အင်ဒိုနီးရှားသမိုင်း

( 0 မှတ်ချက်)

15000 (ကျပ်)

အင်ဒိုနီးရှားသမိုင်းကို လေ့လာသောအခါ အေဒီ (၁၄)ရာစုမှ (၁၅)ရာစုအတွင်း အဖြစ်အပျက်များနှင့် ပက်သက်ပြီး သမိုင်းတွင် ထင်ရှားသောမှတ်တမ်းကြီးများမတွေ့ရပေ။ အဘယ့်ကြောင့်ဆိုသော် အတိတ်၌ သမိုင်းကို အင်ပါယာရှင်၊ ဧကရာဇ်ကြီးများနှင့် တန်ခိုးဩဇာ အာဏာကြီးမားသော ဘုရင်များကသာလျှင် မှတ်တမ်းများ ရေးသားပြုစုခဲ့ကြသောကြောင့် ဖြစ်သည်။
အေဒီ (၁၃) မှ (၁၅) သည် လွန်စွာတန်ခိုးအင်အားကြီးထွားခဲ့သော ဟိန္ဒူအင်ပါယာကြီးများနှင့် ဗုဒ္ဓအင်ပါယာကြီးများ ပြိုကွဲပျက်စီးသွားသော အချိန်ကာလဖြစ်သည်။ ထိုအချိန်ကာလ၌ အစ္စလာမ်သာသနာထွန်းကားခဲ့ခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသ၊ အိန္ဒိယနိုင်ငံနှင့် အာဖဂန်နစ္စတန်အထိ အစ္စလာမ်သာသနာပျံ့နှံ့သော အချိန်ကာလကို အတိအကျဖော်ပြသော ခုနှစ်သက္ကရာဇ်များ ရှိကြသည်။ သို့သော် အင်ဒိုနီးရှားတွင် သာသနာပြုကြသူများသည် စစ်ဘုရင်များ၊ အင်ပါယာရှင်များမဟုတ်ကြဘဲ၊ သာမန်အရပ်သား ဆူဖီများဖြစ်ကြရာ၊ အတိအကျသမိုင်းမှတ်တမ်းများ ရေးထိုးခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ရှေးဟောင်းကျောက်စာတိုင်များနှင့် အခြားသော ရှေးဟောင်းစာပေများကို အကိုးအကားပြုပြီးရှာဖွေခဲ့ရသည်.။
ထိုရာစုနှစ်များအတွင်း အရှေ့ဂျားဗားတွင် အဓိကနိုင်ငံတော်ကြီးနှစ်ခု ထွန်းကားခဲ့သည်။ ၎င်းမှာ မာဂျာပဟစ်နီုင်ငံတော် (Majapahit) နှင့် မလေးယား (Malaya) မှ မလက္ကာနိုင်ငံတော် (Malacca) ကြီးနှစ်ခုပေါ်ထွက်ခဲ့သည်။ မာရာပဟစ်နိုင်ငံတော်ကြီးသည် အင်ဒိုနီးရှားသို့ အစ္စလာမ်သာသနာ မရောက်မီကတည်းက ထွန်းကားခဲ့သော အင်ပါယာကြီးဖြစ်သည်။ မလက္ကာအင်ပါယာကြီးသည် မွတ်စလင်ကုန်သည်ကြီးများ၏ ကုန်သွယ်စီးပွားရေး အကြီးအကျယ် ထွန်းကားခဲ့ပြီးမှ ပေါ်ပေါက်ခဲ့သော အင်ပါယာကြီးဖြစ်သည်။

(ကိုလိုနီခေတ်မတိုင်မီနိုင်ငံများနှင့် အဓိကအင်ပါယာများ၏ အထွေထွေရှုထောင့်) မှကောက်နှုတ်ဖော်ပြချက်
– ၁၃၀၀ မှ ၁၅၀၀

အင်ပါယာစတင်ပေါ်ပေါက်လာပုံမှ စ၍ ကိုလိုနီခေတ်ကာလ နိုင်ငံရေးအခြေအနေ၊ အမျိုးသားလှုပ်ရှားမှုများ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ကိုလိုနီခေတ်ပျက်သုဉ်းပြီး လွတ်လပ်သောနိုင်ငံဖြစ်ပေါ်လာသည့် အကြောင်းကို ရေးသားဖော်ပြထားသည့် သမိုင်းစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
ကမ္ဘာ့သမိုင်းကြောင်းရာများကို နှစ်သက်သူများ..သမိုင်းပညာရပ်ကိုလေ့လာနေသူများနှင့် နိုင်ငံတို့၏လူမှုရေး နိုင်ငံရေးတို့အကြောင်းကိုသိရှိလိုသူတို့အတွက် ဖတ်ရှုသင့်သည့်စာအုပ်ကောင်းတစ်အုပ်…

စာမျက်နှာ

585

စာအုပ်အရွယ်အစား

7.4 x 0.8 x 10.5 inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ 2022 မတ်လ

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အင်ဒိုနီးရှားသမိုင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ကိုကိုလေး စာအုပ်များ