စေ့စပ်ညှိနှိုင်းဆွေးနွေးအဖြေရှာရေး
6000 (ကျပ်)
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သင်ဟာ စေ့စပ်ညှိနှိုင်းရေး သမားတစ်ယောက်ဖြစ်တယ်။ စေ့စပ်ဆွေးနွေးညှိနှိုင်းရေး ဆိုတာဟာ ဘဝရဲ့ အကြောင်းတရားတစ်ရပ်ဖြစ်တယ်။ သင်ဟာ သင့်ဘော့စ်နဲ့ လစာတိုးရေးကိစ္စ ဆွေးနွေးရမယ်။ လူစိမ်းတစ်ယောက်က တောင်းဆိုတဲ့ သူ့အိမ်ရောင်းဈေးနှုန်းကို သဘောတူညီချက်ရအောင် ဆွေးနွေးရမယ်။ ရှေ့နေ ၂ ဦးတို့ဟာ ကားတိုက်မှု တစ်ခုအတွက် အမှုရင်ဆိုင်ဖို့ ကြိုးပမ်းကြမယ်။ ရေနံကုမ္ပဏီအုပ်စုတစ်စုဟာ ကမ်းလွန်ရေနံပူးပေါင်းရှာဖွေရေးအတွက် ဖက်စပ်လုပ်ငန်းကြီးတစ်ခု စီစဉ်ကြ တယ်။ မြို့တော်တာဝန်ရှိသူတွေက ယာယီသပိတ်လှန်ရေးအတွက် အလုပ် သမား သမဂ္ဂခေါင်းဆောင်တွေနဲ့တွေ့မယ်။ အမေရိကန်ပြည်ထောင်စုနိုင်ငံခြား ရေးဝန်ကြီးက ဆိုဗီယက်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီး နျူကလီးယား လက်နက် ကန့်သတ်လျှော့ချရေးဆွေးနွေးမယ်။ အဲဒါတွေအားလုံးဟာ စေ့စပ် ညှိနှိုင်းရေးတွေပဲ။
စေ့စပ်ညှိနှိုင်းရေးရဲ့ အခြေခံကတော့ အခြားသူတွေထံမှ သင်လိုချင် တာကို ရအောင်ယူခြင်းပါ။ သင်နဲ့အခြားတစ်ဖက်တို့ အပြိုင်လိုလားမှုကို မျှေ၀ ပတ်သက်နေပြီး အခြားတစ်ဖက်က ဆန့်ကျင်တဲ့အခါ သဘောတူညီချက်ရဖို့ အတွက် အပြန်အလှန်ဆက်သွယ်စေ့စပ်ညှိနှိုင်းမှုပြုရပါ့မယ်။
စေ့စပ်ညှိနှိုင်းမှုဟာ နေ့တိုင်းနေရာတိုင်းမှာ ရှိနေပေမယ့် တကယ့် ပီပြင် ကောင်းမွန်အောင်လုပ်ဖို့ မလွယ်ပါဘူး။ စေ့စပ်ညှိနှိုင်းရေး စံမဟာဗျူဟာ တွေကို သုံးတာတောင် မကြာခဏဆိုသလို လူတွေကို ကျေနပ်မှုမရ၊ ခြေကုန် လက်ပန်းကျ ရှောင်ဖယ်သွားခြင်းများကြုံရပြီး တစ်ခါတရံ ၃ မျိုးလုံးကြုံရ တတ်ပါတယ်။
ဟားဗတ်တက္ကသိုလ်စေ့စပ်ညှိနှိုင်းခြင်း နဿရည်းကို တီထွင်ဖန် တီးခဲ့ပါတယ်။ အရေးကိစ္စတွေကို ဆုံးဖြတ်အဖြေရှာရာမှာ နှစ်ဘက်လုံးက လိုချင်၊ မလိုချင်တာတွေပြောတာကို အာရုံစိုက်ချဉ်းကပ်ခြင်းထက် သူတို့ ကောင်းကျိုးကို ပိုအရေးထားပါတယ်။ သင်အနေနဲ့ ဖြစ်နိုင်သမျှနေရာတိုင်းမှာ နှစ်ဦးနှစ်ဘက် အကျိုးရှိမှု ကိုရှာဖွေရမယ်။ ရလဒ်က မျှတတဲ့ စနှုန်းတွေအပေါ် အခြေခံရမယ်။ နှစ်ဘက်လိုအင်တွေအပေါ် မှီခိုမှုကင်းရမယ်။
အခြေခံစေ့စပ်ညှိနှိုင်းရေးနိဿရည်းဟာ ကောင်းကျိုးအပေါ်မှာ တင်းမာပြီး လူတွေအပေါ်မှာ ပျော့ပျောင်းတယ်။ အဲဒီမှာ လှည့်စားမှုပရိယာယ် တွေမပါဝင်သလို လိမ်ညာဟန်ဆောင်မှုတွေမပါဘူး။]စေ့စပ်ညှိနှိုင်းရေး အခြေခံသဘောတရားတွေက သင့်တရားမျှတမှုရဲ့အားသာချက်တွေကို အခွင့်ကောင်းယူမယ့်သူတွေရဲ့ ရန်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
စေ့စပ်ညှိနှိုင်းမှုတိုင်းဟာ ခြားနားပါတယ်။ ဒါပေမဲ့ အခြေခံပါဝင်မှု တွေကတော့ မပြောင်းလဲဘူး။ စေ့စပ်ညှိနှိုင်းနိယာမကို ကိစ္စတစ်ခုသို့မဟုတ် အများကြီးမှာဖြစ်စေ၊ အဖွဲ့အစည်း(သို့) ဘက်နှစ်ဘက်သို့မဟုတ် အများကြီးမှာ ဖြစ်စေ သုံးနိုင်တယ်။ ပြန်ပေးဆွဲမှုတွေနဲ့ စကားပြောရတာမျိုးလည်းဖြစ်နိုင်ပါ တယ်။ အခြားတစ်ဖက်က ပိုအတွေ့အကြုံရှိတာ၊ မရှိတာ၊ ပြောရဆိုရခက်တာ၊ မခက်တာနဲ့ မဆိုင်ဘဲ ဒီနည်းစဉ်ကို သုံးနိုင်တယ်။ နည်းလမ်းစုံ ဥဿုံသုံးနိုင်တဲ့ ဗျူဟာဖြစ်တယ်။ အခြားတစ်ဖက်က ဒါကို လေ့လာထားရင်လည်း ပိုခက်မှာ မဟုတ်ဘဲ ပိုလွယ်စေတယ်။ တကယ်လို့ သူတို့အားလုံး ဒီစာအုပ်ကို ဖတ်ဖြစ်ကြ မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။
စာမျက်နှာ | 152 |
---|---|
စာအုပ်အရွယ်အစား | 5.1 x 1.1 x 8 inches |
ပုံနှိပ်မှတ်တမ်း | ကိုနေ(မန်း)စာပေ၊ 2016 (ပ-ကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 29.9.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 5000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ