


အာဖဂန်နစ္စတန်သမိုင်း
15000 (ကျပ်)
အာဖဂန် သို့မဟုတ် စစ်သွေးကြွနိုင်ငံတော်
အာဖဂန်နိုင်ငံသည် သမိုင်းကြောင်း ကောင်းခဲ့သော နိုင်ငံဖြစ်သည်။ အိမ်နီးချင်းအိန္ဒိယကို မဂိုဧကရာဇ်များ ခေတ်ကာလ ကုန်ဆုံးကာနီးအချိန်တွင် အာဖဂန်ကလွှမ်းမိုးနိုင်ခဲ့သည်။ ပန်ဂျပ်နှင့် ပရှ်ဝါသည် အာဖဂန်လက်အောက်ခံဖြစ်ခဲ့သည်။ (၁၉) ရာစုတွင် ဗြိတိသျှ-အိန္ဒိယ၏လက်အောက်ကိုကျရာက်ခဲ့သည်။ အာဖဂန်မှ ဆက်ဒိုဇိုင်းမင်းဆက်သည် ပါးရှားမှ ဆဖာဗစ်ရှီယာ မင်းဆက်နှင့် သင့်မြတ်စွာနေထိုင်ခဲ့သည်။
အလယ်ခေတ်တွင် ကန်ဒါဟာသည် ပါးရှားတို့၏ ဩဇာလွှမ်းမိုးသောဒေသဖြစ်သည်။ အဗ္ဗဒါလီမျိုးနွယ်စုမှ “အာမက်ရှား ဒူရာနီ” လက်ထက်တွင် လွန်စွာ အင်အားကြီးသောနိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့သည်။ နဒီယာရှားသည်လည်း ထင်ရှားသော အာဖဂန်ဘုရင်ကြီးအဖြစ် ရပ်တည်နိုင်ခဲ့သည်။
(၁၉) ရာစုတွင် အဂ်လိပ်- အာဖဂန်စစ်ပွဲများ၌ အာဖဂန်တို့၏ စစ်သွေးကြွစိတ်ဓာတ်ကို အင်္ဂလိပ်တို့သိရှိခဲ့ကြသည်။ စစ်ကိုနိုင်အောင်တိုက်၍ရမည်ဖြစ်သော်လည်း အုပ်ချုပ်ရန် လွန်စွာခက်ခဲသည်။ ထိန်းချုပ်ရန်အတွက် လွန်စွာခက်ခဲသော လူမျိုးများဖြစ်ကြောင်း သိခဲ့ရသည်။ ဆိုဗီယက်တို့လည်း ဆယ်စုနှစ်နှစ်ခုမျှ အုပ်ချုပ်ရန် ထိန်းချုပ်ရန်ကြိုးစားခဲ့သေးသည်။ လွန်စွာစိတ်ဓာတ်ခက်ထန်သော စစ်သွေးကြွများဖြစ်သည့်အပြင် စစ်အေးကာလဖြစ်သောကြောင့် ဆိုဗီယက်၏ရန်သူ အမေရိကန်အစိုးရနှင့် နေတိုးအစိုးရများက ခေတ်မီလက်နက်နှင့် ငွေကြေးများ ထောက်ပံ့ခဲ့ရာ၊ မူဂျာဟီဒင်တို့သည် ဆိုဗီယက်တို့၏ ခေတ်မီဂျက်တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များကို ပစ်ချဖျက်ဆီးခဲ့ကြသည်။
ဆိုဗီယက်ခေါင်းဆောင် “ဘရက်ဇညက်” သည် လွန်စွာခေါင်းမာသောကြောင့် အနိုင်ရဖို့မဖြစ်နိုင်သော စစ်ပွဲကို ဆက်လက်ဆင်နွဲခဲ့သည်။ ဆိုဗီယက်ခေါင်းဆောင် “ဂေါဘာချော့” လက်ထက်ရောက်မှ အာဖဂန်စစ်ပွဲနွံထဲမှ ရုန်းထွက်ခဲ့သည်။
ကမ္ဘာကြီးအလယ်မှာတော့ အာဖဂန်ဟာ အသွေး အသားထဲက ကိုယ်၌ အစွန်းရောက် ဘာသာရေးအစွဲအလန်းတွေနဲ့ ဖွဲ့တည်ထားပြီး ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ ဝါဒတွေ စနစ်တွေ ဘာတစ်မှ လက်ခံနိုင်စွမ်းမရှိတဲ့ အင်အားစုတွေ ကြီးစိုးနေတဲ့ နိုင်ငံတစ်ခုပါ။ အဲ့ဒီအသိုက်အဝန်းထဲ အရိုးစွဲနေတဲ့ အရှိတရားဟာ အစ္စလာမ်။ ရှဒီယတ်နဲ့ ဂျီဟာဒ်ပါပဲ။ ဒါကြောင့် အာဖဂ္ဂန်ဟာ သမိုင်းရှေ့တက်မရဘဲ အာဖဂန်မြေဟာ အစ္စလာမ်အစွန်းရောက်တွေရဲ့ အောင်မြေဖြစ်နေပြီး ဘယ်တော့မှ စစ်မီးမငြိမ်းနိုင်တဲ့ ကျိမ်စာမိနယ်မြေဖြစ်ခဲ့ရပါတယ်။
ယခု တာလီဘန် တစ်ခေတ်မှာလည်း ယခင်လိုအကြမ်းဖက် အုပ်စုတွေရဲ အောင်မြေနဲ့ စစ်ပွဲသံသရာထဲ ပြန်ရောက်သွားမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်သလို လက်ငင်းကတော့ အာဖဂန်လူထုရဲ့ အခွင်အရေးမှန်သမျှ နိဂုံးချုပ်မှာတော့ သေချာသွားပါပြီ။ အာဖဂန်လူထုဟာ အကြောက်တရားတွေအောက် အနာဂတ်တွေ ပျောက်နေဆဲ…… ။
အခုစာအုပ်ကတော့ အာဖဂန်နိုင်ငံရဲ့ ၁၂၆၀ ခုနှစ်မှ ဒီကနေ့အထိ သမိုင်းကို ခိုင်လုံပြည့်စုံစွာ ပြုစုထားတဲ့ စာအုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 546 |
|---|---|
| စာအုပ်အရွယ်အစား | 7.4 x 0.8 x 10.5 inches |
| ပုံနှိပ်မှတ်တမ်း | ယဉ်မျိုးစာပေ၊ 2022 ဂျူလိုင်လ |
Out of stock
ကိုကိုလေး စာအုပ်များ
-
ကိုကိုလေးဂျူးသမိုင်း
6000 (ကျပ်)Rated 1.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ကိုကိုလေးအစ္စရေးသမိုင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးခေတ်သစ်လက်ဝဲဝါဒ မူလအစ
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးပါလက်စတိုင်း (နှစ်ပေါင်းလေးထောင်သမိုင်း)
13000 (ကျပ်)Rated 1.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ကိုကိုလေးစင်္ကာပူသမိုင်း
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးဂျဝါဟာလ္လာနေရူး အိန္ဒိယကိုထူထောင်ခြင်း
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးဗမာ့ဆိုရှယ်လစ်ဝါဒ ကျဆုံးခန်း
4500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအဆိုးယုတ်ဆုံးအာဏာရှင် ၁၀၀
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအာရပ်သမိုင်း
20000 (ကျပ်)Rated 4.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
ကိုကိုလေးဘင်္ဂလားဒေ့(ရှ်)သမိုင်း
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးသုံးပွင့်ဆိုင်လုပ်ကြံမှုကြီး
1800 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအင်ဒိုနီးရှားသမိုင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးဟားမက်စ်အတွင်းရေး
18000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးတူရကီသမိုင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးတမန်တော်မြတ်မိုဟာမတ်
18000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးပါကစ္စတန်သမိုင်း
18000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးယူကရိန်းသမိုင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအမေရိကန်သမိုင်း
40000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအီရန်သမိုင်း
25000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးရုရှားသမိုင်း
25000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ