လျှို့ဝှက်ချက်ကိုဖွင့်တဲ့သော့

( 0 မှတ်ချက်)

8000 (ကျပ်)

ဒီစာအုပ်ထဲမှာ ကိုယ်လိုချင်တောင့်တတဲ့ ဘဝကို ညို့အားနိယာမ (Law of Attraction) နဲ့သုံးပြီး ဘယ်လိုဘယ်ပုံဖန်တီးရမယ်ဆိုတာ နည်းပေးလမ်းညွှန်ထားပါတယ်။ သိသင့်သိထိုက်တာတွေမှန်သမျှ အရှင်းလင်းဆုံး ဖွင့်ဆိုပြသထားတာတွေလည်း ဖြစ်ပါတယ်။ စိတ်နှလုံး ဖြူစင် သန့်ရှင်းမှု၊ ရည်ရွယ်ချက်ထားရှိမှုနဲ့ လက်တွေ့လုပ်ဆောင်မှုတွေရဲ့ အရေးကြီးပုံတွေလည်း ဖော်ထုတ်လမ်းညွှန်ချက်တွေအရ အိပ်မက်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ အာသီသဆန္ဒတွေရှိရာ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလို့ ဘဝအောင်မြင်မှုတွေဆွတ်ခူးနိုင်မယ်လို့ ဆိုပါတယ်။

ဒီစာအုပ်ဟာ လျှို့ဝှက်ချက် (The Secret by Ronda Byrne) ရဲ့ အဆက်ပါလို့ မဆိုနိုင်တဲ့တိုင်အောင် ယှဉ်တွဲပြီး ဖတ်ရမယ့် စာအုပ်ဖြစ်နေပါတယ်။ ဘာကြောင့်ဆို (၂)အုပ်လုံးက အဓိကထားပြီး ရေးထားတဲ့ ဘာသာရပ်ဟာ “ညို့အားနိယာမ (Law of Attraction) အကြောင်း ဖြစ်နေလို့ပါပဲ။

ညို့အားနိယာမနဲ့ ဖရီကွင်စီသံလိုက်စက်ကွင်းကို အသက်သွင်းဖန်တီးရာမှာ ခေတ်မီအနောက်တိုင်းသိပ္ပံနည်းကျ နည်းစဉ်တွေကို အသုံးပြုထားသလို မေတ္တာ စေတနာ၊ သဒ္ဓါရက်ရောမှု၊ ဘုရားကြည်ညို ဆုတောင်းအဓိဌာန်ပြုမှု၊ ကျေးဇူးတရား၊ ကမ္မဌာန်းဘာဝနာ ကျင့်ကြံအားထုတ်ခြင်းတွေကိုပါ နည်းပေးလမ်းပြထားပါတယ်။ တစ်နည်းအားဖြင့် အရှေ့တိုင်းက လောကီဝိဇ္ဇာနည်းလို့ ခေါ်ရမယ့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကျင့်စဉ်တွေကိုပါ စနစ်တကျ အသေးစိတ်ဖော်ထုတ်ရေးသားထားပါတယ်။

ဒီစာအုပ်ဟာက္ကစ္ဆာသယအိပ်မက် ဘဏ္ဍာသိုက်ကြီးရဲ့ လမ်းပြမြေပုံဖြစ်ရုံသာမက သိုက်တံခါးကို ဖွင့်ပေးမယ့် ရွှေသော့၊ ငွေသော့ ပတ္တမြားသော့တစ်ချောင်းပဲ ဖြစ်ပါတယ်။

စာမျက်နှာ

191

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.5 inches

ပုံနှိပ်မှတ်တမ်း

ပြည်မြန်မာ၊ 2022 ဇွန်လ (ပထမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

25.4.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 8000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လျှို့ဝှက်ချက်ကိုဖွင့်တဲ့သော့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ညီညီနိုင် စာအုပ်များ