
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ
15000 (ကျပ်)
သမိုင်းဦးစကတည်းက ပါလက်စတိုင်းဒေသခံတို့နှင့် ကျူးကျော်လာသူ ဂျူးတို့ တိုက်ခိုက်ခဲ့ကြသည်။ ရောမခေတ်၌ ရောမတို့က ဂျူးတို့ကို ပါလက်စတိုင်းဒေသမှ နှင်ထုတ်လိုက်ကြရာ ဂျူးအနည်းငယ်သာ ပါလက်စတိုင်းတွင် ကျန်ရစ်သည်။
(၁၉) ရာစု၌ ဂျူးတို့မှာ ဥရောပတွင် ဖိနှိပ်ခံရလွန်သဖြင့် အော်တိုမန်အာဏာပိုင်တို့ထံ နေထိုင်ခွင့် တောင်းခံကာ ပါလက်စတိုင်းတွင် စတင်အခြေချလာကြသည်။ ထိုအချိန်က ပါလက်စတိုင်မှာ အော်တိုမန်လက်အောက်ခံ ဒေသဖြစ်သည်။
ပထမကမ္ဘာစစ်ပြီးဆုံးချိန် ပါလက်စတိုင်းဒေသကို စီမံပိုင်ခွင့် မန်းဒိတ်တာဝန်ယူထားသော ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဘဲလ်ဖိုးက သမိုင်းဝင် ဘဲလ်ဖိုးကြေညာချက် ထုတ်ပြန်၍ ဥရောပဂျူးများကို ပါလက်စတိုင်း၌ နေထိုင်ခွင့် ပေးခဲ့ရာမှ ပါလက်စတိုင်းနှင့် ဂျူးတို့အကြား ပြဿနာ စတင်ကြီးထွားလာသည်။
ဗြိတိသျှတို့က ပြဿနာကို စတင်မီးမွှေးပေးခဲ့ပြီး ရှင်းမရသောအခါမှ ကုလသမဂ္ဂကို လွှဲပေးလိုက်ရသည်။ ကုလသမဂ္ဂမှ ပါလက်စတိုင်းနိုင်ငံနှင့် အစ္စရေးနိုင်ငံဟူ၍ အညီအမျှ နယ်နိမိတ်သတ်မှတ်ပေးမှုကို နှစ်ဖက်စလုံးမှ လက်မခံခဲ့။ ထိုအချိန် ဂျူးတို့မှာ လက်ဦမှု ရယူကာ အစ္စရေးနိုင်ငံကို ထူထောင်လိုက်ပြီး အမေရိကန်၏ ထောက်ခံမှုဖြင့် ပါလက်စတိုင်တို့၏ မြို့ရွာများကို အကြမ်းဖက်သတ်ဖြတ်ကာ လုယူသိမ်းပိုက်လိုက်ကြသည်။ ထိုအချိန်မှစ၍ ပါလက်စတိုင်းဒုက္ခသည်ပြဿနာ စတင်လာရသည်။
ပါလက်စတိုင်းတို့ဘက်မှ အီဂျစ်၊ ဆီးရီးယားနှင့် အီရတ်တို့က စုပေါင်းကာ အစ္စရေးကို တိုက်ခိုက်ခဲ့ကြသော်လည်း အမေရိကန်က အစ္စရေးဘက်မှ ကူညီတိုက်ခိုက်ပေးသဖြင့် အာရပ်အုပ်စုလည်း စစ်ရှုံးသွားခဲ့ရသည်။
အမေရိကန်အစိုးရအဆက်ဆက်မှာ ဂျူးတို့၏ ဇီယွန်ဝါဒကို ထောက်ခံ၍ အစ္စရေးကို အလုံးအရင်းဖြင့် ထောက်ပံကူညီပေးခဲ့ကြသည်။ ထိုသို့ တဖက်သတ်လုပ်ဆောင်ခဲ့မှုကြောင့် ရာဆာအာရာဖတ် ဦးဆောင်သော ပါလက်စတိုင်းပျောက်ကျားတပ် ပေါ်ပေါက်လာခဲ့သည်။ ထို့အတူ ပါလက်စတိုင်းဒုက္ခသည်များကို လက်ခံထားသော လက်ဘနွန်နိုင်ငံကိုလည်း အစ္စရေးနှင့် အမေရိကန်တို့က တိုက်ခိုက်ခဲ့သဖြင့် ဟစ်ဘိုလာအဖွဲ့ ပေါ်လာခဲ့သည်။
အမေရိကန်သမ္မတ ကလင်တန် လက်ထပ်ရောက်မှသာ ကလင်တန်၏ စေ့စပ်မှုဖြင့် အာရာဖတ်နှင့် အစ္စရေးဝန်ကြီးချုပ် ရာဘင်တို့ တွေ့ဆုံဆွေနွေးနိုင်ခဲ့ပြီး ပါလက်စတိုင်းဒုက္ခသည်များ ဂါဇာ အနောက်ဖက်ကမ်း၌ ပြန်လည် အခြေစိုက်ခွင့် ရရှိခဲ့သည်။ သို့သော် ဝန်ကြီးချုပ် ရာဘင်ကို အစ္စရေးအကြမ်းဖက် သမားတို့က လုပ်ကြံသတ်ဖြတ်လိုက်ကြသည်။
အစ္စရေး- ပါလက်စတိုင်း ငြိမ်းချမ်းစွာ နှစ်နိုင်ငံ အတူရပ်တည်ရေးကို အစ္စရေးဘက်က လုံးဝ လက်မခံသလို ပါလက်စတိုင်းနိုင်ငံအဖြစ် တည်ထောင်ပေးရေး ကုလသမဂ္ဂ၏ ကြိုးပမ်းမှုအားလုံးကို အစ္စရေးက ပြင်းထန်စွာ ဆန့်ကျင်သလို ဗီတိုအာဏာပိုင်ဆိုင်ထားသော အမေရိကန်ကလည်း အစ္စရေးတို့ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တစ်ဖက်သတ် ထောက်ခံနေလာခဲ့ရာ ပြဿနာမှာ ကြီးသထက် ကြီးထွားလာသည်။
ထိုလုပ်ရပ်များကြောင့် ပါလက်စတိုင်းတို့ဘက်မှလည်း အာရာဖတ်၏ ငြိမ်းချမ်းရေးကို လက်မခံနိုင်ကြတော့ဘဲ အစွန်းရောက်ဟားမက်စ်ကို ထောက်ခံခဲ့ကြသည်။
ယခုစာအုပ်မှာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ စတင်ချိန်မှ ယခုအထိ သမိုင်း ကြောင်းကို အနှစ်ချုပ်တင်ပြထားသော စာအုပ်ဖြစ်ပါသည်။
| စာမျက်နှာ | 248 |
|---|---|
| စာအုပ်အရွယ်အစား | 7.4x 0.4 x 10.3 inches |
| ပုံနှိပ်မှတ်တမ်း | ယဉ်မျိုးစာပေ၊ 2024 ဩဂုတ်လ(ပထမအကြိမ်) |
4 in stock
ကိုကိုလေး စာအုပ်များ
-
ကိုကိုလေးဂျူးသမိုင်း
6000 (ကျပ်)Rated 1.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ကိုကိုလေးအစ္စရေးသမိုင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးခေတ်သစ်လက်ဝဲဝါဒ မူလအစ
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးပါလက်စတိုင်း (နှစ်ပေါင်းလေးထောင်သမိုင်း)
13000 (ကျပ်)Rated 1.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ကိုကိုလေးစင်္ကာပူသမိုင်း
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးဂျဝါဟာလ္လာနေရူး အိန္ဒိယကိုထူထောင်ခြင်း
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးဗမာ့ဆိုရှယ်လစ်ဝါဒ ကျဆုံးခန်း
4500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအဆိုးယုတ်ဆုံးအာဏာရှင် ၁၀၀
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအာရပ်သမိုင်း
20000 (ကျပ်)Rated 4.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
ကိုကိုလေးဘင်္ဂလားဒေ့(ရှ်)သမိုင်း
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးသုံးပွင့်ဆိုင်လုပ်ကြံမှုကြီး
1800 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအင်ဒိုနီးရှားသမိုင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးဟားမက်စ်အတွင်းရေး
18000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးတူရကီသမိုင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးတမန်တော်မြတ်မိုဟာမတ်
18000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးပါကစ္စတန်သမိုင်း
18000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးယူကရိန်းသမိုင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအမေရိကန်သမိုင်း
40000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအီရန်သမိုင်း
25000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးရုရှားသမိုင်း
25000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ