ဝိညာဉ်သေများ

( 0 မှတ်ချက်)

15000 (ကျပ်)

“ဝိညာဉ်သေများ”သည် ရုရှားပြည်ရှိ ကျေးပိုင်ကျွန်ပိုင်များနှင့် အရာရှိကြီးများ၏ အကျင့်ပျက်ချစားမှု၊ အတုအယောင်များမှုနှင့် လောဘရမ္မက် ငမ်းငမ်းတက်မှုများကို လှောင်ပြောင်သရော်ထားသည့် ကမ္ဘာ့အပြောင်မြောက်ဆုံး Satire ဝတ္ထုကြီးတစ်ပုဒ်ဟု ကမ္ဘာက တညီတညွတ်တည်း လက်ခံထားကြပါသည်။ “ဝိညာဉ်သေများ”သည် ဂိုဂေါလ်၏ အပြောင်မြောက်ဆုံးလက်ရာလည်း ဖြစ်သည်။

ဇာတ်လမ်းက လူထူးလူဆန်း ချိချိကော့ဗ်(Chichikov)အကြောင်း ဖြစ်သည်။ ချိချိကော့ဗ်သည် မြေရှင်များထံမှ ကျေးကျွန်များကို ဝယ်ယူသည်။ အရှင်ဝယ်ယူသည်မဟုတ်ဘဲ သေဆုံးသည့်ကျေးကျွန်များ(ဝိညာဉ်သေများ)ကိုသာ ဝယ်ယူသူဖြစ်သည်။ ချိချိကော့ဗ်သည် အကောက်ခွန်ဌာနအမှုထမ်းဖြစ်ခဲ့ဖူးပြီး မှောင်ခိုနှင့် ပေါင်းသင်းသဖြင့် အလုပ်ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ သူသည် ကျေးသေကျွန်သေများကိုဝယ်ယူပြီး ကျေးကျွန်များကိုအပေါင်ခံသည့် ဂေါပကအဖွဲ့ ၌ အပေါင်ထား၍ ငွေထုတ်ယူရန် ကြံစည်နေသူသာဖြစ်သည်။

ဝိညာဉ်သေများဝတ္ထုကြီးသည် ၁၉ရာစုအစောပိုင်း ရုရှားလူနေမှုစနစ်ကိုလှောင်ပြောင်သရော်ထားသည့် ဝတ္ထုကြီးဖြစ်သည်။ ထိုခေတ်ရုရှားလူမျိုးတို့၏ ဟိတ်ဟန်များမှုများ၊ အပေါ်ယံရွှေမှုန်ကြဲထားသည့် အတုအယောင် ဟန်ဆောင်မှုများ၊ ကြေးရတတ်တို့၏ ဉာဏ်နီဉာဏ်နက်များပုံများကိုပြက်ပြက်ထင်ထင်ဖြစ်အောင် ဖော်ပြထားသည်။ မြေရှင်ကြေးရှင်များ၏ လောဘရမ္မက်သည်းထန်ပုံကို ဖော်ထုတ်ပြသပြီး ထိုခေတ်အခါက မြေရှင်ကြေးရှင်များ၊ အရာရှိကြီးများ၏ အတုအယောင်ဟန်ဆောင်လောကကို ခြယ်မှုန်းဖော်ပြသည်။ ထိုမြေရှင်ကြေးရှင်များ၊ အရာရှိကြီးများ လောဘရမ္မက် ငမ်းငမ်းတက်ကြပုံ၊ သိက္ခာစောင့်စည်းမှုကိုကျော်လွန်ပြီး လာဘ်စားကြပုံနှင့် ဥစ္စာပစ္စည်း ပိုင်ဆိုင်ခြင်းကို အဓိကထားကြပုံကို ထိထိမိမိ သရော်ထားသည်။ အဓိကဇာတ်ဆောင် ချိချိကော့ဗ်ကိုပင် အတုအယောင်သမား၊ ဟန်သမား၊အကြံသမား၊ ပိုင်းလုံး၊ လောဘဇောတိုက်သူ၊ ရုပ်ဝတ္ထုပစ္စည်းကိုသာ အဓိကထားပိုင်ဆိုင်လိုသူ၊ လူလိမ်လူညာအဖြစ် ဝိညာဉ်သေများတွင် ဂိုဂေါလ်က ပုံဖော်ထားသည်ကို ကျွန်တော်တို့တွေ့မြင်ကြရမည် ဖြစ်သည်။

 

(စာဖတ်သူတစ်ဦး၏ ဖတ်ညွှန်းမှ ကောက်နှုတ်ဖော်ပြချက်)

စာမျက်နှာ

700

စာအုပ်အရွယ်အစား

5.1 x 1.2 x 8 inches

ပုံနှိပ်မှတ်တမ်း

ကိုနေ(မန်း)စာပေ၊ 2022 နိုဝင်ဘာလ (ပထမအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဝိညာဉ်သေများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကိုနေ(မန်း) စာအုပ်များ