ဟီးရိုး

( 0 မှတ်ချက်)

7000 (ကျပ်)

သင့်အကြောင်းကို သင့်အကြောင်း အထူးပြောထားတာပါပဲ။ သင် ဘာဖြစ်ဖို့ မွေးလာတယ်ဆိုတာနဲ့ တခြားလူ သန်းရှစ်ထောင်နဲ့ မတူတာ လုပ်ဖို့ပါပဲပေါ့။ သင့်အဖို့ နေထိုင်ရှင်သန်ဖို့ အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခု ရှိနေပါတယ်။ ဒါဟာ သင့်ဘဝ ခရီးလမ်းပဲ ဆိုပါတော့။ယခု စာဖတ်သူ လက်ရှိ ရောက်နေတဲ့ဘဝက ချွန်ထွက်ပြီး အတောက်ပဆုံး၊ အချမ်းသာဆုံး၊ ပြီးပြည့်စုံတဲ့ သူအဖြစ်နဲ့ အစဉ်သဖြင့် မျှော်မှန်းခဲ့တဲ့ အိပ်မက်အရ အံ့သြစရာဘဝကို ရရှိဖို့ ဒီစာအုပ်မှာလမ်းညွှန် မြေပုံတစ်ခု ဖော်ပြထားပါတယ်။အဲ့ဒီမြေပုံက သင်လိုချင်တဲ့ ဘဝကို သွားမယ့် ခရီးလမ်းကို ခြေလှမ်းတွေ တစ်လှမ်းချင်း တစ်ဆင့်ချင်း ပြသနေတာဖြစ်လို့ အတားအဆီး အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ရမယ်၊ စိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင် လွန်မြောက်ရမယ်၊ ကံပေး လာတဲ့ အခွင့်အရေးတွေကို ဘယ်လို အဓိပ္ပာယ် ဖွင့်ရမယ်ဆိုတဲ့ နည်းတွေ ပါဝင်ပါတယ်။ ဒီ့အပြင်… သင်သွားမည့်ခရီး ပေါက်ရောက်အောင်မြင်ဖို့ လိုအပ်တဲ့ ရိက္ခာနဲ့တူတဲ့ အစွမ်း ထက်မြက်တဲ့ အရည်အသွေး၊ အဆင့်အတန်းတွေ သင့်မှာ ရှိပြီးသား ဆိုတာလည်း ပြဆိုပါတယ်။ သင့်လက်ထဲမှာ အဖိုးတန် မြေပုံကိုင်ထားနိုင်ပါပြီ။ ဒါဟာ ဘဝရဲ့ မြေပုံပဲ ဖြစ်သလို ကြီးကျယ်ခမ်းနားစေမယ့် မြေပုံဆို လည်း မမှားပါဘူး။ ဒီနေ့ ကမ္ဘာပေါ်မှာ ရှင်သန်နေတဲ့ အအောင်မြင်ဆုံး အမျိုးသား၊ အမျိုးသမီး (၁၂)ယောက်ဟာ ဒီမြေပုံအတိုင်း လိုက်နာလုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဖြစ်နိုင်စရာ မရှိဘူး ထင်ရတဲ့ ဘဝခရီးအကြောင်း ]ရှဲ} လုပ်ပေးထားရာက လူတစ်ယောက်ချင်းမှာ အကြီးမားဆုံး အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်တာတွေ မှန်သမျှနဲ့အတူ မွေးဖွား လာတာကိုလည်း ဖော်ညွှန်းပါတယ်။ ကြိုးစားအားထုတ်မှု အပြည့်ရှိမယ်ဆိုရင် အဆုံးစွန်သော ပျော်ရွှင်မှုများနဲ့ လောကကြီး ကို အလှဆင်နိုင်မှာ မလွဲပါ။ဒီ့အတွက် လူသားတွေဟာ ကမ္ဘာမြေပေါ် ရောက်ရှိနေရ တာပဲ မဟုတ်ပါလား။

စာမျက်နှာ

238

စာအုပ်အရွယ်အစား

5.4 x 1 x 8.7 inches

ပုံနှိပ်မှတ်တမ်း

ပြည်မြန်မာစာပေ၊ 2022 အောက်တိုဘာလ (ပထမအကြိမ်)

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဟီးရိုး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ညီညီနိုင် စာအုပ်များ