အီရန်သမိုင်း

( 0 မှတ်ချက်)

25000 (ကျပ်)

ဒီကနေ့ခေတ် အီရန်နိုင်ငံဆိုတာဟာ အရှေ့အလယ်ပိုင်း အစ္စလာမ်ကမ္ဘာမှာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်သလို အစ္စလာမ်ကမ္ဘာရဲ့ သီး ခြားနိုင်ငံတစ်ခုလည်း ဖြစ်နေပါတယ်။ ဒါဟာ စွန်နီ-ရှီယာဆိုတဲ့ အစ္စလာမ်ဂိုဏ်းကွဲနှစ်ခု သမိုင်းနဲ့ ဆက်စပ်နေပါတယ်။ အီရန်ဟာ စွန်နီအစ္စလာမ်နိုင်ငံ အများစုကြားက တစ်ခုတည်းသော ရှီယာအစ္စလာမ်နိုင်ငံတစ်ခုပါ။

ဒါကြောင့် ပါရှားအင်ပါယာအဖြစ် တည်ရှိခဲ့တဲ့ အီရန်ကို နားလည်နိုင်ဖို့ဆိုတာဟာ အစ္စလာမ့်သမိုင်းကို နားလည်ဖို့လိုပါလိမ့်မယ်။ အီရန်သမိုင်းဟာ အကြမ်းဖက်မှုတွေ စစ်အောင်နိုင်ခြင်းတွေ… ရှုံးနိမ့်ခြင်းတွေနဲ့ တိုက်ပွဲများ၊တော်လှန်ရေးများနဲ့ ပြည့်နှက်နေပါတယ်။ အီရန်နိုင်ငံရဲ့ အကျယ်အဝန်းဟာ လွန်စွာ ကြီးမားပြီး သမိုင်းကြောင်းကလည်း လွန်စွာရှည်လျားခဲ့ပါတယ်။

အီရန်နိုင်ငံရဲ့ ပြည်ပဆက်ဆံရေးကလည်း လွန်စွာ ရှုပ်ထွေးခဲ့သလို အီရန်နိုင်ငံရဲ့အတွင်းပိုင်းကို ကြည့်သောအခါတွင်လည်း ကမ္ဘာပေါ်၌ ရှေးအကျဆုံးဘာသာ၊ သာသနာတစ်ခုဖြစ်သော ‘ဇိုရိုအာစရာ’ ဘာသာ ထွန်းကားခဲ့သလို ကမ္ဘာပေါ်တွင် နောက်ဆုံးပွင့်ပေါ်ခဲ့ပြီးအလွှမ်းမိုးနိုင်ဆုံး ဘာသာသာသနာကြီးတစ်ခုဖြစ်သည့် အစ္စလာမ်သာသာလည်း လွှမ်းမိုးခဲ့ပါတယ်။ အစ္စလာမ်သာသနာ ပထမဆုံးအကြိမ် နှစ်ပိုင်းကွဲသွားသောအခါ ရှီးယိုက်အစ္စလာမ်သာသနာဟာ ဖာတီမိုက်မင်းဆက်မှတစ်ဆင့် အီရန်နိုင်ငံသို့ ပျံ့နှံ့လာခဲ့တာပါ။

အလယ်ခေတ်မှ နှစ်ဆယ်ရာစုဆန်းစကာလအတွင်း အနောက်ဥရောပနိုင်ငံများတွင် စက်မှုတော်လှန်ရေးကြောင့် စက်မှုနည်းပညာများ ထွန်းကားခဲ့ရာ အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့တွင်လည်း သိပ္ပံစက်မှုနည်းပညာ ထွန်းကားခဲ့သော်လည်း အီရန်တွင်မူ ထွန်းကားလာခြင်း မရှိပေ။ သို့သော် ရှားဘုရင်လက်ထပ်တွင် အီရန်မှာ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတစ်ခု ဖြစ်ခဲ့သလို အမေရိကန်အကူအညီဖြင့် အင်အားကြီးနိုင်ငံအဖြစ် ရောက်ရှိခဲ့ပါတယ်။

၁၉၈၀ ခုနှစ်တွင် `အယာတိုလာ ခိုမေနီ’ ဦးဆောင်သော အီရန်အစ္စလာမ်မစ်တော် လှန်ရေးကြီး အောင်မြင်ပြီးချိန်တွင် အမေရိကန်နှင့် အနောက်အုပ်စုက အီရန်နိုင်ငံကို ပိတ်ဆို့အရေးယူထားကြသော်လည်း ဆိုဗီယက်အကူအညီဖြင့် ကမ္ဘာ့ထိပ်တန်း အနုမြူအင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒုံးပျံနည်းပညာတွင်လည်း အီရန်သည် ကမ္ဘာပေါ်တွင် နည်းပညာအဆင့် အတန်း အမြင့်ဆုံးဟု ကြွေးကြော်နေသော အမေရိန်ကန်ထက် ပိုမို အားကောင်းသော နည်းပညာများ ပိုင်ဆိုင်ထားသည်။ သို့သော် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်ကိုတော့ ဆိုးဝါးစွာ ခံစားခဲ့ရပါပါတယ်။

ခိုမေနီ ကွယ်လွန်ပြီးချိန်မှာတော့ အီရန်ဟာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး အမေရိကန်နဲ့ ပြန်လည်သင့်မြတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အမေရိကန်နှင့် အီရန်တို့ရဲ့ အဓိကပြဿနာကတော့ အစ္စရေးကိစ္စပါ။ အီရန်ဟာ အစ္စရေးနိုင်ငံတည်ရှိမှုကို ယနေ့အထိ လက်မခံသလို အစ္စရေးကို ပုန်ကန်တိုက်ခိုက်နေတဲ့ ပါလက်စတိုင်းတွေကိုလည်း လက်နက်အထောက်အပံ့ပေးထားပါတယ်။ ဒါကြောင့် ပါလက်စတိုင်း-အစ္စရေးပဋိပက္ခမှာ အီရန်ဟာ အမေရိကန်ရဲ့ အဓိကရန်သူ ဖြစ်နေခဲ့တာပါ။

ယခုစာအုပ်ဟာ အီရန်နိုင်ငံသမိုင်းကို သမိုင်းအစမှ ယနေ့အထိ အပြည့်စုံဆုံး ပြုစုထားတဲ့ စာအုပ်ပါ။

စာမျက်နှာ

386(burma paper)

စာအုပ်အရွယ်အစား

7.3x 0.8 x 10.3 inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ 2025 ဇန်နဝါရီလ (ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အီရန်သမိုင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကိုကိုလေး စာအုပ်များ