီးကို ဘယ်လို လျှောက်လှမ်းခဲ့ကြသလဲ…… ။
ဒီကနေ့ ဗီယက်နမ်ဖြစ်လာဖို့ ဘယ်လို အဆင့်တွေ ဖြတ်ကျော်ခဲ့ရသလဲ…. ။
တိုင်းပြည်တစ်ခုအတွက် စစ်ဟာ ဘယ်လောက် ဆိုးဝါးပြင်းထန်ပြီး ဘယ်လောက် ဆုံးရှုံးခဲ့ရသလဲဆိုတာ ဗီယက်နမ်သမိုင်းကို လေ့လာကြည့်ရင် သိနိုင်ပါလိမ့်မယ်။
ဗီယက်နမ်ဟာ သမိုင်းဖြစ်ပေါ်တိုးတက်မှုအရ ဧကရာဇ်နိုင်ငံတော်အဖြစ် ရောက်ရှိခဲ့ပေမဲ့ ၁၈၈၇ ခုနှစ်။ ပြင်သစ်တို့ လာအိုနိုင်ငံထဲ ဝင်ရောက်လာပြီး အင်ဒိုချိုင်းနားယူနီယံကို ထူထောင်ချိန်မှ စပြီး အခြားအာရှနိုင်ငံများနည်းတူ ဗီယက်နမ်လည်း ပြင်သစ်အစောင့်ရှောက်ခံ ကိုလိုနီနိုင်ငံတစ်ခု ဖြစ်ခဲ့ရပါတယ်။
ထုံးစံအတိုင်းပါပဲ။ အာရှသားတို့ရဲ့ ဝံသာနုစိတ်ဓါတ်တွေ ထကြွလာတာက ၁၉၀၅ ခုနှစ် အာရှသားဂျပန်က ရုရှားကို စစ်အနိုင်တိုက်ချိန်ကစပြီး အာရှတစ်ခွင်က ကိုလိုနီနိုင်ငံသားတွေရဲ့ မျိုးချစ်စိတ်တွေ ထကြွလာသလိုပဲ ဗီယမ်နမ်တွေလည်း မျိုးချစ်စိတ်လည်း ထကြွလာခဲ့ပြီး နယ်ချဲ့တော်လှန်ရေး စတင်လာပါတော့တယ်။
အဲ့ဒီအချိန် နောင်အခါ “အန်ကယ်ဟို”လို့ ထင်ရှားလာမဲ့ ဗီယက်နမ်ကွန်မြူနစ်ခေါင်းဆောင် “ဟိုချီမင်း”ဟာ အလုပ်ပေါင်းစုံနဲ့ နိုင်ငံတကာ လှည့်ပတ်နေပြီး ၁၉၂၀ ခုနှစ်မှ ပြင်သစ်ကွန်မြူနစ်ပါတီ ဝင်ရောက်ခဲ့ပါတယ်။ သူဟာ ဆိုဗီယက်ကိုလည်း သွားရောက်ပြီး ဗီယက်နမ် လွတ်လပ်ရေးအတွက် အကူအညီ ရရှိဖို့ ကြိုးစားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလရောက်ချိန် အင်ဒိုချိုင်းနားဒေသကို ဂျပန်တပ်တွေ ဝင်ရောက်တပ်စွဲခဲ့ရာ ဟိုချီမင်းရဲ့ ဗီယက်နမ်ကွန်မြူနစ်တွေဟာ ဂျပန်နဲ့ မပူးပေါင်းခဲ့ပါဘူး။ ဒါဟာ ဟိုချီမင်းရဲ့ ထူးခြားချက်ပါ။ အဲ့ဒီ့အချိန် ဗမာမှာ အဂ်လိပ်အခက် ဗမာအချက်ဆိုပြီး ဖက်ဆစ်နဲ့ သွားပေါင်းသလို ကိုလိုနီနိုင်ငံအများစုဟာ ဖက်ဆစ်နဲ့ ပေါင်းပြီး နယ်ချဲ့ကို တိုက်ဖို့ ကြိုးပမ်းကြချိန်ပါ။
ဟိုချီမင်းကတော့ ပိုပြီးပါးနပ်ပုံရပါတယ်။ ဂျပန်တွေက ယခုအချိန် အနိုင်ရနေပေမဲ့ မဟာမိတ်အုပ်စုက ပိုမို အင်အားကြီးတာကို ဟိုချီမင်းက နားလည်နေပါတယ်။ ဒါကြောင့် ဗီယက်နမ် ကွန်မြူနစ်တွေဟာ စစ်ကာလအတွင်း အမေရိကန်တပ်ဘက်မှ ကူညီပေးခဲ့ပါတယ်။ ဟိုချိမင်းဆိုရင် စစ်အတွင်း အမေရိကန် ဗိုလ်ချုပ် ချင်းနော့နဲ့ အလွန် ရင်းနှီးခဲ့ကြပါတယ်။
အဲ့ထိအချိန် ဗီယက်နမ်ဧကရာဇ်က ပြင်သစ်အစောင့်ရှောက်ခံမှ ကင်းလွတ်ပြီး ဂျပန်အားကိုးနဲ့ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ကြေညာလိုက်ပါတယ်။ ကြေညာလိုက်ချိန်မှာ ဟိုချီမင်းဟာ တရုတ်ပြည်ရောက်နေချိန်ပါ။ သတင်းကြားကြားချင်း ဟိုချီမင်း ဗီယက်နမ်ပြန်လာပြီး “လွတ်မြောက်ရေးတပ်”ကို ဖွဲ့စည်းပြီး ပုန်ကန်ရန် အသင့်ပြင်ထားလိုက်ပါတယ်။ ဟိုချီမင်းဟာ အမေရိကန်လူလို့ သိထားတဲ့ ကိုလိုနီဟောင်း ပြင်သစ်ကလည်း အမေရိကန်တပ်တွေ အင်ဒိုချိုင်းနားထဲ ဝင်လာပြီး ဟိုချီမင်းတပ်တွေနဲ့ ပူးပေါင်းသိမ်းပိုက်မှာကို စိုးရိမ်နေပါတယ်။
ဂျပန်တွေ စစ်ရှုံးချိန် စစ်ပြီးခေတ် ကမ္ဘာ့နိုင်ငံရေးအတွက် ပို့စဒမ်မှာ ကြီး (၄) ကြီး တွေ့ဆုံဆွေးနွေးပြီးနောက် ဗြီတိသျှတပ်တွေက တောင်ဗီယက်နမ်နဲ့ ကမ္ဘောဒီယားမှာ တပ်စွဲလိုက်ပြီး မြောက်ဗီယက်နမ်ကို တရုတ်တွေ သိမ်းပိုက်လိုက်ပြီးချိန် ၁၉၄၅ စက်တင်ဘာ (၂) ရက်နေ့မှာ ဟိုချိမင်းက မြောက်ဗီယက်နမ်ကို လွတ်လပ်ရေး ကြေညာလိုက်ပါတယ်။
ပြင်သစ်ကလည်း တောင်ဗီယက်နမ်ကို သိမ်းပိုက်ထားသော ဗြိတိသျှတို့ရဲ့အကူအညီနဲ့ ဗီယက်နမ်ကို ပြန်လည်သိမ်းပိုက်ရန် ကြိုးစားရာ နာမည်ကျော် “ဒိန်ဘင်ဖူးတိုက်ပွဲကြီး” ဖြစ်ပေါ်လာခဲ့ရသည်။ ထိုတိုက်ပွဲတွင် ပြင်သစ်တို့ ရှုံးနိမ့်ခဲ့ရပြီး နောက်ဆုံး ၁၇ မျဥ်းပြိုင်နှင့် တောင်မြောက်ခွဲခြားမှုကို လက်ခံလိုက်ကြပြီး (၆) လ အတွင်း ရွေးကောက်ပွဲ ကျင်းပကာ ဟိုချီမင်းတို့ဘက်မှ နိုင်ရင် ဗီယက်နမ်ကို ပြန် လည် ပေါင်းစည်းပြီး ရှုံးပါက တောင်မြောက်ခွဲခြားမှုက ထာဝရဖြစ်သွားပြီး နှစ်နိုင်ငံ ကွဲသွားပါလိမ့်မယ်။ ဒါပေမဲ့ နောက် (၆) အတွင်း ရွေးကောက်ပွဲလုပ်လျှင် အင်အားကြီးသော ဟိုချီမင်းတို့ ကွန်မြူနစ်တွေဘက်က အနိုင်ရဖို့ သေချာနေပါတယ်။ ဒါကို တောင်ဗီယက်နမ်လူထုကလည်း လက်မခံပေ။ ဒါကြောင့် အမေရိကန်သမ္မတ အိုင်စင်ဟောင်ဝါက ယခုအချိန်မှာ ကွန်မြူနစ်တွေ အင်အားကြီးနေကြလို့ ၁၀၅၅-၆၀ နောက်ပိုင်းမှသာ ရွေးကောက်ပွဲ လုပ်သင့်ကြောင်း။ ဒါကို မလိုက်နာပဲ ဟိုချီမင်းတို့က တောင်ဗီယက်နမ်ကို အဓမ္မသိမ်းပိုက်ပါက တောင်ဗီယက်နမ်က ဒီမိုကရေစီဘက်တော်သားတွေကို အကာအကွယ်ပေးရလိမ့်မယ်လို့ သူ့အစီအစဥ်ကို ချပြပါတယ်။
အမေရိကန်ဘက်က ဗီယက်နမ်မှာ ဟိုချိမင်းနဲ့အပြိုင် လူထုထောက်ခံတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး ဒီမိုကရက်ခေါင်ဆောင်တစ်ယောက် ပေါ်လာဖို့ အချိန်ဆွဲနေတာပဲဖြစ်ပါတယ်။ အဲ့ဒီခေါင်းဆောင်က “ငိုဒင်ဇင်” ဖြစ်သည်။ ဒီ့နောက်တော့ အမေရိကန် ကျောထောက်နောက်ခံ ငိုဒင်ဇင်ရဲ့ တောင်ဗီယက်နမ်နဲ့ ဆိုဗီယက်ကျောထောက် နောက်ခံ ဟိုချီမင်းရဲ့မြောက်ဗီယက်နမ်တို့ တိုက်ပွဲ စတင်လာတော့တယ်။
ဒါပေမဲ့ အမေရိကန် မွေးခဲ့တဲ့ “ငိုဒင်ဇင်”က ဒီမိုကရက်ဖြစ်သော်လည်း ရိုမန်ကက်သလစ် ဘာသာရေး အစွန်းရောက်တစ်ယောက်ဖြစ်နေပါတယ်။ ဒါ့အပြင် မိသားစုအစိုးရ တည်ဆောက်သူပါ။ ဒါကြောင့် တောင်ဗီယက်နမ်မှာ ဗုဒ္ဓဘာသာ ဘုန်ကြီးတွေရဲ့ဆန္ဒပြမှုတွေနဲ့ ရှုတ်ထွေးလာပြီး နောက်ဆုံး အမေရိကန်အစီအစဥ်နဲ့ပဲ ငိုဒင်ဇင်ဟာ အာဏာသိမ်း ဖမ်းဆီး သတ်ဖြတ်ခံလိုက်ပြီး နောက်ထပ် နောက်ထပ်အာဏာ သိမ်းမှုတွေ အသောမသတ် ဖြစ်လာပါတယ်။
အဲ့ဒီ့အချိန် မြောက်ဗီယက်နမ်ကလည်း တောင်ဗီယက်နမ်ကို ရတဲ့နည်းနဲ့ ကျူးကျော်သိမ်းပိုက်ဖို့ လုပ်ဆောင်ရာ စစ်ပွဲတွေရဲ့ သရုပ်သကန်နဲ့ အစွန်းကုန် ရက်စက်တွေရဲ့ သရုပ်ဖော်ခဲ့တဲ့ ကမ္ဘာကျော် ဗီယက်နမ် စစ်ကြီး စတင်ပါတော့တယ်….. ။
ယခုစာအုပ်မှာ An imprint of Greenwood မှ ထုတ်ဝေ၍ Justin Corfield ရေးသားသော The History of Vietnam ကို ဆီလျော်အောက် ပြန်ဆိုထားတဲ့ စာအုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 268 |
|---|---|
| စာအုပ်အရွယ်အစား | 7.3 x 0.5 x 10.3 inches |
| ပုံနှိပ်မှတ်တမ်း | ယဉ်မျိုးစာပေ၊ 2023 မေလ(ပထမအကြိမ်) |
Out of stock
ကိုကိုလေး စာအုပ်များ
-
ကိုကိုလေးဂျူးသမိုင်း
6000 (ကျပ်)Rated 1.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ကိုကိုလေးအစ္စရေးသမိုင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးခေတ်သစ်လက်ဝဲဝါဒ မူလအစ
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးပါလက်စတိုင်း (နှစ်ပေါင်းလေးထောင်သမိုင်း)
13000 (ကျပ်)Rated 1.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ကိုကိုလေးစင်္ကာပူသမိုင်း
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးဂျဝါဟာလ္လာနေရူး အိန္ဒိယကိုထူထောင်ခြင်း
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးဗမာ့ဆိုရှယ်လစ်ဝါဒ ကျဆုံးခန်း
4500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအဆိုးယုတ်ဆုံးအာဏာရှင် ၁၀၀
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအာရပ်သမိုင်း
20000 (ကျပ်)Rated 4.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
ကိုကိုလေးဘင်္ဂလားဒေ့(ရှ်)သမိုင်း
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးသုံးပွင့်ဆိုင်လုပ်ကြံမှုကြီး
1800 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအင်ဒိုနီးရှားသမိုင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးဟားမက်စ်အတွင်းရေး
18000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးတူရကီသမိုင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးတမန်တော်မြတ်မိုဟာမတ်
18000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးပါကစ္စတန်သမိုင်း
18000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးယူကရိန်းသမိုင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအမေရိကန်သမိုင်း
40000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအီရန်သမိုင်း
25000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးရုရှားသမိုင်း
25000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ