ပါကစ္စတန်သမိုင်း

( 0 မှတ်ချက်)

18000 (ကျပ်)

နိုင်ငံတစ်ခု.တစ်မြေထဲနေ တစ်ရေထဲသောက်ပြီး နယ်ချဲ့ကို အတူတူတိုက်ခိုက်ခဲ့ကြသော နိုင်ငံသားတို့မှာ ဘာသာရေးလူမျိုးရေး အစွန်းရောက်သမားတွေကြောင့် နိုင်ငံတော်ကို နှစ်ပိုင်းခွဲစိတ်လိုက်ကြရသည်။ အိန္ဒိယနှင့် ပါကစ္စတန်ဟူသော သီးခြားနိုင်ငံနှစ်ခုအဖြစ် လွတ်လပ်ရေး ရယူခဲ့ကြသည်။ နိုင်ငံကို ခွဲစိတ်ချိန် ရရှိခဲ့သော ဒဏ်ရာဒဏ်ချက်တို့မှာ ဘယ် တော့မှာ မပြေသော ရန်ညှိုးတို့ကို နှစ်နိုင်ငံအကြား ဖြစ်ပေါ်စေတော့သည်။ ပါကစ္စတန်မှာ တောင်အာရှမှ လူဦးရေအများဆုံး မွတ်စလင်နိုင်ငံဖြစ်သည်။ ထို့အတူ ပထဝီအနေ အထားအရလည်း အိန္ဒိယနှင့် တရုတ်တို့ကြောင့် မဟာဗျုဟာမြောက် အရေးပါသည်။ထို့ကြောင့်လည်း ပါကစ္စတန်တွင်အာဏာသိမ်းမှု အကြိမ်ကြိမ် ကြုံရသော်လည်း အမြဲ အမေရိကန်နှင် မဟာမိတ်အဖြစ်ရှိနေသဖြင့် အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။

၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီး အရွတ်ခန်းအာဏာသိမ်းစဥ် လူထုကိုယ်၌ ထောက်ခံကြသည်။ အကြောင်းမှာ အရပ်ဖက်နိုင်ငံရေးသမားတွေ၏ ညံ့ဖျင်းမှုကို လူထုက စိတ်ပျက်နေချိန်ဖြစ်သည်။ ထိုကာလမှာ စစ်အေးတိုက်ပွဲပြင်းထန်ချိန်လည်းဖြစ်၍ တရုတ်-ဆိုဗီယက်လက်အောက်ခံ ဆိုဗီယက်ဗဟိုအာရှလက်အောက်ခံ နိုင်ငံတွေကိုပါကစ္စတန်မှ ထိန်းချုပ်ထားနိုင်သဖြင့် အမေရိကန်မှာ ဗဟာဗျုဟာမြောက် ထောက်လှမ်း ရေး စစ်ရေးများကို ပါကစ္စတန်အတွင်းမှ လုပ် ဆောင်ရသည်။ ထို့အတွက် အမေရိကန်၏ အကူ အညီဖြင့်ပါကစ္စတန်မှာ အင်အားကြီးထွားလာသည်။

နောင်တွင် လူထုခေါင်းဆောင်အဖြစ်ထွက်လာမည့် အလီဘူတိုမှာ အရွတ်ခန်း၏ အစိုးရအဖွဲ့မှ အရပ် သား ပညာရှင်တစ်ဦးဖြစ်သည်။ အရွတ်ခန်းကို ဖိအားပေးနှုတ်ထွက်စေပြီး အာဏာရယူခဲ့သူမှာကာချုပ်အသစ် ယာယာခန်းဖြစ်သည်။ ဗိုလ်ချုပ်ယာယာခန်းလက်ထပ်တွင်း ပါကစ္စတန်မှာ နှစ်ပိုင်းကွဲ၍ ဘဂ်လားဒေရှ်အဖြစ် ခွဲထွက်သွားသည်။ ပါကစ္စတန်၏ ရန်သူ အိန္ဒိယက ဘဂ်လားဒေရှ်ကို အကူအညီပေးကာ ခွဲထွက်မှုကို အားပေးခဲ့သည်။

၁၉၇၂ ခုနှစ်တွင် ဗိုလ်ချုပ်ယာယာခန်း အနားယူပြီး လူထုခေါင်းဆောင် အလီဘူတိုအား အာဏာလွဲပေးလိုက်သည်။ အလီဘူတိုက အရပ်ဖက်မာရှယ်လော ပြဌာန်းပြီး ပြုပြင်ပြောင်းလဲမှုတွေကို အကြီးအကျယ် လုပ်ဆောင်သည်။ ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲပြဌာန်းသည်။ ထိုသို့ ပြုပြင်ပြောင်းလဲမှုတွေကို မလိုလားသူတွေမှာ အစ္စလာမ်မစ် အစွန်း ရောက်များဖြစ်သည်။ စစ်တပ်ကလည်း ဖွဲ့စည်းပုံအသစ်အရ အာဏာလက်မဲ့သွားသည်ကို မကျေနပ်။ထို့ကြောင့် တတိယအကြိမ် အာဏာသိမ်းသူမှာ အစ္စလာမ့်မစ်ဝါဒီ ဗိုလ်ချုပ် ဇီယာအူဟတ် ဖြစ်လေသည်။

ဇီယာအူဟတ်၏ ခေတ်မှာ ပါကစ္စတန်၏ အမှောင်ခေတ်ဖြစ်သည်။ ဇီယာမှာ ဝန်ကြီးချုပ်အလီဘူတိုကိုလည်း စွဲချက်အမျိုးမျိုးတင်ကာ ကြိုးပေးသတ်လိုက်သည်။ စစ်အုပ်ချုပ်ရေးဖြင့် လူထုကို ဖိနှိပ်သည်။ ထို့ကြောင့် နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချကာ ဇီယာအစိုးရကို အဆက်ဖြတ်တောက်ကြသည်။

သို့သော် ပါကစ္စတန် အာဏာသိမ်းအစိုးရတိုင်း ကံကောင်းသည့်အချက်မှာ နိုင်ငံတကာအရေးများဖြစ်သည်။ ဇီယာလက်ထပ် ဆိုဗီယက်က အာဖဂန်ကို ကျူးကျော်ရာ ပါကစ္သတန်မှာ ဗဟာဗျူဟာအရ အရေးပါလာပြန်သည်။ ထို့ကြောင့် အမေရိကန်က ပါကစ္စတန်ကို အသုံးချလိုရာ အမေရိကန်အကူအညီဖြင့် ပါကစ္စတန်မှာ ပိုမို အင်အားကြီးသွားပြန်သည်။ သို့သော် ဇီယာမှာ ကံဆိုးစွာဖြင့် လေယာဥ်ပျက်ကျ သေဆုံးသွားရသည်။ ထိုသေဆုံးမှု၏ လျှို့ဝှက်ချက်ကို ယခုအထိ အဖြေမရှိ။

ဇီယာခေတ်အလွန်မှာတော့ ပါကစ္စတန်၏ ဒီမိုကရေခေတ် စတင် သည်။ လူထုအချစ်တော် အလီဘူတို၏ သမီး ဘနာဇီယာဘူတို ပေါ်ထွက်လာသည်။ အရပ်ဖက်နိုင်ငံရေးတွင်လည်း အာဏာအလိုရမ္မက်ကြီးသူ၊ ကလိမ်ကကျစ်ကြသူတော့ ရှိစမြဲ။ ထိုသူတွေကြောင့်ပင် အာဏာရှင်တခတ် ပြန်ရောက်ရသည်။ ထို့အပြင် စစ်ဖက်-အရပ်ဖက်ဆက်ဆံရေးတွက်လည်း ထိုအာဏာအလိုရမ္မက်ကြီးသူတွေကြောင့် ပြသနာတက်ရစမြဲဖြစ်သည်။

ယခု ပါကစ္စတန် ဒီမိုကရေစီခေတ်တွင်လည်းအာဏာ အလိုရမ္မက်ကြီးသူ နဝပ်ရှရစ်ကြောင့် နောက်တစ်ကြိမ် အာဏာသိမ်းမှု ကြုံရပြန်တော့သည်။ သမိုင်းနောက်ပြန် အကြိမ်ကြိမ် ကျသော ပါကစ္စတန်မှာ မည်သို့ ရှေ့ဆက်ကြမည်၊ လူထုခေါင်းဆောင် ဘနာဇီယာဘူတို့၏ ကံကြမ္မာ မည်သို့ အဆုံးသတ်မည်…. စသည်တို့မှာ….

လူမျိုးရေး ဘာသာရေး အစွန်ရောက်များ အင်းအားကြီးမား၍ အာဏာအကြိမ်ကြိမ် သိမ်းခံခဲ့ရသော နိုင်ငံများ၏ သမိုင်းထဲ၌ သံဝေဂရစရာ၊ သင်ခန်းစာယူစရာ၊ ပြုပြင်ပြောင်းလဲမှုများကို စံနမူနာ ယူစရာ အများအပြားရှိသော နိုင်ငံတစ်ခု၏ သမိုင်းကို ပြပါဆိုလျှင် ပါကစ္စန်သမိုင်းကိုသာ ညွှန်းဆိုရပါတော့မည်။

စာမျက်နှာ

340

စာအုပ်အရွယ်အစား

7.4x 0.6 x 10.3 inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ 2024 မေလ(ပထမအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပါကစ္စတန်သမိုင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကိုကိုလေး စာအုပ်များ