လူတွင်ကျယ်ဖို့ လူရည်လည်ဖို့
5000 (ကျပ်)
“လူရည်လည်ဖို့ လူတွင်ကျယ်ဖို့” ဆိုတာ လူလည်ကျဖို့၊ လူတွင်ကျယ်လုပ်ဖို့ ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးမှာ ကျင်လည်ဖို့၊ လည်လည်ပတ်ပတ် ပါးပါးနပ်နပ်နှင့် လူရာဝင် တွင်တွင်ကျယ်ကျယ်နေရာရဖို့ ဆိုလိုရင်းသာဖြစ်ပါတယ်။
ဒီစာအုပ်ကလည်း ကိုယ်အမူအရာဘာသာစကားနဲ့ ပတ်သက်တဲ့ အနက်အဓိပ္ပာယ်တွေကို ဖွင့်ဆိုရှင်းပြရေးထားတာပါ။
ဥပမာ ဒီနေ့ သုံးနှုန်းနေတဲ့ စကားတစ်လုံး “လက်ဖက်ရည်သောက်ရအောင်” လို့ တစ်ယောက်က ခေါ်တယ်ဆိုပါတော့။ ကျန်တစ်ယောက်က “ရပါတယ်” လို့ ပြောတတ်ကြတယ်။ “ရပါတယ်” ဆိုတဲ့စကားမှာ အဓိပ္ပာယ် ၂ခွထွက်နေတာ တွေးကြည့်ရင်သိနိုင်ပါတယ်။ “မသောက်တော့ပါဘူး” ဒါမှမဟုတ် “သောက်တာပေါ့” လို့ပါပဲ။ “လာလေ” “ကောင်းသားပဲ” “ကျွန်တော်သောက်ပြီးပါပြီ” ဆိုတဲ့ နောက်ဆက်တွဲ စကားစုပါမှ အဓိပ္ပာယ်ရှင်းသွားတတ်တာ မဟုတ်ပါလား။
ကိုယ်နှုတ်အမူအရာဘာသာစကားအရ “အပြုံး” ဆိုရာမှာလည်း ပြုံးရုံကလေးပြုံးပြီး နှုတ်ဆက်တဲ့အပြုံး၊ လှိုက်လှဲဖော်ရွေတဲ့အပြုံး၊ စိတ်မပါတဲ့ ဝတ်ကျေတန်းကျေအပြုံး၊ မခိုးမခန့်အပြုံး၊ ပီတိပြုံး စသဖြင့် အဓိပ္ပာယ် အထွေထွေ ကွဲပြားနေတတ်ပါတယ်။
ဒီစာအုပ်မှာ လူလူချင်းဆက်ဆံရေးမှာ မသိမဖြစ် နားလည်ထားရမယ့်အချက်တွေ၊ ရှောင်ရန်ဆောင်ရန်တွေ နှင့် လူကဲခတ်ကောင်းသူဖြစ်စေဖို့၊ လူရည်လည်စေဖို့၊ လူတောတိုးတတ်ဖို့၊ လူတိုင်းဖတ်မှတ် လက်တွေ့ကျင့်သုံးနိုင်မယ့်အကြောင်းအရာများ ပါဝင်ပါတယ်။
အရောင်းအဝယ်သမားများ၊ အရောင်းမန်နေဂျာများ၊ ကုမ္ပဏီတာဝန်ခံ၊ အမှုဆောင်များအတွက် လူမှုအကျိုးပြုလက်စွဲစာအုပ်ကောင်းတစ်အုပ်….
| စာမျက်နှာ | 259 |
|---|---|
| စာအုပ်အရွယ်အစား | 4.8 × 0.7 × 6 inches |
| ပုံနှိပ်မှတ်တမ်း | ပန်းရွှေပြည်စာပေ၊ 2023 စက်တင်ဘာလ |
| စျေးနှုန်းအပြောင်းအလဲ | 31.3.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 5000ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
6 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ