ကမ္ဘာကို ကိုင်လှုပ်ခဲ့သောအတွေးခေါ်ရှင်၁၀၀

( 0 မှတ်ချက်)

20000 (ကျပ်)

လူရဲ့တွေးခေါ်ကြံစည်မှုတွေဟာ လူ့လောကကြီးကိုကောင်းအောင်လည်း ဖန်တီးနိုင်ပြီးဆိုးအောင်လည်းဖန်တီးနိုင်တာပါပဲ။ ခေတ်သစ် ၊ သမိုင်းသစ်၊ လောကသစ်နဲ့တိုင်းပြည်နိုင်ငံတစ်ခုကို အတွေးခေါ်တွေနဲ့ တည်ဆောက်ကြရတယ်ဆိုရင်လည်းမမှားပါဘူး။ အတွေးမှန်ရင်တိုးတက်သလိုအတွေးမှားရင်လည်း ပျက်စီးရတာ သဘာဝနိယာမပါ။ အခုဒီစာအုပ်ဟာ အနောက်တိုင်းကမ္ဘာကတွေးခေါ်ရှင်ကြီး (၁၀၀ ) အကြောင်းဖြစ်တာနဲ့အမျှ အတွေးခေါ်သမိုင်းလို့လဲပြောနိုင်ပါတယ်။ စာအုပ်ထဲမှာဘာသာရေးဆိုင်ရာ အတွေးခေါ်ရှင်တွေကစပြီး ခေတ်အဆက်ဆက်မှာ အတွေးခေါ်တွေပြောင်းလဲလာတာ၊ ဝါဒတွေပေါ်ထွန်းလာတာကို ထင်သာမြင်သာဖော်ပြထားပါတယ်။ ဆိုကရေးတီးမတိုင်ခင်ခေတ်ကနေ ခေတ်သစ်သိပ္ပံပညာရှင်တွေ၊ ဖြစ်တည်မှုပဓာနဝါဒီနဲ့ ပိုစ့်မော်ဒန်သမားတွေအထိလဲပါရှိပါသည်။ထူးခြားတာကတော့မူရင်းစာရေးဆရာကြီး Philip Stokes ကိုယ်တိုင် ဒဿနိကပညာရှင် ၊ သုတေသီတစ်ဦးဖြစ်ပြီးတွေးခေါ်ရှင်တွေနဲ့ ဒဿနသမိုင်းကိုနှိုက်နှိုက် ချွတ်ချွတ် စေ့စေ့ငင ရေးဖွဲ့ထားတာတွေ့ရပါတယ်။ဒီနေရာမှာ တွေးခေါ်ရှင်ရဲ့ဘဝ အတ္ထုပ္ပတ္တိအကျဉ်း၊ သူ့ရဲ့အယူအဆ အတွေးအ​ခေါ်တွေ ၊ တခြားလူတွေရဲ့ ဆက်စပ်တွေးတောမှုတွေနဲ့ ဝေဖန်ချက်တွေ၊ စာရေးသူကိုယ်တိုင်ရဲ့ ထင်မြင်ချက်တွေကိုပါ စီကာစဉ်ကာတိုရှင်းလိုရင်း ထိထိမိမိနဲ့ စိတ်ဝင်စားစရာ ရေးသားထားတာပဲဖြစ်ပါတယ်။

စာမျက်နှာ

359

စာအုပ်အရွယ်အစား

6.1 x 0.8 x 8.5 inches

ပုံနှိပ်မှတ်တမ်း

ပြည်မြန်မာစာပေ၊ 2024 ဖေဖော်ဝါရီလ (ဒု-ကြိမ်)

စျေိးနှုန်းအပြောင်းအလဲ

17.8.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 20,000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကမ္ဘာကို ကိုင်လှုပ်ခဲ့သောအတွေးခေါ်ရှင်၁၀၀” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ညီညီနိုင် စာအုပ်များ