မြန်မာ့ရေခဲတောင်တွေပေါ်ဝယ်

( 0 မှတ်ချက်)

8000 (ကျပ်)

ရထားလမ်းဆုံး မြစ်ကြီးနားကိုကျော်လွန်ပြီး ပေ ၂၀၀၀၀ နီးပါးမြင့်မားတဲ့ တစ်နှစ်ပတ်လုံး ဆီးနှင်းဖုံးရေခဲတောင်အုပ်စုကြီးတွေ ထိုးထိုးထောင်ထောင်ရှိနေရာဒေသ တစ်နည်းအားဖြင့် အထက်မြန်မာပြည်မြောက်ပိုင်းဟာဆိုရင် ဝေးလံသီခေါင်ပြီး
အလွန်လူသိနည်းသေးတဲ့ ဒေသကြီးပါ။
ဒီနေ့ခေတ် ခေတ်မီသိပ္ပံပညာဆိုင်ရာစွန့်စားရှာဖွေစူးစမ်းသူ တွေအဖို့တော့ ဒါဟာဆိုရင် လူသူမရောက်ဖူးသေးတဲ့လုံးဝနီးပါးစူးစမ်း ရှာဖွေမှုမပြုရသေးတဲ့ဒေသပါ။

ယခုစာအုပ်နှင့်ပက်သက်၍ မြန်မာပြည်မြောက်ပိုင်းက တောင်တန်းဒေသတွေဆီကို အဓိကသွားရောက်လေ့လာ စူးစမ်းရှာဖွေမှုကြီး လေးကြိမ်ပြုလုပ်ခဲ့သူ ကင်းဒန်းဝပ်မှ ဤသို့မှတ်ချက်ပြုထားပါတယ်။

” ကျွန်တော်တို့အနေနဲ့ အဲဒီမြန်မာပြည်မြောက်ပိုင်းရဲ့ ဒေသရင်းအပင်နဲ့ ဒေသရင်းအကောင်တွေအကြောင်းကလည်း ဆက်လက်ဖော်ထုတ်ဖို့ ကျန်ရှိနေသေးတာကြောင့် ကျွန်တော်တို့အတွက်အလွန်သွားရေကျစရာကောင်းလှပါတယ်။ လက်တွေ့သာဓကအားဖြင့် ကျွန်တော်တို့ဟာ မြန်မာပြည်မြောက်ပိုင်းရဲ့ သဘာဝပေါက်ပင်တွေအကြောင်းကို သေချာသိရှိမှုအလွန် နည်းပါးပါသေးတယ်။အထူးသဖြင့် လူသူရောက်ရှိမှု အလွန်နည်းပါးပြီး အခြေခံအချက်အလက်တွေအရသာမကဘဲ ဒါဟာဆိုရင် ကမ္ဘာပေါ်မှာ မဟုတ်တောင် အရှေ့တောင်အာရှရဲ့ဒေသရင်းအပင်နဲ့ ဒေသရင်းအကောင်မျိုးစိတ် အကြွယ်၀ဆုံးဒေသတစ်ခုဖြစ်တယ်ဆိုတာပါ။”
သဘာ၀လောကပညာရှင်များ၊ မြန်မာပြည်မြောက်ဖျားပိုင်းမှ အံ့ဩဖွယ်ရာများကို သိရှိစူးစမ်းလိုသူများအတွက် သုတအရသာတွေ့စေမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

500

စာအုပ်အရွယ်အစား

5.5 × 0.3 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုနေ(မန်း)စာပေ၊ 2021 ဇူလိုင်လ(ပ-ကြိမ်)

23 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မြန်မာ့ရေခဲတောင်တွေပေါ်ဝယ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ကိုနေ(မန်း) စာအုပ်များ