မရဏအိမ်မှတ်တမ်းများ

( 0 မှတ်ချက်)

10000 (ကျပ်)

ရုရှားစာပေသမိုင်းမှာဖြစ်ဖြစ် ကမ္ဘာ့စာပေသမိုင်းမှာဖြစ်ဖြစ် ဒေါ့စတိုယက်စကီးကို ချန်လှပ်ထား၍ မရ။ သူ့ဝတ္ထုရှည်တွေက တော်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး၊ ပါစသာနတ်ခ်၏ ဒေါက်တာဇီဗားဂိုး၊ ရှိုလိုကော့ဗ်၏ တသိမ့်သိမ့်ဒွန်၊ ဂေါ်ဂီ၏ အမေ၊ သူးရ်ဂညက်ဗ်၏ အဖေများနှင့်သားများ စသည်တို့ကဲ့သို့ ဂန္ထဝင်မြောက် ဝတ္ထုကြီးတွေဖြစ်သည်။ ၄င်းတို့အနက် ဖဲသမား၊ ကာရာမာဇော့ညီအစ်ကိုများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်၊ မြေအောက်မှ မှတ်တမ်းများ၊ ဆင်းရဲသား၊ မရဏအိမ်မှတ်တမ်းများစသည့်ဝတ္ထုများသည် ကမ္ဘာ့စာပေနယ်တွင် အထူးထင်ရှားသည်။
မရဏအိမ်မှတ်တမ်းများစာအုပ်သည် ဒေါ့စတိုယက်စကီး၏ ဘဝမှတ်တမ်းတစ်စိတ်တစ်ပိုင်းဟုယူဆ၍ ရသော်လည်း ဆိုက်ဘေးရီးယားအကျဉ်းစခန်းတွင် သူနှင့်အတူ ပြစ်ဒဏ်ကျခံခဲ့ရသည့် အကျဉ်းစံတို့၏ဘဝများကို ဖော်ကျူးသည့် မှတ်တမ်းဝတ္ထုရှည်ကြီးဖြစ်သည်။ ဒေါ့စတိုယက်စကီးကိုယ်တိုင် ယင်းအကျဉ်းစခန်းတွင် လေးနှစ်ခန့် အကျဉ်းစံဘဝဖြင့်နေခဲ့ရသည်။ ထိုအကျဉ်းစံနှစ်ကာလများကို အရှင်လတ်လတ်အခေါင်းသွင်းပြီး မြေမြှုပ်ခံခဲ့ရသည့် မရဏကာလများဟု ဒေါစတိုယက်စကီးကိုယ်တိုင် နောင်တွင်ပြောခဲ့သည်။ ဝတ္ထုထဲတွင် ဇာတ်ကြောင်းပြောပြသူ အကျဉ်းသား အလက်ဇန်ဒါပီသရိုဗိချ်သည် ဇနီးသည်ကို သတ်သည့်အမှုဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၁၀)နှစ်ကျနေသူဖြစ်သည်။ ဒေါ့စတိုယက်စကီးကမူ နိုင်ငံရေးကြောင့် အကျဉ်းလေးနှစ်ကျခဲ့သည်။ အရှင်လတ်လတ် မြေမြှုပ်ခံသည့်မရဏကာလများဟု သူကိုယ်တိုင်သတ်မှတ်ယူဆခဲ့သော်လည်း ထိုလေးနှစ်တာကာလအတွေ့အကြုံ့များအား အမှတ်တရစွဲထင်ချက်များ ရှိခဲ့ပြီး ထိုစွဲထင်ချက်အမှတ်တရများအပေါ် နက်ရှိုင်းစွာ အခြေပြုခံစားပြီး လေးလေးနက်နက် ထူးထူးခြားခြား စူးစူးရှရှ တွေးမြင်နိုင်ခဲ့သည့် အခွင့်အလမ်းကို သူရရှိခဲ့သည်။ ထိုအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး အလက်ဇန်ဒါပီသရိုဗိချ်နှင့် ဘဝတူအကျဉ်းသားများကို ဖန်တီးကာ ဂန္ထဝင်မြောက်သော မရဏအိမ်မှတ်တမ်းများဝတ္ထုရှည်ကြီးကို ရေးသားခဲ့ခြင်းဖြစ်ရာ ဇာတ်ဆောင်များ၊ အကြောင်းခြင်းရာ အဖြစ်သနစ်များ၊ ခံစားမှုများ၊ အတွေးအခေါ်အယူအဆများသည် (လူ့စိတ်ကူးဖြင့်ဖန်တီးပုံဖော်၍ ဘယ်လိုမှ မဖြစ်နိုင်သည့်) သဘာဝ၏ အစီအမံအတိုင်း ဆန်းချင်တိုင်း ဆန်းကြယ်နေသည်။ ဒါကြောင့်လည်း ကမ္ဘာ့စာပေနယ်တွင် အလွန်တရာ ကျော်ကြားလှသည့် ကာရာမာဇော့ညီအစ်ကိုများနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်တို့ကို ကျော်လွန်ပြီး (ဒေါ့စတိုယက်စကီး၏ အပြောင်မြောက်ဆုံး လက်ရာများအနက်) ဤမရဏအိမ်မှတ်တမ်းများကို အနှစ်ခြိုက်ဆုံးဟု လီယိုတော်စတွိုင်းက ဆိုခဲ့ခြင်းဖြစ်မည်။

စာမျက်နှာ

603

စာအုပ်အရွယ်အစား

5.5 x 1.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုနေ(မန်း)စာပေ 2021 (ပ-ကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မရဏအိမ်မှတ်တမ်းများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကိုနေ(မန်း) စာအုပ်များ