ပါလက်စတိုင်း (နှစ်ပေါင်းလေးထောင်သမိုင်း)

( 0 မှတ်ချက်)

10000 (ကျပ်)

ကြေးညိုခေတ်နှောင်းကာလ လွန်ခဲ့သောနှစ်ပေါင်း ၃၂၀၀ ကျော်ကာလကတည်းက ထိုဒေသကို “ပါလက်စတိုင်းဒေသ”ဟုခေါ်ဆိုခဲ့ကြသည်။ အတိအကျဆိုရပါမူ ဘီစီ ၄၅၀ မှစပြီး ဒုတိယကမ္ဘာစစ်ပြီးကာလ ၁၉၄၈ အထိ ထိုဒေသကြီးတစ်ခုလုံးကို “ပါလက်စတိုင်းဒေသ” ဟု ခေါ်သည်။ ပါလက်စတိုင်းကို “ဖီလက်(စ)တင်း” ဟု ခေါ်ကြသည်။ ထိုဒေသသည် ပထဝီအနေအထားအရ မြေထဲပင်လယ်နှင့် ဂျော်ဒန်မြစ်တို့၏ကြား ဧရိယာကြီးတစ်ခုလုံးကို ပါလက်စတိုင်းဒေသ ဟုခေါ်သည်။ ကြေးညိုခေတ်၌ လူ့ယဉ်ကျေးမှုများ စတင်ထွန်းကားခဲ့ပြီး သမိုင်းအရယဉ်ကျေးမှုအမွေအနှစ် ဘာသာစကား၊ ဘာသစာပေများ စသည်ဖြင့် အဘက်ဘက်မှ လွန်စွာတန်ဖိုးကြီးသော ဒေသဖြစ်ခဲ့သည်။
ပါလက်စတိုင်းဒေသသည် ခေတ်ကာလတိုင်းတွင် ကိုလိုနီနယ်ချဲ့တို့အားကောင်းခဲ့သောဒေသဖြစ်ခဲ့ပြီး ဒေသခံပါလက်စတိုင်းသားတို့သည် အမြဲထာ၀ရတို့သည် အရေးနိမ့်ကြသည်။ ပါလက်စတိုင်းဒေသကို “ဟီးဘရူး”တွေ ကျူးကျော်နယ်ချဲ့ကြသည်။ “ဘေဘီလုံ”တွေလာပြီးနယ်ချဲ့ကြသည်။ “ပါရှား”တွေနယ်ချဲ့ကြသည်။ ဂရိတွေ၊ ရောမတွေ လာပြီး နယ်ချဲ့ကျွန်ပြုပြီး အုပ်စိုးခဲ့ကြသည်။ နောက်ဆုံး မွတ်စလင်တို့ ပါလက်စတိုင်းဒေသကို အေဒီ ၆ ရာစု၊ ၇ရာစုမှစပြီး မွတ်စလင်တို့ အုပ်ချုပ်ခဲ့ကြသည်။
သမိုင်းမတင်မီခေတ်ကာလမှသည်ပထဝီဝင်အနေအထား၊ ကိုလိုနီခေတ်ကာလ နိုင်ငံရေးအခြေအနေ၊ အမျိုးသားလှုပ်ရှားမှုများ၊ နယ်မြေကွဲထွက်သွားခြင်းအကြောင်း၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ နိုင်ငံအသစ်ပေါ်ထွက်လာခြင်းအကြောင်းကို နှံ့နှံ့စပ်စပ် ထောင့်စေ့အောင်ရေးသားဖော်ပြထားသည့် သမိုင်းစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
ကမ္ဘာ့သမိုင်းကြောင်းရာများကို နှစ်သက်သူများ..သမိုင်းပညာရပ်ကိုလေ့လာနေသူများနှင့် နိုင်ငံတို့၏လူမှုရေး နိုင်ငံရေးတို့အကြောင်းကိုသိရှိလိုသူတို့အတွက် ဖတ်ရှုသင့်သည့်စာအုပ်ကောင်းတစ်အုပ်…

စာမျက်နှာ

373

စာအုပ်အရွယ်အစား

7.3 x 0.5 x 10.3 inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ ၂၀၂၀ ဒီဇင်ဘာလ

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပါလက်စတိုင်း (နှစ်ပေါင်းလေးထောင်သမိုင်း)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကိုကိုလေး စာအုပ်များ