အတွေ့လေးရယ်မှ အို…အကြုံ

( 0 မှတ်ချက်)

11000 (ကျပ်)

“အတွေ့လေးရယ်မှ အို … အကြုံ” ဆိုတဲ့ ဝတ္ထုဟာ ဆရာ မင်းလူက သူကိုယ်တိုင် ရေးသားခဲ့တဲ့ ရုပ်ရှင်ဇာတ်ညွှန်းတစ်ခုကို အခြေခံပြီး ဝတ္ထုအသွင် ပြန်လည်ဖန်တီးထားတဲ့ လက်ရာတစ်ခု ဖြစ်ပါတယ်။

ဒီဇာတ်လမ်းရဲ့ အစဟာ စာရေးဆရာကြီး ဦးသာဓု ၁၉၅၅ ခုနှစ်က ရေးသားခဲ့တဲ့ “အတွေ့အကြုံ” ဆိုတဲ့ ဝတ္ထုတိုလေးကနေ မြစ်ဖျားခံခဲ့တာပါ။ဦးသာဓုက ဆာဘရီနာ ဆိုတဲ့  နိုင်ငံခြားရုပ်ရှင်ကို မှီပြီး “အတွေ့အကြုံ” ဝတ္ထုတိုအဖြစ် ၁၉၅၅ခုနှစ်မှာ ရေးသားခဲ့တယ်။ ဒီဝတ္ထုကို ဦးသာဓု ကိုယ်တိုင် “အဖြေ” အမည်နဲ့ ၁၉၆၆ ခုနှစ်မှာ ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တယ်။

နောက်ပိုင်း ဒါရိုက်တာ မောင်ဝဏ္ဏက ဒီဇာတ်လမ်းကို ပြန်လည်ရိုက်ကူးဖို့ စီစဉ်တဲ့အခါ မင်းလူက ခေတ်နဲ့အညီ ဇာတ်ညွှန်းအသစ် ပြန်လည်ရေးသားခဲ့ရာကနေ အခု “အတွေ့လေးရယ်မှ အို … အကြုံ” ဆိုတဲ့ ဝတ္ထုသီးသန့် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဇာတ်လမ်းဟာ ရွှေတောင်မြို့ကနေ ရန်ကုန်မြို့ကို ပညာသင်ဖို့ ရောက်လာတဲ့ အစော ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အပြောင်းအလဲကနေ စတင်ထားပါတယ်။

အစောဟာ ရွှေတောင်က ရက်ကန်းရုံမှာ သစ္စာရှိရှိ လုပ်ကိုင်ပေးခဲ့တဲ့ ဦးသက်နှံရဲ့ သမီးဖြစ်ပြီး မိဘနှစ်ပါးလုံး မရှိတော့တဲ့နောက် ပညာဆက်သင်နိုင်ဖို့ ရန်ကုန်က ဘဘကြီး ဦးထင်တို့အိမ်ကို ရောက်လာသူပါ။

မောင်မောင်ဦး နှင့် မောင်မောင်ထူးတို့ကတော့ အိမ်ရှင် ဦးထင်နှင့် ဒေါ်သွယ်တို့ရဲ့ သားနှစ်ယောက်။ တည်ငြိမ်တဲ့ အစ်ကိုကြီးနဲ့ စနောက်တတ်တဲ့ ညီငယ်တို့ကြားထဲမှာ အစောတစ်ယောက် ဘယ်လို ဘဝအတွေ့အကြုံသစ်တွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ရေးဖွဲ့ထားပါတယ်။

ဆရာမင်းလူရဲ့ ပြောင်မြောက်လှတဲ့ လူမှုပတ်ဝန်းကျင် အကဲခတ်မှုတွေကို ဟာသနှောပြီး ဖတ်ရှုရမှာဖြစ်ပါတယ်။

မူလဝတ္ထုနဲ့ ရုပ်ရှင်ဟောင်းတို့ထက် တစ်မူကွဲပြားအောင် ဆရာမင်းလူက သူ့ရဲ့ ကိုယ်ပိုင်အားထုတ်မှုနဲ့ အသစ်ပြန်လည် အသက်သွင်းထားတဲ့ လက်ရာဖြစ်လို့ စာဖတ်သူကို အသစ်အဆန်း ခံစားချက် ပေးစွမ်းနိုင်မှာပါ။

စာမျက်နှာ

180 (Woodfree Paper)

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2026 ဧပြီလ (စတုတ္ထအကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အတွေ့လေးရယ်မှ အို…အကြုံ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မင်းလူ စာအုပ်များ