
ထာဝရဘုရားသမိုင်း
15000 (ကျပ်)
ဂျုးတို့ရဲ့ ယေဟောဝါဘုရားဟာ ပရောဖက်မောရှေကို ဆိုင်းနိုင်းတောင်ပေါ်မှာ ပညတ်တော်ဆယ်ပါးနဲ့ လမ်းညွှန်ခဲ့ပြီး မီးတောက်မီလျှံတွေနဲ့ ပုံထင်ပြသခဲ့ပါတယ်။ ဂျူးသာသနာဟာ တစ်ဆူတည်းသော ဘုရားကိုကွယ်မှုပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ ယေဟောဝါဘုရားဟာ ဂျုးတို့ရဲ့ မျိုးနွယ်စု ကိုယ်ပိုင် ဘုရားလို့ ဆိုရမှာပါ။ ဘုရားသခင်ကလည်း ဂျူးတွေကို သူရွေးနုတ်ရာ မျိုးနွယ်အဖြစ်သတ်မှတ်ပြီး နို့နဲ့ ပျားရည်စီးရာ ဒေသဆီ ညွှန်ပြရင်း ရန်သူတွေ လက်က လွတ်အောင် ပင်လယ်ကိုတောင် နှစ်ခြမ်းခွဲ ပို့ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီဘုရားသခင်ရဲ့ သားတော် ယေရူခရစ် ပွင့်လာချိန်မှာတော့ ထာဝရဘုရားဟာ မျိုးနွယ်စုဘုရားအနေအထားကနေ ပိုမို ကျယ်ပြန့်လာပြီး ပြစ်ဒဏ်စီရင် လက်စားချေတဲ့ ဘုရားအဖြစ်ကနေ ကရုဏာဘုရားအဖြစ် ရောက်ရှိလာပေမဲ့ ခရစ်တော်ကို ဂျူးတွေကပဲ သတ်ဖြတ်ဖို့ လှုံဆော်ပြီး ရောမတွေက ကားစင်တင် သတ်ခဲ့ပါတယ်။ ဒါပေမဲ ရောမတွေကပဲ ခရစ်တော်ကို ဘုရားသားတော်အဖြစ် ပုံဖော်ရင်း ခရစ်ယာန်သာသနာအဖြစ် သယ်ဆောင်ကြပြန်ပါတယ်။နောက်ဆုံးပရောဖက် တမန်တော် မိုဟာမက် ပွင့်ပေါ်လာချိန်မှာတော့ တစ်ဆူတည်းသော ဖန်ဆင်းရှင်ဝါဒဟာ လူသားအားလုံးအပေါ် လွှမ်းမိုးဖို့ ကြိုးစားခဲ့ပါတယ်။ တမန်တော် မိုဟာမက်ကလည်း ဒီအတွက် အာရပ်တွေနဲ့ ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရပါတယ်။ တကယ်တော့ တစ်ဆူတည်းသော မောရှေရဲ့ဘုရား။ အာဗြဟံရဲ့ဘုရား။ ယေရူရဲ့ဘုရားဟာ အာရပ်တွေထံမှာ ရှိနှင့်ပြီးသားပါ။ ဒါပေမဲ့ အာရပ်တွေဟာ တစ်ဆူတည်းသောဘုရားကို ဘုရားအများနဲ့ ရောနှောကိုးကွယ်မှုကို တမန်တော် မိုဟာမက်က တိုက်ခိုက်ပြီး တစ်ဆူတည်းသော အလ္လာဟ်သျှင်မြတ် ကိုးကွယ်မှု ထူထောင်ရတာပါ။အလယ်ခေတ်ရောက်လာချိန်မှာတော့ တမန်တော်မိုဟာမက်ထူထောင်လိုက်တဲ့ အာရပ်ဟာ ရွှေခေတ်ဖြစ်လာပြီး ခရစ်ယာန်ကျောင်းတော် လွှမ်းမိုးထားတဲ့ ဥရောပကတော့ အမှောင်ခေတ်ထဲ ကျရောက်သွားပါတယ်။ အာရပ်ရွှေခေတ်ကို မွန်ဂိုတာတာတွေက ဖျက်ဆီးကြပြန်ပြီး ၁၆ ရာစု ရီနေဆန်းနဲ့ ဥာဏ်လင်းသစ်အရေး တော်ပုံတွေနဲ့အတူ ကျောင်းတော်ဝါဒလည်း ပြိုကျလာပါတယ်။ ထို့အတူ ဘုရားသခင်အယူအဆဟာလည်း မေးခွန်းများစွာနဲ့ ရင်ဆိုင်လာ ရပါတော့တယ်။ယခုစာအုပ်မှာ စာရေးသူဟာ ထာဝရဘုရားသမိုင်းကိုအခန်း (၁၁) ခန်းနဲ့ ပုံဖော်ရေးသားပါတယ်။ အဲ့ဒီမှာ တစ်ဆူတည်းသောဘုရား။ သုံးပါးတစ်ဆူ ခရစ်ယာန်ဘုရား။ စည်းလုံးညီညွတ်မှု အစ္စလာမ်ဘုရားဒဿနပညာရှင်တို့၏ ဘုရား။ ပြုပြင်ရေးဝါဒီတို့၏ ဘုရား။ ဘုရားသခင်သေဆုံးပြီလော…… စသဖြင့် သမိုင်းစဥ်တလျှောက် ဘုရားသခင်ဝါဒရဲ့ ပြောင်းလဲမှုတွေကို ရေးသားထားပြီး နောက်ဆုံး အခန်းကတော့ ဘုရား သခင်မှာ အနာဂတ် ရှိသလားဆိုတာကို တင်ပြထားပါတယ်။ စာရေးသူရဲ့ ပုံဖော်မှုဟာ တစ်ဆူတည်းသော ဘုရား သခင်ဝါဒ ဖြစ်ပွားတိုးတက်မှုနဲ့ လူသားတို့ရဲ့ သမိုင်းစဉ်မြင့်တက်လာမှုတို့ တွန်းတိုက်မိလာတဲ့ ဖြစ်စဥ်တွေကို အသေးစိတ် ဖော်ပြထားပေမဲ့ လူသားဟာ ဘယ် လောက်ပဲ သိပ္ပံတွေရှိချက်မျိုးစုံ ဒဿနပေါင်းစုံနဲ့ ဘုရားသခင်ကို မေးခွန်းထုတ်ကြပေမဲ့ အဲ့ဒီမေးခွန်းတွေကိုယ်၌က ဘုရား သခင်ကို ရှာဖွေနေတာဖြစ်ပြီး လူသားသဘာဝကိုယ်၌ လည်း နောက်ထပ် နှစ်ထောင်ပေါင်းများစွာ ဘုရားသခင်ကို ရှာဖွေနေကြအုံးမှာ မလွဲပါဘူး။
| စာမျက်နှာ | 382 |
|---|---|
| စာအုပ်အရွယ်အစား | 7.4 x 0.8 x 10.5 inches |
| ပုံနှိပ်မှတ်တမ်း | ယဉ်မျိုးစာပေ၊ 2022 ဒီဇင်ဘာလ (ပထမအကြိမ်) |
Out of stock
ကိုကိုလေး စာအုပ်များ
-
ကိုကိုလေးဂျူးသမိုင်း
6000 (ကျပ်)Rated 1.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ကိုကိုလေးအစ္စရေးသမိုင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးခေတ်သစ်လက်ဝဲဝါဒ မူလအစ
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးပါလက်စတိုင်း (နှစ်ပေါင်းလေးထောင်သမိုင်း)
13000 (ကျပ်)Rated 1.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ကိုကိုလေးစင်္ကာပူသမိုင်း
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးဂျဝါဟာလ္လာနေရူး အိန္ဒိယကိုထူထောင်ခြင်း
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးဗမာ့ဆိုရှယ်လစ်ဝါဒ ကျဆုံးခန်း
4500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအဆိုးယုတ်ဆုံးအာဏာရှင် ၁၀၀
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအာရပ်သမိုင်း
20000 (ကျပ်)Rated 4.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
ကိုကိုလေးဘင်္ဂလားဒေ့(ရှ်)သမိုင်း
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးသုံးပွင့်ဆိုင်လုပ်ကြံမှုကြီး
1800 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအင်ဒိုနီးရှားသမိုင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးဟားမက်စ်အတွင်းရေး
18000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးတူရကီသမိုင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးတမန်တော်မြတ်မိုဟာမတ်
18000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးပါကစ္စတန်သမိုင်း
18000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးယူကရိန်းသမိုင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအမေရိကန်သမိုင်း
40000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးအီရန်သမိုင်း
25000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကိုကိုလေးရုရှားသမိုင်း
25000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ