ယခုပဲ ပစ္စုပ္ပန်မှာ နေလိုက်ပါ

( 0 မှတ်ချက်)

11000 (ကျပ်)

စာရေးဆရာကြီး Eckhart Tolle ဟာ ဝါရင့်တရားဟောဆရာတစ်ဦး ဖြစ်ပြီး ဘက်(စ်)ဆဲလား စာရင်းဝင် ကျမ်းစာအုပ်များကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ ယခုစာအုပ်မှာ သူ့အတွေ့အကြုံ၊ အတွေးအခေါ် ဒဿန၊ စိတ္တဗေဒပညာရပ်နဲ့ ဘာသာရေးကို မွှေနှောက်ရောစပ် ရေးသားထားတဲ့ ဘ၀နေနည်း၊ ဘ၀လမ်းညွှန်၊ ဘ၀ထွက်လမ်း​တွေ ပြထားပါတယ်။ ယခုပစ္စုပ္ပန်ကာလရဲ့ အစွမ်းတန်ခိုး တန်ဖိုးရှိပုံတွေကို ဘာသာပေါင်းစုံက ကောက်နုတ်ဖြန့်ကျက်ထားသလိူ စိတ်ခွန်အား ပေးထားတာပဲ ဖြစ်ပါတယ်။  ပစ္စုပ္ပန် လက်ငင်းလောလောဆယ်ကာခ အရေးကြီးပုံ ပကတိဖြစ်ရှိမှု သဘာ၀ကို ရှုမြင်ရေးနဲ့ အလင်းဉာဏ်ရပြီး ဘ၀လွတ်မြောက်ရေး ကျင့်ကြံပုံတွေကို ဖော်ထုတ်ထားပါတယ်။
===

ဝါရင့်စာရေးဆရာ Eckhart Tolle ရေးသားထားပြီး ဆရာညီညီနိုင် ဘာသာပြန်ထားတဲ့ ယခုစာအုပ်ဟာ အတွေ့အကြုံ + စိတ်ပညာ + တရားဓမ္မ ကိုရောစပ်ပြီး ပစ္စုပ္ပန်ကာလရဲ့တန်ဖိုး၊ စိတ်သက်ငြိမ်နည်း၊ ဘဝလွတ်မြောက်ရေးလမ်း ကိုဖွင့်ပြထားတဲ့ လမ်းညွှန်စာအုပ်ဖြစ်ပါတယ်။ စိတ်ပင်ပန်းနေသူများ အမြင်ပြောင်း၍ စိတ်ကို ငြိမ်သက်စေပြီး ဒုက္ခတွေကိုတစ်နည်းနည်းကျော်လွှားနိုင်ဖို့ ထောက်ပံ့ပေးမှာ ဖြစ်လို့ ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

184(Woodfree paper)

စာအုပ်အရွယ်အစား

5.5. x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

အိပ်မက်အသစ်စာပေ ၊ 2025 နိုဝင်ဘာလ (ဒုတိယအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ယခုပဲ ပစ္စုပ္ပန်မှာ နေလိုက်ပါ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ညီညီနိုင် စာအုပ်များ