PSYCHO SOFTWARE

( 2 မှတ်ချက်)

9500 (ကျပ်)

လူဆိုတာ မွေးဖွားလိုက်ကတည်းက စာအုပ်တစ်အုပ်နဲ့အတူ လောကထဲ ရောက်လာတာပါ . . .။ အဲဒီစာအုပ်ကို ငါတို့မင်းတို့ မပိုင်ဘူး။ ငါတို့ကိုယ်ခန္ဓာကို ငါတို့ပိုင်တယ်။ ဒါပေမယ့် စာအုပ်က ငါတို့ကို ပိုင်တယ်။

စာအုပ်ထဲမှာ နိဒါန်းပါတယ်။ စာကိုယ်ပါတယ်။ နိဂုံးပါတယ်။ နိဒါန်းကတော့ မွေးဖွားစဉ် အချိန်ကနေ ပထမအရွယ်ထိ ရေးထားတာပေါ့။ စာကိုယ်ကတော့ ဒုတိယအရွယ်ကို ရေးထားတယ်။ နိဂုံးကတော့ တတိယအရွယ်နဲ့ မင်းဘဝ အဆုံးသတ်ချိန်ပေါ့။

မင်းအရွယ်က နိဒါန်းဆိုပေမယ့် စာကိုယ်ရှိတဲ့ စာမျက်နှာတွေကို လှန်ကြည့်လို့ မရဘူးနော်။ နိဂုံးလည်း ဒီအတိုင်းပဲ။ ဒါပေမယ့် မင်း မနက်ဖြန် တစ်ရက်ကူးလိုက်တာနဲ့အမျှ အဲဒီစာအုပ်က တစ်ရွက်လန်သွားတယ်။ ပေါ်လာတဲ့စာမျက်နှာမှာ အဲဒီနေ့အတွက် မင်းလုပ်ရမယ့် အကြောင်းကိစ္စအလုပ်တွေအားလုံး ရေးထားတယ်။ တစ်လုံးတစ်ပါဒမှ မလွဲသွားဘူ။

ဟုတ်တယ် . . . အဲဒါဟာ တစ်ရက်တည်းအတွက်လည်း မဟုတ်ဘူး။ မင်းဘဝရဲ့ နောက်ဆုံးနေ့တိုင်အောင်ထိပဲ ဆိုပါတော့ . . .

အကယ်၍များ အဲဒီစာအုပ်လေးကို နာမည်ပေးချင်ခဲ့မယ်ဆိုရင် . . .

” မင်းစာအုပ်က သူများစာအုပ်နဲ့မတူပဲ
ထူးထူးခြားခြား ပါးလျနေရင်တော့
လောကကြီးထဲက အစောကြီးထွက်သွားရမှာပေါ့
တကယ်တော့ ငါတို့ဟာ အဖြေထွက်ပြီးသား ပုစ္ဆာတစ်ပုဒ်ကို
အစက ပြန်တွက်နေတာပါ ”
သိုးဆောင်း

စာမျက်နှာ

197

စာအုပ်အရွယ်အစား

5.2 x 0.3 x 7.5 inches

ပုံနှိပ်မှတ်တမ်း

အောင်မြင်စာပေ၊ 2020 ဇူလိုင်လ (ဒု-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

13.1.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 9500 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

9 in stock

PSYCHO SOFTWARE အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Thinzar –

    Psychometry အဖြစ်အပျက်တစ်ခုကြောင့် အနာဂတ်ကိုကြိုမြင်နိုင်သော သဘာဝလွန် စွမ်းအင်ရရှိသွားသည် ဟုယုံကြည်ခံနေရသော စာရေးဆရာ သိုး ခေါ် လင်းခ။

    လင်းခ ၏ သူငယ်ချင်းလည်းဖြစ် မိတ်ဆက်စာ ရေးရင်းဖြင့် လင်းခအား သံယောဇဉ်ပိုလာသူ မိုးညာ။

    မိုးညာကို မေတ္တာသက်ဝင်နေသော်လည်း မရှောင်လွှဲသာသော အခြေအနေတစ်ခုကြောင့် ဖွင့်မပြောနိုင်ရှာသော လင်းခ၊ လင်းခဖွင့်ပြောမည်ကိုစောင့်မျှော်ရင်း မိုးညာ သည် အိမ်ကသဘောတူသော ဘုန်းခန့်ကျော် ဆိုသည့်သူ နှင့် စေ့စပ်ကြောင်းလမ်း ခံရသောအခါ…

    လင်းခရဲ့ အခန်းနံရံပေါ် က “ချမ်းအေး+ခင်လေး+ သူရ+( )+လင်းခ = One(D)” ဆိုသည့် equation လေးက လင်းခနဲ့ မိုးညာကိုဝေးကွာစေနေသည့် သော့ချက် များဖြစ်နေသည်လား…?

    ထို့ပြင် လင်းခသူငယ်ချင်းတွေဖြစ်ကြသော ချမ်းအေး၊ သူရ၊ ခင်လေး၊ ဝေမာ တို့ကရော လင်းခရဲ့ နမိတ်ပြအိပ်မက်တွေကို ယုံကြည်ကြမည်လား?ကံကြမ္မာကို ကြိုမြင်သူနှင့် မယုံကြည်သူတို့အကြား မည်သို့ အပြောင်းအလဲတွေဖြစ်လာမည်နည်း။

    သုံးရက်သာသက်တမ်းကျန်တော့တဲ့ ခြင်တစ်ကောင်က လိပ်ပြာတစ်ကောင် ကို ချစ်ကြွမ်းဝင်မိရင် ထိုခြင်က လိပ်ပြာကို ချစ်ရေးဆိုပါမည်လား…?

    ⚠Spoiler alert – ဇာတ်သိမ်းလေးက တော့စာဖတ်သူတို့ ထင်ထားသလို လုံးဝမဟုတ်ပါဘူးနော်။ There was a big unexpected “PLOT TWIST” happened to me.??
    ကိုယ့်မှာတော့ ကြောက်ခြင်းမျိုးစုံနဲ့ ဖတ်လိုက်ရတာ။?
    တကယ်ဆွဲဆောင်နိုင်တဲ့ စာအုပ်တစ်အုပ်ပါ။

  2. Holly –

    လူဆိုတာ စာအုပ်တစ်အုပ်လိုမျိုးပါပဲ။ ကိုယ်ဘယ်လိုဖြစ်မလဲဆိုတာ အစပိုင်းကတည်းက အဲဒီစာအုပ်ထဲမှာရေးထားပြီးသားဖြစ်တယ်။ အဲဒီစာအုပ်မှာရေးထားတဲ့အချက်တွေကို ကိုယ်တိုင်နဲ့ပြောင်းလဲလို့မရဘူး။ ဘယ်အချိန်မွေးဖွားမလဲ၊ ဘယ်အချိန်ဆုံးသွားမလဲဆိုတာတွေကိုပါ အဲဒီစာအုပ်အတိုင်းဖြစ်တယ်။ အကယ်၍ သင့်စာအုပ်က ပါးလွှာနေတယ်ဆိုရင် အချိန်မတော်မတရား အဘယ်ကြောင့်ပဲဖြစ်ဖြစ် ဒီကမ္ဘာကနေ မမြဲတော့တဲ့အချိန်လည်း ပိုမြန်တတ်တယ်။ သင့်ခန္ဓာကိုယ်က သင့်ပိုင်ပေမယ့် သင့်ကိုယ်တိုင်က အဲဒီစာအုပ်ရဲ့ပိုင်ဆိုင်မှုတစ်ခုပါပဲ။

    ဒါပေမယ့် စာအုပ်ထဲမှာဘာတွေရေးထားတယ်ဆိုတာ မသိတာကြောင့်ပဲ နေ့တစ်နေ့ခြင်းကို အဖိုးတန်အောင်ထားတာအရမ်းအရေးကြီးတယ်။ စာအုပ်တစ်အုပ်ကအတိုင်းပေမယ့် မျက်နှာတစ်ရွက်တစ်ရွက်ကို ဂရုတစိုက်ဖတ်ဖို့ လိုတယ်၊ သို့မဟုတ် သင့်အတွက်အဖိုးတန်အောင် လက်ရှိမှာ နိုင်သမျှတတ်သမျှ လုပ်ပေးဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးမျက်နှာက ဘယ်အချိန်မှာရောက်မလဲဆိုတာ မသိဘူးလေ။ နောက်ဆုံးအဆုံးစီရောက်တဲ့အချိန် မသိတဲ့အတွက် လက်ရှိဘဝကို အဖိုးတန်အောင် နေနိုင်တာပေါ့။ ကံကြမ္မာဆိုတာ အချို့သောအပိုင်းတွေကိုတော့ ပြောင်းလဲလို့မရပေမယ့် ကိုယ့်စိတ်အနေအထားပေါ် မူတည်ပြီး ကိုယ့်ရဲ့ ဇာတ်လမ်းကို ဘယ်လိုဖန်တီးမလဲဆိုတာတော့ ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်လို့ ထင်တယ်။
    တကယ်အရမ်းကောင်းတဲ့စာအုပ်လေးပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သိုးဆောင်း စာအုပ်များ