ဒေးကာနယ်ဂျီပေါင်းချုပ်

( 1 မှတ်ချက်)

12000 (ကျပ်)

စကားဆက်သွယ်ပြောဆိုမှု အရည်အသွေးနဲ့ လူထုရှေ့မှောက်စကားပြောတတ်မှုဟာ ဘဝအောင်မြင်မှုနဲ့ ဆုံးရှုံးမှုအကြားမှ သိမ်မွေ့တဲ့ စည်းခြားမှုပါ။ ဒါကြောင့် အရေးကြီးဆုံးလက်နက်ကတော့ စကားပြောဆိုဆက်သွယ်ရေးစွမ်းရည်ကောင်းရေးပါ။ ပရိသတ်ထဲက လူတွေကို ကြည့်ပြီး သူတို့ ငါ့ကိုဘာပြောနေမလဲဆိုတဲ့ အာရုံစိုက်မှုနဲ့ ကြောက်မနေသင့်ဘူး။ အချိန်ကိုက် ဟာသလေးနည်းနည်းထည့်ပြောလိုက်ရုံနဲ့ ပရိသတ်နဲ့ ရေခဲကွဲသွားရုံမက သူတို့မျက်နှာပေါ်မှာ အပြုံးတွေပင် ဝေဆာလာနိုင်ပါမယ်။

အောင်မြင်တဲ့စကားဟောပြောသူဖြစ်ရေးဟာ ခက်ခဲတဲ့အလုပ်ဆိုတာ သံသယရှိစရာမလိုပါ။ လူထုရှေ့မှောက် စကားဟောပြောရာမှာ မထင်မှတ်ဘဲ ကျရောက်လာနိုင်တဲ့ ကြောက်ရွံစိုးရိမ်မှုတွေ၊ စိတ်ပျက်အားငယ်မှုတွေကို သတိထားရပါမယ်။ ကောင်းမွန်တဲ့သင်ကြားမှု၊ လေ့ကျင့်မှု၊ပြင်ဆင်မှုတွေနဲ့ အောင်မြင်တဲ့ တင်ဆက်မှုတွေကို ပြုနိုင်ဖို့ သေချာစေမှာပါ။

စာမျက်နှာ

300

စာအုပ်အရွယ်အစား

5.1 × 7 × 8 inches

ပုံနှိပ်မှတ်တမ်း

ကိုနေမန်းစာပေ၊ 2020 ဩဂုတ်လ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

22.4.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 12000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

4 in stock

ဒေးကာနယ်ဂျီပေါင်းချုပ် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. စိုးဘားဒိုင်

    မြန်မာပရိသတ်နဲ့ရင်းနှီးကျွမ်းဝင်ပြီးဖြစ်တဲ့ဒေးကာနယ်ဂျီရဲ့ Effective Speaking and Public Speakingစာအုပ်ကို ဘာသာပြန်ထားတာပါ။
    ဟောပြောနည်း၊စကားပြောနည်းသင်တန်းတွေဖွင့်ပြီး ကမ္ဘာကျော်အဟောအပြောကောင်းသူတွေကို မွေးထုတ်ပေးနေတဲ့ ဒေးကာနယ်ဂျီရဲ့ အခုစာအုပ်မှာ လူအများရှေ့စကားမပြောရဲသူ၊
    စကားပြောရမှာရှက်သူ၊ပွဲမဝင်ရဲသူတွေကို အဟောအပြောကောင်းသူ၊စကားပြောကောင်းသူအဖြစ်ပြောင်းလဲပေးနိုင်တဲ့နည်းတွေကို ဒီစာအုပ်မှာဖော်ပြထားတယ်။
    စာအုပ်ရေးသားထားတဲ့ပုံစံက အခြေခံအချက်ကလေးတွေကနေ တဆင့်ချင်းလေ့ကျင့်သွားရမယ့်ပုံစံဖြစ်တယ်။ကိုယ်ရည်ကိုယ်သွေးနဲ့ဝမ်းစာကိုအခြေခံထားတဲ့ သူ့သင်ကြားပို့ချမှုတွေက အသေးစိတ်ကလေးတွေ၊အသေးအမွှားလေးတွေကအစ လစ်ဟာမှုမရှိအောင်ရေးသားဖော်ပြထားတာတွေ့ရတယ်။
    ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိသူ၊စင်ပေါ်ရောက်တာနဲ့ကြောက်ဒူးတုန်လာသူတွေကို ရဲဝံ့ရှင်းလင်းပီပြင်စွာ ဟောပြောနိုင်တဲ့သူအဖြစ် လေ့ကျင့်ပေးတဲ့အစီအစဥ်တွေ၊အကြံကောင်းဉာဏ်ကောင်းတွေကို ဒီစာအုပ်မှာအား
    အပြည့်ထည့်သွင်းထားတယ်။
    စကားပြောတာ၊ဟောပြောတာတွေဟာ လူတစ်ယောက်ရဲ့အောင်မြင်မှုကို ဘယ်လောက်အထိ ဆွဲတင်ပေးနိုင်တယ်ဆိုတာကိုလည်း ဒေးကာနယ်ဂျီကသူ့အတွေ့အကြုံ၊သူသင်တန်းဆင်းနာမည်ကြီးတွေရဲ့ အတွေ့အကြုံတွေနဲ့ လက်တွေ့ကျကျဖော်ပြထားတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကိုနေ(မန်း) စာအုပ်များ