မက်ဒေါ်နယ်ရဲ့အောင်မြင်ရေး အတွင်းရေးဇာတ်လမ်း
8000 (ကျပ်)
သင့်အနေနဲ့ ဒီစာအုပ် ကို မဖတ်ရသေးခင် မက်ဒေါနယ်ရေးခရော့ဟောပြောတာကို နားထောင်ထားဖို့ မလိုအပ်ပါဘူး။ ဒီစာအုပ် ဟာ သူ့ရဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိအတွက် သူကိုယ်တိုင်ရွေးချယ်ခဲ့တာပါ။ သူဟာ မက်ဒေါ်နယ်ရဲ့ အထင်ရှားဆုံးထုတ်ကုန်တစ်ခုကို ကိုးကားပြီး တော့ ဒီခေါင်းစဉ်ကိုပေးခဲ့တာဖြစ်ပါတယ်။ ဒီခေါင်းစဉ်ဟာ မစ္စတာ ခရော့ရဲ့ နှစ် ၃၀ ကျော်ကြာ အလုပ်သင်ကာလကိုလည်း ရည်ညွှန်းပါ တယ်။ သူဟာ စက္ကူဘူးခွက် အရောင်းသမားဘဝကနေ အရောင်းမန် နေဂျာ၊ အဲဒီနောက်မှာတော့ သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းကလေး။အဲဒီဘဝကို ဖြတ်သန်းခဲ့တဲ့ နှစ် ၃၀ ကြာအတွေ့အကြုံတွေကို အခြေခံပါတယ်။ သူ ဟာ သူ့ဘဝမှာ ၁၉၅၄ ခုနှစ်အထိ မဟာအခွင့်အလမ်းဟာ ရောက်ရှိလာ ခြင်းမရှိသေးပါဘူး။ အဲဒီ ၁၉၅၄ သို့မဟုတ် သူ့ရဲ့အသက် ၅၂ နှစ်ဆို တာဟာ တချို့သော ကုမ္ပဏီအမှုဆောင်တွေအတွက်ဆိုရင် အေးအေး လူလူပင်စင်ယူ အငြိမ်းစားယူဖို့အတွက် စဉ်းစားချိန်ဆတွေးတောချိန် အလွန်နှောင်းနေချိန်ဖြစ်ပါတယ်။ ကြိတ်သာကြိတ်ဆိုတဲ့ စာဖတ်သူကို ရင်သပ်ရှုမောဖွယ်အတွေ့အကြုံတွေ သင့်တင့်လျောက်ပတ်စွာ သတိပေး နေမှာဖြစ်ပါတယ်။ အထူးသတိပေးမှာကတော့ မက်ဒေါ်နယ်ရဲ့ လက် ရှိအမြန်ရအစားအစာ ဝန်ဆောင်မှုနဲ့ ဖရန်ချိုက်လို့ခေါ်တဲ့ လုပ်ငန်းလုပ် ကိုင်ခွင့်ရောင်းစားတဲ့ လုပ်ငန်းကမ္ဘာမှာ ထိပ်ဆုံးရောက်နေတဲ့ မက်ဒေါ် နယ်လ်ရဲ့ ဒီလိုဖြစ်လာဖို့ လိုအပ်တဲ့ အချိန်၊ စွမ်းအင်နဲ့ အရင်းအနှီးတွေ ကို ဘယ်လိုရင်းနှီးမြှုပ်နှံမလဲဆိုတဲ့ ရင်သပ်ရှုမောဖွယ်အတွေ့အကြုံတွေ ကို ပေးမှာပါ။
၁၉၇၆ ခုနှစ်ဟာဆိုရင် မက်ဒေါ်နယ်ကော်ပိုရေးရှင်းရဲ့ပထမ ဆုံးအကြိမ် စုစုပေါင်းဝင်ငွေ ၁ ဘီလျံဒေါ်လာမှတ်တိုင်ကို ရောက်ရှိတဲ့ ထူးခြားတဲ့နှစ်ဖြစ်ပါတယ်။ သာမန်စီးပွားရေးကျောင်းသားတစ်ယောက် အနေနဲ့တော့ ဒီလို ဒေါ်လာ ၁ ဘီလျံမှတ်တိုင်ကို ဘယ်လိုမှ ထူးထူးကဲကဲ သဘောပေါက်မှာ မဟုတ်ပါဘူး။ ဒါကတော့ ဒီမက်ဒေါ်နယ်ကုမ္ပဏီကြီးရဲ့ ၂၂ နှစ်တာသမိုင်းအတွင်းမှာ ပထမဆုံး အဲဒီမှတ်တိုင်ကို ရောက်ရှိ ခြင်းပါ။ အဲဒီလို ရောက်ရှိပြီးမြောက်အောင်မြင်မှုဆိုတာကလည်း အချို့ သောရှုထောင့်တွေကကြည့်ရင် အလွန်သိသာပါတယ်။ စာဖတ်သူအနေနဲ့ သတိချပ်ဖို့ကတော့ အလွန်နာမည်ကြီးတဲ့ ကုမ္ပဏီကြီးပွားတိုးတက်မှုမှာ စံပြုရလောက်တဲ့ IBM ဆိုတဲ့ နည်းပညာကုမ္ပဏီကြီးဟာ သူ့ရဲ့ကုမ္ပဏီ သမိုင်း ၄၆ နှစ်တိုင်ကြာတဲ့တိုင်အောင် ဝင်ငွေဒေါ်လာ ၁ ဘီလျံမှတ်တိုင် ကို မရောက်ရှိခဲ့သေးပါဘူး။ ၁၉၅၇ အထိမရောက်ရှိခဲ့သေးပါဘူး။ ပြီး တော့ Zerox လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ပရင်တာလုပ်ငန်းထိပ်သီးကုမ္ပဏီ ကြီးဟာဆိုရင်လည်း သူ့ရဲ့ကြီးထွားတိုးတက်မှုမှာအလွန်ကျော်ကြားပေ မယ့် သူဟာ တစ်နှစ်တာဝင်ငွေ ဒေါ်လာ ၁ ဘီလျံရရှိဖို့ ၆၃ နှစ်ကြာ စောင့်ခဲ့ရတယ်။ ၁၉၆၉ ခုနှစ်အထိ ကြာခဲ့ပါတယ်။ ပိုလာရိုက်ကုမ္ပဏီဟာ ဆိုရင်လည်း အဲဒီလုပ်ငန်းဟာ ၁၉၃၇ မှာ စတင်ခဲ့တာ ဖြစ်ပေမယ့် အခုထိ ဒေါ်လာ ၁ ဘီလျံ နှစ်ပတ်လည်အရောင်းစာရင်းကို မတက်လှမ်း နိုင်သေးပါဘူး။ ၁၉၀၆ ခုနှစ်မှာ တည်ထောင်ခဲ့သူ Zerox ကော်ပိုရေးရှင်း ဟာ ဈေးနှုန်းနဲ့ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တဲ့တိုင်အောင်သူရဲ့ အ ရောင်းသို့မဟုတ် စုစုပေါင်းဝင်ငွေဟာဆိုရင် မကြုံစဖူးကြီးထွားမှုသမိုင်း ရှိတဲ့ မက်ဒေါ်နယ်နဲ့ နှိုင်းယှဉ်လိုက်ရင် အစိတ်အပိုင်း အချိုးအစား တစ်ရပ်မျှသာ ရှိခဲ့ပါသေးတယ်။
မက်ဒေါ်နယ်ရဲ့ စီးပွားရေးလုပ်ငန်းသမိုင်းမှာ အလွန်စွဲမက် ဖွယ် ဆွဲဆောင်နိုင်ဖို့ရှိတဲ့တိုင်အောင် ဒါဟာ Grind it Out စာအုပ်ရဲ့ ရှုထောင့်တစ်ကွက်သာရှိပါသေးတယ်။ မက်ဒေါ်နယ်လ်နဲ့ ရေးခရော့က ဦးဆောင် ဖော်ဆောင်လမ်းပြခဲ့တဲ့ အလေ့အထတွေဟာ အမြန်ရအစား အစာလုပ်ငန်းကမ္ဘာကြီးကို တော်လှန်ပြောင်းလဲပေးခဲ့ပါတယ်။ ကမ္ဘာတစ် လွှား လူတွေရဲ့စားသောက်ပုံအလေ့အထကို ပြောင်းလဲပေးခဲ့တယ်။ စား သုံးသူဖောက်သည်တွေရဲ့မျှော်မှန်းချက်ကို မြှင့်တင်ပေးခဲ့တယ်။ အခုဆို ရင် လူတွေအားလုံးဟာ ဝန်ဆောင်မှုနှေးကွေးတာ၊ ဈေးနှုန်းကြီးမားလွန်း တာ ပြီးတော့ ရွှတ်ပက်ပက် အကြော်လက်ရာ ဗရမ်းဗတာတွေအပေါ်ကို သည်းခံနိုင်စွမ်းမရှိတော့ပါဘူး။ ဒါ့အပြင် စားသောက်နေရာရဲ့ သန့်ရှင်း ရေးညံ့ဖျင်းတာကိုလည်း သည်းမခံနိုင်တော့ပါဘူး။
မက်ဒေါနယ်ရေးခရော့ရဲ့စာအုပ်ဟာအလွန်စွဲမက်ဖွယ်ရာ ကောင်းရုံမျှသာမကဒါဟာဆိုရင်စီးပွားရေးမဟာပညာ ယေဘုယျ ကျောင်းသားများအတွက်နောက်ထပ်ဘာသာရပ်ဆိုင်ရာ ကျမ်းတစ် စောင်သဖွယ် စာအုပ်စာပေကောင်းလည်း ဖြစ်ပါတယ်။ဒီ စာအုပ်ဟာ ဆိုရင် ဆန္ဒပြင်းပြင်းပြပြနဲ့ ရည်မှန်း ချက်ကြီးကြီး မားမားထားတဲ့သူတွေ အတွက် အဖိုးမဖြတ်နိုင်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။အထူး သဖြင့် သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းကို သူတို့ရဲ့ဆယ်ကျော်သက်နှောင်းပိုင်း မှသည် ၅၀ ကျော်အ စောပိုင်း အရွယ်အထိ သို့မဟုတ် အဲဒီအကြား ဘယ် အရွယ်တွေမှာပဲဖြစ်ဖြစ် စွန့်ဦးတီထွင်လုပ်ငန်းရှင်အြဖစ်ဆန္ဒပြင်းပြင်းပြပြနဲ့ ရမက်ကြီးကြီး မားမားထားတဲ့သူတွေအတွက် ကွက်တိစာအုပ်ပါလို့ ပြောချင်ပါတယ်။
စာမျက်နှာ | 350 |
---|---|
စာအုပ်အရွယ်အစား | 5.2 × 0.6 × 8.3 inches |
ပုံနှိပ်မှတ်တမ်း | ကိုနေမန်းစာပေ၊ 2021 ဖေဖော်ဝါရီလ |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ