မြန်မာပြည်မြောက်ဖျား စွန့်စားခရီးရှည်

( 0 မှတ်ချက်)

6000 (ကျပ်)

ကြမ္ဓာငင်တဲ့ ၁၉၁၄ ခုနှစ်မှာ ကျွန်တော်ဟာ ကျွန်တော်ရဲ့ မတူခြားနားတဲ့လမ်းကြောင်းမှာ ရုက္ခဗေဒဆိုင်ရာ သုတေသနလုပ်ငန်း တွေလုပ်ဖို့ အသင့်အနေအထားနဲ့ မြန်မာပြည်ကို နောက်တစ်ခေါက် ပြန်လည်ရောက်ရှိနေပါပြီ။
၁၉၁၃ တစ်နှစ်လုံးလည်း ကျွန်တော်ဟာ အဲဒါတွေအတွက် စုံစမ်းလေ့လာမှုတွေလုပ်ခဲ့တယ်။ တကယ်က ၁၉၁၁ ကတည်းက စခဲ့တာပါ။ တခြားသော မြန်မာ့ဝေးလံအသီခေါင်ဆုံး နယ်စွန်နယ်ဖျားကနေ တောင်အာရှ-တိဘက်အထိ စုံစမ်းစစ်ဆေးမှုတွေကိုလုပ်ခဲ့တယ်။ အဲဒီ အရင်တစ်ခေါက်က အနောက်မြောက် ယူနန်ပြည်နယ်အထိ ပန်းမာလာ တွေရဲ့ ရုက္ခဗေဒဆိုင်ရာ သုတေသနလုပ်ငန်းတွေ လုပ်ခဲ့တယ်။
ဒီဆုံးဖြတ်ချက်ချဖို့အတွက် အရှေ့မြောက်နယ်စပ်က လတ် တလောအဖြစ်အပျက်တွေရဲ့ သြဇာလွှမ်းမှုတစ်စိတ်တစ်ပိုင်း ပါဝင်တယ်။ အဲဒီအချိန်အထိ အရင်ကလူသူအရောက်အပေါက် မရှိသေးတဲ့ အရိုင်းဒေသတွေကိုသွားချင်တဲ့ ကျွန်တော့်အာရုံကို ဆွဲဆောင်နေခဲ့တယ်။
မြန်မာ၊ တရုတ်၊ တိဘက်နဲ့ အာသံဆုံတွေ့ရာ အရိုင်းဒေသဟာ နိုင်ငံရေးပွတ်တိုက်မှုနောက်ခံမှာ နှစ်ပေါင်းများစွာဖြတ်သန်းခဲ့တယ်။ အဲဒါက အိန္ဒိယနယ်ခြားနိုင်ငံရေး အဇဋာပြင်မှာ မီးထတောက်ဖို့ ခြိမ်းခြောက်နေတယ်။ အထူးသဖြင့် မြစ်ကြီးနားအနောက်မြောက် မိုင် ၂၀၀ လောက်က မိုးထိမြင့်မားတောင်တန်းတွေကြားက ခမ်းတီးလောင် လွင်ပြင်ငယ်ကလေးကို နယ်ချဲ့ဗြိတိသျှတို့ သိမ်းပိုက်လိုက်ချိန်ကစလို့ အခြေအနေက အထွတ်အထိပ်ရောက်လာတယ်။
အဲဒီမှာ လွင်ပြင်ကိုတောနက်တောင်တန်း အဘက်ဘက်က ပိတ်ဆီးထားရာမှာ အခြေချကြတဲ့ အဲဒီတုန်းက အရိုင်းဆန်လှတဲ့ လူမျိုးနွယ်စုတစ်စုဟာ တောင်ဘက်နဲ့အဆက်အသွယ်ပြတ်တောက်သွားတယ်။ သူတို့ဟာ ဒီနေ့အထိ မိသားစုရာဂဏန်းအနည်းငယ်လောက်သာ ရှိတဲ့ ရာစုနှစ်များစွာ အထီးကျန်ရှင်သန်နေတဲ့ သီးခြား ရှမ်းကိုလိုနီတစ်ခုပါ။
ဒီသိမ်းပိုက်မှုမတိုင်ခင် မြစ်ကြီးနားအရှေ့နဲ့ အရှေ့မြောက်ကနေ ယူနန်နယ်စပ်အထိဒေသဟာ ဗမာအစိုးရ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာပါ။ ဧရာဝတီနဲ့ သူ့ရဲ့မြစ်လက်တက်တွေရဲ့ အရှေ့ဘက်ဆုံးက အင်မိုင်ခမြစ်ဝှမ်းဒေသအထိဒေသကို ကျွန်တော်စူးစမ်းလေ့လာဖို့အဆိုပြု တင်ပြထားတယ်။
မြန်မာ-ယူနန် နယ်စပ်အစွန်း တောင်ကြောတောင်စဉ်တန်းဟာ ပေ ၁၃၀၀၀ ကျော် တောင်ထွတ်တွေအပြည့်နဲ့။ အဲဒီတောင်ကြောဟာ မြောက်ဘက်အဝေးဆီ တရုတ်-တိဘက်တောင်ကြောတွေနဲ့ တစ်ဆက် တည်းပဲ။ အဲဒီမှာ ကျွန်တော်ဟာ ကျွန်တော်ရဲ့ စူးစမ်းရှာဖွေ လေ့လာရေး ခရီးကို စတင်ခဲ့ဖူးတယ်။ နောက်ဆက်တွဲအနေနဲ့ သူတို့နဲ့ တိုက်ရိုက်ထိတွေ့ဖို့ ကြိုးစားသွားမှာပါ။
ကျွန်တော်ဟာ ဒါကြောင့် ယူနန်နယ်စပ်ပေါ်က အရှေ့မြောက်နယ်စွန်းက တောင်ကြောတွေဆီ အရောက်သွားဖို့ စီစဉ်ခဲ့တယ်။

စာအုပ်ထွက်မည့်ရက်

16.7.2020

စာမျက်နှာ

400

ပုံနှိပ်မှတ်တမ်း

ကိုနေ(မန်း)စာပေ၊ 2020 ဇူလိုင်လ၊ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မြန်မာပြည်မြောက်ဖျား စွန့်စားခရီးရှည်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကိုနေ(မန်း) စာအုပ်များ

သင့်အတွက်ရွေးချယ်ပေးထားသည့်စာအုပ်များ